Powered By Blogger
Tuesday, December 29, 2015
ခိုက်တတ်သည်ရဲ့  တွေးစရာတွေ....
ဒါက ကျနော့် လဇ်ထဲက ဆြာတစ်ယောက် တင်ထားတာတွေ့ လို့ သယ်လာတာ.။  လောကီပညာကျမ်းတစ်ခုခုထဲကနေမှာပေါ့ ။ သူ့ စာအရ နေ့ သားတွေဟာ သူ့ မူလ အလယ်အခြာ နံ နံတူပစ္စည်းကို မလှုကောင်း ခိုက်တတ်သည်လို့  ပါတယ်။
အဲ့  စာထဲက ဒီအပြုအမူဟာ မသင့် လို့  သဘော တားမြစ်ချက်သဘောကို ကျနော်က ပထမဆုံးအနေနဲ့  လက်ခံခြင်း ငြင်းပယ်ခြင်း စမလုပ်သေးပါဘူး..တွေးတာက မေးခွန်းတွေပါ..
ဘာကြောင့်  မလှုကောင်းရတာလဲ ခိုက်တတ်တယ်လို့ ဆိုတယ် ခိုက်တယ်ဆိုတာဘာလဲ အိမ်ထောင်ရေးလာ စီးပွားလားကျမ္မာရေးလား အမှု့ တွေ ဖြစ်မှာလား
အသက် တိုမှာလာ ဘာဖြစ်တတ်လဲ အကုန်ဖြစ်မှာလာ တစ်ခုခုကိုဖြစ်မှာလား  အဲ့ လို ခိုက်တယ် လို့ ပြောလို့ ရတဲ့ .  အဖြစ်အပျက်မျိုးတွေ ဖြစ်ခဲ့ ဖူးလား သိသာတဲ့   ခိုက်ခံရတဲ့ သူတွေ ဘယ်သူတွေ သက်သေရှိလဲ .. ခိုက်တယ်ဆိုရင် ဘယ်လောက်အထိခိုက်သလဲ ဘ၀ပျက်တဲ့ အထိလား ။ နောက်တစ်ချက်က မလှုကောင်းဆိုတဲ့  အလှုပစ္စည်းတွေဟာ ၂ ပဲ ခြောက်ပြားလောက်နဲ့  လှုဖို့ မလွယ်တဲ့  ပစ္စည်းတွေချည်းပဲ အတော်သိသာတဲ့  ငွေပမာဏ သုံးပေးရတဲ့  အလှုမျိုးတွေ အဲ့  အလှုပစ္စည်းတွေကို
တော်ယုံမလှုဖြစ်ကြဘူး..နောက်ဆက်တာက  လှုလဲ လှုချင်တယ် ခိုက်မှာလဲ စိုးတယ်ဆိုရင် မခိုက်ပဲ လှုလို့ ရတဲ့  အဖြည် မရှိဘူးလားပေါ့ ..သဘောက တုံးတိကြီး တားမြစ်ချက် ဆန်တဲ့  စာမျိုးတွေအတွက်  အဲ့ လိုတွေ ဆက်တွေးစရာတွေ တန်းစီ ထွက်လာတယ်..
ကျနော့် အဖေကိုယ်တိုင်က ဟူး နေ့ သားပါ...စာထဲက တားမြစ်ချက်တွေထဲပါတဲ့  ရေကန်ရော ရေတွင်းပါ ရန်ကုန် နဲ့  မင်းကွန်းမှာ တည်သွား လှုသွားခဲ့ တယ်  ပုံမှန်စိတ်နဲ့ ပါပဲ စာသင်သား ကိုယ်တော်တွေ ရေကန်နဲ့  ရေများများချိုးနိုင်အောင်နဲ့  မင်းကွန်းက တောရချောင်မှာတော့ တောင်စောင်းကို လွှာလုပ်ထားတဲ့ ရေကန်ကြီးပေါ့  ရေသိုလှောင်ဖို့ ..အဲ့ ဒါတွေ အသက် ၅၀ တန်းလောက်မှာ
လှုခဲ့ ပေမယ့်  ဘ၀ကတော့ ပုံမှန်ပါပဲ ၇၀ ကျော်မှ ဂိ ပါတယ်..
---------------------------
--------------------------------------------------------------------
ဟိုပိုစ္က ဒီလိုပါခမ်
---
ဟုတ်ဗျ အဓိကက အဲ့ လို ဗေဒင်လောကီစာ ရှေးစာတွေ ဖတ်လိုက်တာနဲ့  ကိုယ့် စိတ်နဲ့  တိုက်ဆိုင်ခြင်း မတိုက်ဆိုင်ခြင်းပေါ်မှာ တန်းပြီး ယုံတယ်၊ မယုံဘူး မှန်တယ်မမှန်ဘူး ချက်ချင်း  မဆုံးဖြတ်သေးပဲ ဆက်တွေးကြည့် တာ နောက်ကွယ်မှာ ဒိထက်ပိုတဲ့ အနက်တွေ ရှိနိုင်လား စသဖြင့် ပေါ့  တစ်ချို့ စာတွေက ဖတ်လိုက်တာနဲ့   တန်းငြင်းချင်စရာ စောဒကတက်စရာတွေ တွေ့ နိုင်တယ်ပေါ့ ဗျာ။
 ( ကြားခဲ့ ဖူးတဲ့  စကားမှာ ဒါဟာ အခါတိုင် ရဲ့ ခိုက် သဘောကို ဆိုလိုတာလို့ ဆိုတယ် တနင်္ဂနွေသား ဘုရားတည်တာ စိတ်ထားမမှန်ပဲ ဂုဏ်ပကာသနဆန်တဲ့  စိတ်နဲ့  တည်ရင် တနင်္ဂနွေတိုင်ရဲ့  ခိုက် စနေနံ ခိုက်အားဝင်သွားပြီး ဘုရားတည်ပြီးချိန်တို တည်နေချိန်တို့ မှာ  အရှက်တကွဲအကျိုးနဲတွေ ကြုံရတတ်တယ် ဆိုတာမျိုး တနင်္လာသားက နံတူ  ကျောင်းကြီးဆောက်လှုဒါန်းတာ စိတ်ထားမမှန်ရင်
တနင်္လာ နံ တိုင်ရဲ့  ခိုက် တနင်္ဂနွေနံ ကိုယ့် မိသားစုတွေ ကျောင်းရေစက်မချခင် ချပြီးမှာ  ဖယိုဖရဲတွေ ဖြစ်လာကုန်တတ်တယ် ဆိုတဲ့ သဘော.
အဲ့ လို အခါတိုင်နဲ့  ချိတ်ဆက်ပြတော့ ဂလိုဆိုတော့ လဲ ယုတ္တိကရှိလာသလိုလိုပေါ့  စလောင်းဖုံး ၂ ချပ်တီးရင် ကျားကိုက်တတ်တယ် ဆိုတာ အများစုက နိုးယုတ္တိပေါ့  တစ်ချို့ က မြေအိုးတွေမို့  အဖုံးတွေ
ကွဲမှာစိုးလို့  ဘာညာသာရကာတွေပေါ့ ...ဆရာ နဲ့ ဆရာကြီးတို့  လက်ထဲရောက်တော့  တြင်းန၀င်း ယတြာပညာဖြစ်သွားတယ်  စလောင်း ဆိုတာ ဇလပ်ဆလပ် ဇီဇ၀ါ ဆိုတဲံ တနင်္ဂနွေတိုင်ရဲ့  တြိစတု၊ ကျားက တနင်္ဂနွေတိုင်ရဲ့  အညွန့်  တနင်္လာနံ ကံကော့် ..အဲ့  အညွန့် + တြိ + စတု = အဲ့ သုံးခုကို
ကိုပေါင်းရင်  တြင်းန၀င်းဆိုတဲ့  ၉ န၀င်း ကံအဖွင့် ဓါတ်ရလာတယ်ပေါ့  ဂလိုဒေပေါ့ ဗျာ...
အခု ဘုရားကျောင်းဇရပ်တွေ ကိစ္စကိုတော့  ဟုတ်မဟုတ်တော့  စောင့် မကြည့် လိုက်မကြည့် ခဲ့ ဘူး လှုခဲ ကြုံခဲ ဖြစ်ခဲတဲ့  ကိစ္စတွေ ဖြစ်သလို ဒဲ့  တွေးချက်က ကိစ္စက ကိုယ့်  ကိုယ်ကျိုးစီးပွား ကိုယ် နဲ့  ကံဆုံသူတွေရဲ့  အကျိုးစီးပွားနဲ့ ဝေးရင် အာရုံမလာ ပြဿနာလုပ်မနေတော့ သဘောပေါ့ .
..ပြီးတော့  တားမြစ်ချက်တို့  တိုက်တွန်းချက်တို့ က လတ်တလော အကျိုးစီးပွားကို ဘယ်လောက်အထိ ပံ့ ပိုးနိုင်လဲကို ပိုတွက်လာတယ်ပေါ့ ဗျာ...အရင်က ကျနော်ရေးခဲ့ သလိုပဲ သက်တမ်းက တိုသလိုလို ရှည်သလိုလိုခေတ်ဖြစ်လာလို့  နောက်အနှစ် ၂၀ မှာ ခြံတွေကားတွေ ပိုင်လိမ့် မယ့် ဆိုတာက နားထောင်ကာင်း အားတက်စရာ ဒါပေမယ့် အခုလောလောဆယ် နော့် စော်လေးက နော့် ကို စာဖတ်သွားတာ နော့ မှာ စာရွက်တွေ ပြဲကျန်ခဲ့ ပီ အာ့ ဘိုလုပ်ရမဲ ဆိုတာပြဿနာက ပိုအရေးကြီးနေတယ် ဒါဟာ အခုခေတ်ထဲ ဖြစ်လာတဲ့ ဗေဒင်မေးသူ အများစုရဲ့  စတိုင်ပဲ
ဒါကို ကျနော်တို့  လတ်တလော အရှုတ်ထုတ် အုံးစားစရာတွေကို အဓိက ဖြေရှင်းရေး သဘော ပစ်မှတ်တွေဖက် ချိန်းသွားနေတဲ့  ဗေဒင်စတိုင်လို့ ဆိုလိုတာ...အဟောမိန်းထက် ပြဿနာများ အဖြေရှာတာဝိုင်းဖြရှင်းကြတာအဓိကသဘောပေါ့ လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..