Powered By Blogger
Saturday, December 26, 2015
'''ဘ၀ဆိုတာ ခဏလေးပါ ''
'''ဘ၀ဆိုတာ ခဏလေးပါ '' ဘာညာတွေက ခံယူသူရဲ့  လက်တလော ဘ၀အနေအထားက ဘယ်လိုတွေဖြစ်နေလဲ ဆိုတဲ့  အပေါ်မှာလည်းတည်မယ်  အသက် တစ်သောင်းတန်း ရှိတဲ့  လူတွေခေတ်နဲ့  နှိုင်းရင် အခုလူတွေက အသက်တိုပြီး နောင်လာမယ့်  အသက် ၄၀ တန်းလူတွေထက်စာရင် အခုလူတွေက အသက်ရှည်နေကြသေးသလို ခြင်တစ်ကောင်ရဲ့  သက်တန်းထက် လူတွေရဲ့  သက်တန်းက ပိုရှည်နေသေးတယ်
( ရုပ် ဆဲလ်တစ်ချို့ တွေကိုတော့  အနုကြည့် မှန်ပြောင်းနဲ့  ဆဲလ်တွေ သေသွားလိုက် အစားထိုးရှင်လာလိုက်တွေ)....အဲ့ မှာမှ ဆိုရိုးစကားရှိသေးတယ် လွမ်းရတဲ့ သူမှာ ညတာရှည် ခဲ့ ပြီတဲ့  အိပ်သင့် နေပြီလို့ တွေးလို့ ရပေမယ့် ဘယ်လိုမှ အိပ်မပျော်လို့  စိတ်တွေတိုတို နဲ့  ငုတ်တုတ်ထိုင် တောင်လုပ် မြောက်လုပ်နဲ့  မိုးအလင် အလင်းရောင်လာချိန်ကို ဒေါပွပြီး စောင့် နေရတဲ့  ညတာရှည်လွန်းနေတယ်ထင်ရတဲ့ ညတွေ
အဲ့ အလွမ်းညတာရှည်ညတွေ  အဲ့  ဒေါပွနေတဲ့  ညတာရှည် ညတွေ  ဆိုတဲ့  ညတာရှည်တွေက  စက်သွားနာရီိအရ တကယ်က ပုံမှန် ညတွေချည်းပဲ..ရှိသေးတယ် ဆင်းရဲရင် နေ့ တာရှည်သတဲ့ . အရမ်းချမ်းသာတော့  လောကနဲ့  ဘ၀စည်းစိမ်ခံချိန်ကြာကြာလိုချင်တော့  လူ့ ဘ၀ဆိုတာ တိုတယ်  မသေခင် ကဲ သွားဦးမှဘာ လို့ ထလုပ်ချင်လုပ်တာ...ဂလိုတွေပေါ့ ..ပေတံတွေ သဘောပေါ့ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..