Powered By Blogger

Friday, August 7, 2015

စိတ်ဒဏ်ရာဆိုတာ....

စိတ်ဒဏ်ရာဆိုတာ....
------------
သတင်းတွေ လာနေတာပေါ့  အဲ့ အနောင်ဇာတွေရဲ့ အသံနဲ့ '' နိုင်ငံတော်အစိုးရအနေနဲ့ '' တို့  '' မိမိတို့ နိုင်ငံတော်အစိုးရ အနေနဲ့ '' တို့  အသံကြားလိုက်ရတိုင်း စိတ်ထဲမှာ စစ်အာဏာရှင် စစ်အစိုးရချည်း ထင်နေဆဲစိတ်ထဲမှာ မအီမလယ်ကြီး ဖြစ်နေဆဲ စိတ်ထဲမှာ မနှစ်မြို့ ပဲ ဖြစ်သွားဆဲပေါ့ ဗျာ....

.အဲ့ ဖီလင်က အလိုလို ဖြစ်လာတာဆိုတော့ အဲ့ လို့  မဖြစ်ပါနဲ့ လို့  စိတ်ကိုတားမရဘူး အဲ့ လို မဖြစ်ချင်ရင်
တစ်နည်းပဲ ရှိတယ် သတင်းနားမထောင်နဲ့ ဒါမှမဟုတ် အသံပိတ်ပြီး အရုပ်ပဲကြည့်  ဒါပဲ ရှိတယ်...

အရုပ်တွေကြည့် တာတောင် အဲ့  နိုင်ငံတော် အစိုးရ တာဝန်ရှိသူတွေ ဆိုတဲ့  မျက်နှာတော်ကြီးတွေပေါ်လာရင် မြန်မြန်ချယ်နယ်ပြောင်းလိုက်ရတယ်...

အရုပ်နဲ့ ဒေါသထွက်အောင် အဝေးရောက် လုပ်ကြံခြင်းလိုကြီးပေါ့ ...

.အဲ့ ဒီလိုစိတ်တွေဖြစ်လာတာဟာ တွေးကြည့် ရင် ဖြတ်သန်းခဲ့ တဲ့  သူတို့ သမိုင်း ကျနော်တို့ သမိုင်းတွေက ကြုံခဲ့ ရတဲ့ မတရားမှု့ တွေ ရဲ့  ရောင်ပြန် အဖြစ် ဖြစ်လာတဲ့  စိတ်ဒဏ်ရာတွေပေါ့ ..

မနေ့ တစ်နေ့ ကမွေးတဲ့ ကလေးတွေတို့  တစ်ခြားနိုင်ငံက လူတွေ တစ်ခြားကမ္ဘာကဂြိုလ်သားတွေဆို ဒီလိုစိတ်တွေ ဘယ်ဖြစ်မလဲ ကျနော်တို့ ကြုံခဲ့ တဲ့ မတရားမှု့ တွေကို သူတို့ မှ မကြုံဘူးသေးတာ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..