''၀င်ငွေမကောင်းတဲ့ အခါ ချွေတာသုံးစွဲတာ အကောင်းဆုံးယတြာ '' တဲ့ ...အဲ့ မှာ ၀င်ငွေနဲ ချွေတာ နဲ့  ယတြာ ဆိုတာ အထူးပြုသဘောပေါ့  ဒက်ဖနေရှင်းတွေ ဖွင့် ရင်ပထမ ၂ ခုက ရှင်းတယ်.
ယတြာဆိုတာ ဘာ ဘာသာစကားလဲ ဘာကိုဆိုလိုတာလဲ တွေးစရာရှိမယ် ယေဘူယျအများသိသဘောကတော့  ယတြာဆိုတာ ကောင်းတာတွေမြန်မြန်ဖြစ်ချင်လို့ နဲ့  မကောင်းတာတွေ
မဖြစ်ရအောင်နဲ့  ဖြစ်နေရင်သက်သာခွင့် ကို ရည်ရွယ်လုပ်ကြတာကို ယတြာသဘောလို့ တွေးယူလို့ ရနိုင်မယ်..
အဲ့ မှာ အဲ့ ဒီ့  ၀င်ငွေမကောင်းရင်ချွေတာပါ ဆိုတာကို လောဂျစ်နည်းနဲ့ ဖြစ်ဖြစ် ကိုယ်တိုင်ဖြတ်သန်းခဲ့ ရဘူးတဲ့ ဆင်းရဲသားဘ၀အတွေ့ အကြုံအရဖြစ်ဖြစ် ဒါဟာ ရေးသူကိုယ်တိုင် တကယ်မဆင်းရဲဘူး
လို့ နေမှာပဲလို့ တွေးစရာဖြစ်လာတယ်.၀င်ငွေမကောင်းတဲ့ အခါ ချွေတာဖို့ နေနေသာသာ သုံးစရာကိုမရှိဘူး ရှိတဲ့ ဟာတောင်မနဲလောက်ငှအောင်တွက်ချက်စားသောက်သုံးစွဲနေရတဲ့ ဘ၀မျိုး ၊ ဒိထက်
ထပ် တွက်ချက်သုံးနေရရင်လဲ ငတ်သေဖို့ သာရှိတော့ တယ်။
မချွေတာပဲ သုံးကြတယ်ဆိုတာ ပိုက်ဆံပေါလာတော့ မှ စိတ်လွတ်ကိုယ်လွတ် ဘုံးပေါလအောသုံးမိတော့ တာမျိုးပဲ အဲ့ ဒါ ကိုယ်တိုင်ရဲ့  သုံးစွဲနေတဲ့ အွန်လိုင်းတက်သုံးနေတဲ့ 
နှုံးရဲ့  ဥပမာလေးတစ်ခု လက်တွေ့ ဘ၀ပဲ ။ အိမ်သားစေ့  ထမင်းချက်ကျွေးဖို့  ၀င်ငွေမလောက်တော့ တဲ့  ရက်ပိုင်းတွေမှာ ဆန်ပြုတ်ကျို သောက်နေရတဲ့ ဘ၀တွေ ရှိနေကြ ရှိခဲ့ ကြ
သလို ဆင်းရဲလွန်းတဲ့  တိုင်းပြည်ထဲ တစ်ချို့  ပိုက်ဆံပေါလွန်းလို့  သိန်း ၃၀ တန် အရက်ပုလင်းကိုတကူးတက အော်ဒါမှာသောက်နေတဲ့ လူတွေလဲ ရှိနေတယ်
ဘယ်သူတွေက ချွေတာသင့် လဲ...။ တစ်ခါတစ်လေ တစ်ချို့ စာတွေဟာ ခပ်နက်နက်ဝင်တွေး ကိုယ်တွေ့ တွေနဲ့ ချိန်ဆရင် လက်တွေ့ ဘ၀နဲ့  လွတ်နေတဲ့ စာတွေဆိုတာ တစ်ပုံကြီးပဲ..တစ်ခုခုကို ကျွမ်းကျင်တာနဲ့  ကမ္ဘာပေါ်က အရာအားလုံးကို ငါသိပြီ
ဆိုတာမျိုးကတော့ ...အင်း..တစ်မျိုးပေါ့ .
======================================================
အဲ့ မှာဆရာသခင်တစ်ယောက်ရဲ့  စာတစ်ချို့ ဟာ လူတွေကို ခွန်အားဖြစ်စေလို့  သဘောကျခဲ့ တာ ရှိတယ် လောကီလူသားဘ၀တွေရဲ့ 
လက်တွေ့  ဘ၀နဲ့ သိပ်နီးစပ်လို့  သဘောကျခဲ့ တာ ''ချမ်းသာအောင်လုပ်ကြ ဆင်းရဲရင် အနှိမ်ခံရလိမ့် မယ် ''တဲ့  ဒါဟာ လောကထဲက
ဆင်းရဲသားတွေရဲ့ လက်တွေ့ ဘ၀နဲ့  သိပ်ထင်ဟတ်တဲ့  စာပဲ နိုင်ငံတကာမှာ မြန်မာတွေ ဘာကြောင့်  မျက်နှာငယ်နေရသလဲက
ဒီနေ့  မတရားမှု့ တွေအပါ အ၀င် အဖြစ်အပျက်ပေါင်းများစွာက တန်းပေါ်တယ် ..ဒီလို ခွန်အားပေးတဲ့ စာတွေမျိုးကို ပိုသဘောကျတယ်.
သူများလည်မျိုတက်နင်းပြီးတော့ တော့  ချမ်းသာအောင်တော့ မလုပ်သင့် ဘူးလို့ ပဲ ပြောစရာရှိတယ်...လောကကိုက မတရားမှု့ တရားမှု့ 
လူဆိုးလူကောင်း နေနဲ့ လ အပူနဲ့ အအေး နေ့ နဲ့ ည စသဖြင့် စသဖြင့်  ဒွိ သဘောကြောင့် လောကတစ်ခု ဖြစ်နေတာမျိုးပဲ တစ်ဖက်ဖက်က
အလေးသာသွားတဲ့ နေ့ ဟာ ကမ္ဘာပျက်တာနဲ့ အတူတူပဲ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..