'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, December 26, 2015
မဂိုမယေး ဂိုယာရမ်..ငိငိ
မဂိုမယေး ဂိုယာရမ်..ငိငိ
--
၈၆ အောက်တိုဘာ ဆန်းဒေးမနက် ၆နာရီခွဲ မွေး အသားအရည်ဖြူညက်ပြီး အရမ်းလှတဲ့  မဂိုနွယ် အစ္စလာမ်မလေးနဲ့  ဒီနေ့ မနက် ၉နာရီ စွန်း စန္ဒရောတိုင်မှာ ဆုံပြီး ဗေဒင်တွက်ရတယ်ဗျ...ဇာတာအရ မူလမဟာဘုတ်က ၄ကြွင်းတနင်္ဂနွေ မွေးချိန် တနင်္ဂနွေတိုင် ကနေကျနော်ပြောင်းလဲထားတဲ့  ၁ကြွင်းမဟာဘုတ်စရိုက် သဘောလေး...လာတဲ့ အခါတိုင်က ခိုက်နဲ့  လစိတ်က အောက်တိုဘာလလယ်မွေးမို့  အခုဆို အင်္ဂါလစိတ်နားကို ကပ်လာပြီ..
သူဖြတ်သန်းခဲ့  တဲ့ အသက် ၂၉ နှစ်က စနေသက်ရောက်မှ ရိုးရိုးစနေသက်ရောက်မဟုတ်ပဲ ၄ ကြွင်းမဟာဘုတ်မွေး တနင်္ဂနွေသားသမီးအတွက် မရဏစနေ (၀ါ) စနေ ၂ ထပ်..၊ အဲ့  အချက်အလက်တွေ တစ်ပြိုက်နက်ထဲ စုစည်းလိုက်တော့  ပြောချလိုက်တာက ဘ၀တိုက်ပွဲ အပြင်းထန်ဆုံးကာလတွေကို ကျော်လွှားနေရချိန် အရာရာထွက်ပေါက်ပျောက်သလို ချောင်ပိတ်ခံနေရပြီလို့  ခံစားမိနေချိန် အင်ပရက်ရှင်ပိုင်းတွေမှာ မြေကြီးရောက်နေပြီ...ဒီလို ကံမျိုးဟာ ကိုယ့် ကိုယ်ကိုယ်တောင်မှ ထွက်ပေါက်ရှာသွားနိုင်တဲ့ အချိန်တွေမျိုးလို့  ခြေဆင်းလေးလဲ ပြောလိုက်ရော...ဟုတ်..သမီး ကွကိုယ်ဆူဆိုက်လုပ်မိတာ မကြာသေးဘူးဆြာ လို့ ဆိုလာပါရောဗျာ.....
နောက်တော့  အဖြစ်အပျက်တွေဟာ ဘာ့ကြောင့် ပါဆိုပြီး တကယ့် ဂြိုလ်လား ဘာလားသေသေခြာခြာ မသိတဲ့  စနေဂြိုလ်ကို လွှဲချလိုက် သူသာ အမှန် သူများတွေက မှားနေတာလို့  သူများတွေကို အပြစ်ပုံချလိုက် ဘ၀နေနည်းက ဘယ်လို စိတ်ကိုပြောင်းလဲထားပါ တို့  အမြင့် ဆုံးပေါက်ကွဲချင်လာတာကို မပေါက်ကွဲနဲ့ လို့ မတားဘူး ကိုယ့် ဘော်ဒီအပေါ်တော့  မပေါက်ကွဲလိုက်ပါနဲ့  ကိုယ့် ဘော်ဒီ ကိုယ့် အသက်က သူများတွေအတွက်ပေါက်ကွဲပေးရမှာ မတန်ဘူးလို့  ပြောင်းမြင်ပါ ပေါက်ကွဲချင်လွန်းလာရင် အပြင်ရုပ်ပစ္စည်းတစ်ခုခုကို ပေါက်ကွဲလိုက်ါ ဒါက အစားထိုးလို့ ရတယ် ( ဖုံး၂ လုံးရှိပြီတဲ့  ပေါက်ကွဲမှု့ ကို ဖေါက်ခွဲလိုက်တာ သမျှောထှာ..ငိငိ)...ကိုယ်သေရင် လွမ်းကျန်ခဲ့ မယ့် သူတွေက တစ်လလောက်အထိပဲ ပြီးရင် ကိုယ့် ကိုယ်မေ့ ကုန်မှာ..
ရန်သူတွေကို ပျော်အောင် လုပ်မပေးရဘူးတွေဘာတွေ ပေါ့ ဗျာ.....ပြီးတော့  အသက် ၃၀ဟာ ဘ၀သစ်စတင်ခြင်း သဘောလဲ ဖြစ်လို့  သင်္ကြန်ကျော်ရင် အနာဂတ်ဟာ ဘာညာဆိုပြီး ချက်ချင်းပဲ ကောင်းကင်ဘုံရောက်တော့ မယ့် အတိုင်း မစားရ၀ခမန်းတွေ ပြောပေးပေါ့ ...အဲ့ မှာ သမီးက အစ္စလာမ်ဆိုတော့  ယတြာဘယ်လို..?..ဆိုလာတော့  အဲ့ ဒါ ကျနော်တို့ ယတြာက ထူးဆန်းတယ် ဘုရားပေါင်းစုံနဲ့ တွဲလို့ ရတယ် ဆိုပြီး..သစ္စာပန်းအရွက်တွေကို ဘယ်လိုသုံးပါလို့  ဘာညာပေါ့ လေ...။
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..