Powered By Blogger

Saturday, December 26, 2015

''အသိတွေများလာရင် ခံရခက်တယ် ''


ကျောင်းတုန်းက အချင်းချင်း ပေါက်ကွဲတာ သရော်တာတွေရှိကြတယ်၊ ဘော်ဒါတွေကိုး၊ အဲ့ အထဲမှာ အီစီကလီ ရိုက်သွားတာကို အဟုတ်မှတ်လို့ မျောသွားရင် ဟက်တက်ကြီး တစ်ခြမ်းပဲ့ သွားတဲ့ ဘော်ဒါက မူးမူးနဲ့ ''အချစ်ဆိုတာ အမှိုက်ပုံကြီးပါကွာ..''လို့  ပေါက်ကွဲသွားဘူးတယ်
အတော်လှတဲ့  စကားလုံးတွေပဲပေါ့ လေ..။ နောက်တစ်ယောက်ကတော့  အချင်းချင်း ဖျံကျပြ ဆရာကျပြနေတာကို ဒဲ့ ပြောရမှာလဲအားနာနေတော့  ငြီးတွားပြီး ပေါက်ကွဲတာ..''အသိတွေများလာရင်  ခံရခက်တယ်ကွာ '' တဲ့  အဟီး..နော်ကတော့ ဝင်နောက်တယ်  အသိတွေများရင်
ဧည့် ခံစလိတ်လဲကုန်တယ်ဟ လို့ ..

ကိုယ် ဖီလင်လာရာ ကိုယ်အစာမကြေတာတွေ ရေးတာကို လူထုတွေက မုန်းကုန်လိမ့် မယ် မုန်းကုန်မှာစိုးလို့ ဒေဘာနဲ့  စာမျိုးတွေ မြင်ရင် ''လူထု'' ဆိုတဲ့  ခေါင်းစဉ်က ခေတ်အဆက်ဆက် ဂျမ်းတုံးကြီးလိုပဲလို့ တွေးမိသလို
ကိုယ် ထင်ရာကိုယ် မှန်းပြောရမ်းပြောဖို့  စို့ က အသေအခြာမသိရင် သံတမန်ပုလင်းရိုက်ကွက်ကတို့  အမည်မဖေါ်လိုသူ မပုတုကတို့ ထလုပ်ချင်လုပ်ရေးတာမျိုးတွေ ကိုမြင်ရင် ''အသိတွေများလာရင် ခံရခက်တယ် '' ဆိုတဲ့  ဘော်ဒါကြီးကို ပြန်သတိရတယ်...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..