Powered By Blogger

Saturday, December 26, 2015

'' ချစ်ခြင်းရဲ့ အပြစ်ဒဏ်...........''


'' ချစ်ခြင်းရဲ့ အပြစ်ဒဏ်...........''
---------
ဝတ္ထုတွေထဲကလို ဆင်တင်တင်ပေမယ့်  ကိုယ့် ဇာတ်ထုတ်က ပိုကြေကွဲစရာလို့ ထင်မိတာ လူ့ သဘာဝ ကိုယ့် ငချဉ်က ကိုယ်ပိုချဉ်တယ်သဘောပေါ့ နေမှာပါ..။

သူလေးကို ကျနော်က မြိုထားမတတ် ချစ်ခဲ့ မိတာ သူလေးကရော ကိုယ့် ကိုယ် အသည်း တုန်အူတုံ ပြန်ချစ်ခဲ့ တာ ၈ တန်းကတည်းက စခဲ့ တဲ့ အချစ်မို့  ၁၀တန်း ဒုတိယနှစ်မှာ
ခိုင်မာတဲ့  အချစ်တွေ ဖြစ်နေခဲ့ ပြီလေ။ သူလေးနဲ့  ကျနော်ကြားက ဘာသာမတူ ဆိုတဲ့  အယူကွာခြားချက်က သူလေးနဲ့  ကျနော့် အတွက် ရေးကြီင်္း ခွင်ကျယ် စာဖွဲ့ လောက်စရာ အချက် အလက်ဖြစ်မနေခဲ့ ဘူး။ သူလေးက ကျနော် ခေါ်သွားခဲ့ တဲ့  ဘုရားအပေါ် လိုက်ပါပေး ကန်တော့ ပန်းဆင်ပေးဖို့  တုန့် နှေးပုံ မရှိခဲ့ သလို သူကလေးရဲ့  ချဒ်ကျောင်းကို သူကလေးနဲ့ အတူလိုက်ပြီး ဓမ္မတေးတွေ သံပြိုင် ဆိုပေးဖို့  ကျနော်ကလဲ နှောင့် နှေးမနေခဲ့ ကြဘူး..။ သူလေးနဲ့ ကျနော့် ကြားမှာ အချစ် ဆိုတဲ့  သံယောဇဉ်ကြိုး ခိုင်မာ တွယ်ငြိနေခြင်း နဲ့  သစ္စာတရားသာ ကြိုး တစ်စင်းဖြစ်နေခဲ့ တာမျိုးပါ။။။


ဒီင်္လို တွယ်ငြိရစ်နှောင် ချစ်ခြင်းတရားတွေ နဲ့ သာယာ ချမ်းမြေ့ နေတဲ့  သာယာတဲ့  အချစ်ခရီးလမ်းလေးမှာ ရုတ်တရက်မုန်တိုင်းထန်လာပုံက....သူလေးရဲ့  မိသားစု ဘ၀လူနေမှု့ စတိုင် လက်တွေ့ ဘ၀ ဖြစ်စဉ်ထဲမှာ သူလေးရဲ့  ဘ၀အနာဂတ် အတွက် ထွက်ပေါက်တွေ ပိတ်နေသလို အဖြစ်မျိုး ( ပြန်ပြောလို့ တော့ မကောင်းဘူး သူလေးရဲ့  သိက္ခာကို ဘယ်သူ့ ကြောင့် မှ အထင်အမြင်အသေးမခံနိုင်ဘူး ဆိုတာ ကျနော့် အချစ်မို့ ) .. ရင်ဆိုင်လာရတော့ တယ်။ သူလေးရဲ့ ဘ၀ လူနေမှု့ စတိုင်ဟာ အစစ်အမှန် အကျပ်အတည်းကြားထဲ ရောက်နေပြီမှန်း နော်ကိုယ်တိုင်က သိပေမယ့်  ချွေးသိပ်ပေးယုံအပြင်....၁၀တန်း ရပီတာ ကျောင်းသားဘ၀မှာသာရှိသေးတဲ့  ကျနော့် အဖို့ .....


သူလေးရဲ့  ဘ၀အကျပ်အတည်းတွေ သိပ်ကို ကြီးမားလာချိန် တစ်နေ့ မှာ......သူကလေးက စကား ဆိုလာရှာတယ်...သူ့ လက်ရှိ ဘ၀ထဲမှာ ဘယ်လိုမှ ရပ်တည်နေလို့  မရတောဘူး
နော့် ကို ရှေ့ မှာ နော်နဲ့ အတူတူ ရင်ဆိုင်ရင်း ဘယ်လိုပဲ အခက်အခဲတွေ တွေ့ တွေ့  အတူတူရင်ဆိုင်ကြရအောင်နော်လို့ ..သူကလေးက စပြီး စကားဆိုလာတဲ့ အခါ...................
နော် သ တ္တိ နဲ ခဲ့ တယ်..ကျနော်ဟာ ကိုယ့် အတ္တသာ ကိုယ် အဓိကထားမိခဲ့ တဲ့ သူပါ....သူလေးဟာ သူလေးရဲ့  မိန်းမတို့  မာနကို မြေပေါ်ပုံချပြီး ကျနော့် ကို တောင်းဆိုခဲ့ တာကို နော်က ကိုယ့်  ဘ၀ကို ပြန်တွေးဆရင်း မစွန့် စားရဲသူ တွေဝေနေမိခဲ့ သူပါ..နော်မှာ အပြစိရှိနေခဲ့ သလို ဖီလင်ပါပဲ............. ။

သူလေးရဲ့  ဆန္ဒဟာ ဘာဆိုတာ ချက်ချင်းသိလိုက်ပေမယ့်  အဲ့ အချိန်မှာ မိဘဆီက လက်ဖြန့် တောင်းသုံးနေရတဲ့  ဘ၀ အနေအထား ၊ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု့  ကင်းမဲ့ 
နေချိန် တွေ သဘောအရ သူကလေးရဲ့ ဆန္ဒကို မစွန့် စားရဲပါဘူး ၂ ယောက်စလုံး ခွေးဖြစ်မှာလို့ သာ ဆင်ခြေပေးရင်း ( ကိုယ် ခွေးဖြစ်မှာကို ပိုစိုးနေတာဗျား )သူလေးကို
ခိုးမပြေးနိုင်ပါဘူးလို့  စကားပြန်လိုက်မိတဲ့  အချိန်ကစလို့ ............ချစ်ခြင်းရဲ့  အပြစ်ဒဏ်...........တစ်သက်တာ အလားပေါ့ လေ...........။

ကျနော်ကတော့  ခုတော့ ဆုလဲတောင်းမိတယ် ဖီးလ် လဲဖြစ်မိတယ် ဓန ကြောင့် တော့  အမှန်တကယ်
အသည်း စူးနင့် အောင် ချစ်မိကြသူတွေရဲ့  ချစ်တဲ့ သူတွေ ...မကွေကွင်းကြပါစေနဲ့  ချစ်ခြင်းတရားမှာ စွန့် စားရဲကြပါစေလို့ ပေါ့ ဗျာ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..