ရှိသေးတော့  ခြင်္သေ့ ကို အတောင်ပံ တတ်ပေးထားသလိုပဲ ကားဆွဲတာကနဲနဲ မြို့ လျှောက်ပတ်နေတာကများများ။ ကဲခဲ့ တာကြာလာတော့  ဆက်ကဲရမှာ ပျင်းလာတာရယ် နောက်ထူးခြား
အဖြစ်က ကိုယ့် ဟာကိုယ် ချိန်းနေပြီဆိုတာ ကိုယ့် ဟာကိုယ် ပြန်မရိပ်မိပဲ စိတ်ဝင်စားမှု့နယ်ပယ် တစ်စတစ်စ ပြောင်းလဲနေပြီဖြစ်တာမျိုးပဲ၊ ပြောင်းသာ ပြောင်းလဲနေတာ ကိုယ်တိုင် လမ်းကြောင်းသစ်မှာ
စလျှောက်တော့ မယ်လို့  ဆုံးဖြတ်ပြီးချိန်းပစ်လိုက်ချိန် (၀ါ) ပိုက်ဆံကို တကယ်ရှာတော့ မယ် (၀ါ) စီးပွားစတိုင်စလုပ်တော့ မယ်လို့  စွန့် စားလိုက်ချိန်မှာ အသက်က ၃၁ ထဲရောက်နေပြီ ၊ အဲ့  ၃၁ ထဲအထိ
မရောက်ခင် ဖြတ်သန်းခဲ့ သမျှ အသက်ပိုင်းတွေမှာ အလုပ်ကိုအလုပ်စစ်စစ်နဲ့  တူအာင်မလုပ်ခဲ့ ဘူးသလို ပိုက်ဆံကို ပိုက်ဆံနဲ့ တူအောင် ရှာကို မရှာခဲ့ ဘူးသေးဘူး။ အသုံးသမားဘ၀မှာသာ အများဆုံးနေခဲ့ တာမျိုးပဲ၊
အဲ့ ပိုက်ဆံကိစ္စကလဲထူးဆန်းတယ် အသက် ၃၁ မှာ စီးပွားသဘော စတင်ခဲ့ ပြီလို့ သာဆိုတာ ပိုက်ဆံရမှဖြစ်မယ်ဆိုတဲ့  အခြေအနေအောက်မှာ ဖြစ်မနေခဲ့ သလို ဘယ်သူ့ အတွက် ပိုက်ဆံ ထောက်ရမယ်ဆိုတဲ့ 
အခြေအနေမျိုးလဲ ရှိမနေခဲ့ ဘူး..သဘောကတော့  ပိုက်ဆံအတွက် စိတ်ဖိအား အရွယ်ရောက်ကတည်းက အခုအထိ သိပ်မဖြစ်ခဲ့ ရဘူးဘူးပေါ့ လေ။ တစ်သက်လုံးမှာ ပိုက်ဆံ အသည်းအသန်ထရှာမိချိန်က
တစ်ကြိမ်ပဲ ကြုံခဲ့ ရတယ် အဲ့ ဒါက နော့် အဖေ ကျောက်ကပ်ဆေးခတွေ အလျင်မီအောင် ပေးနိုင်ရေး ကျောက်က် အဆက်မပြတ်ဆေးပေးနိုင်ရေးအတွက် မနာတမ်းအလုပ်မောင်းနေခဲ့ ရချိန်လေးတစ်ခုပဲ။
လာရာလမ်းကို အ့ဲလို ပြန်ငဲ့ ကြည့် တော့  အရွေ့ တွေဟာ သူ့ အချိန်နဲ့ သူ သူ့ ဟာသူ ရွေ့ ဖို့  အကြောင်းတွေ ဖြစ်လာပြီး ရွေ့ ရွေ့ သွားတာမျိုးဖြစ်နေတယ် ဘာပလန်ညာပလန်ကြီးတွေ ကြိုတင်စိတ်ကူးထားတာမျိုး မဟုတ်ခဲ့ ဘူး
သံသရာက ကံ သတ္တိတွေက ၀င်ဝင် ရွှေ့ သွားတာမျိုးနဲ့  အတော်တူတယ်။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..