---------------
မင်္ဂလာနေရာမှာဖြစ်ဖြစ် အနိဌာနေရာမှာဖြစ်ဖြစ် အနိဌအာရုံ တစ်စုံတစ်ရာကြောင့် လူစုလာတယ်ဆိုတာ နောက်ဆက်တွဲ မကောင်းမှု့ တွေဖြစ်လာလေ့ ရှိတာများတယ်...ကျနော်တို့ ငယ်တုန်းက ကြည့် မြင်တိုင်ဝေဠုဝန်ရပ်ကွက်ကြီးရှိတယ် အဲ့ ရပ်ကွက်ဘေးမှာ ကြီးကျယ် ကျယ်ဝန်းတဲ့  ကြံတောသင်းချိုင်းကုန်းကြီးရှိတယ် အပင်ကြီးတွေ အုပ်ဂူတွေနဲ့ နေ့ ဘက်တောင်ခြောက်ခြားစရာကောင်းတယ်ပေါ ...ပြီးတော့  အဲ့ သင်းချိုင်းဘေးလမ်းက ရပ်ကွက်မျက်နှာစာမှာ အခေါင်းတွေတန်းစီတင်ထားပြီးရောင်းတဲ့ ဆိုင်တွေ နဲ့ အသုဘကားအငှားလိုက်တဲ့ ကားတွေရပ်ထားတာ ပြင်နေတာတွေပါရှိတော့  အဲ့ သင်းချိုင်းကြီးဘေးလမ်းကဖြတ်သွားတာတောင် ကြောက်တတ်သူအဖို့  ကျောတွန့် စရာမြင်ကွင်းတွေပေါ့ 
ကျနော့် အမျိုးတွေက အဲ့ ရပ်ကွက်ထဲမှာနေတယ် ကျနော်က အမျိုးအိမ်တွေ လျှောက်လည်ပြီး ဆော့ တယ် ညအိပ်တတ်တယ်..အဲ့ အမျိုးအိမ်မှာ ကျောင်းပိတ်ရက် သွားဆော့ အိပ်တုန်း တစ်ညကြတော့  ကြံတောသုဿန်ထဲက မီးလုံးကြီးတွေတက်တက်လာတာ တွေ့ တယ်ဆိုပြီး ရပ်ကွက်ထဲ သတင်းပျံ့ ပြီး အဲ့ သင်းချိုင်းကုန်းထဲ ပြေးကြည့် ကြ အုပ်ဂူတွေကြား လိုက်ရှာကြပေါ့  သင်းချိုင်းထဲ မ၀င်ရဲသူတွေက လမ်းဘေး တံတိုင်းပေါ်က တက်ကြည့် ကြတာပေါ့  ကြောက်ကြောက်နဲ့  ပျော်စရာလည်းကောင်းတယ် ပွဲတော်ကြီးလိုဖြစ်နေတာ ပိုစိတ်ဝင်စားကြတာက အဲ့ မီးလုံးကြီးတွေက စုန်းမီးတောက်တာ စုန်းမတွေလာပျော်နေတာ ဘာညာနဲ့ ထင်ကြေးပြောတာ လူစားလဲမလို့ ဆွယ်နေတာ မသွားနဲ့ ဆိုတာတွေ နဲ့ လျှောက်ပြောတာပေါ့ ...၃ရက်၎ရက်လောက်လူစည်ပြီး အေးသွားရော....
သိပ်မကြာဘူးဗျ...အဲ့ ဝေဠုဝန်ရပ်ကွက်ကြီးမီးလောင်တာ တစ်ရပ်ကွက်လုံးကုန်သွားရော...အဲ့ နေရာလဲ ပြန်မရပါဘူး တစ်ခြားနေရာ အစားပေးလိုက်တယ် ရပ်ကွက်သားတွေလည်း ဘ၀ပျက်သူကပျက် ဖယိုဖရဲဖြစ်သူကဖြစ်နဲ့  ကစဉ့် ကလျားပေါ့ လေ ကျနော်တို့ အမျိုးလဲအဲ့ မီးထဲပါသွား ပေါက်ကရတွေဖြစ်သွားတော့ တာပေါ့ လေ..
အခု ထူးဆန်း အံ့ ဘွယ် ဖြစ်နေတာတွေ အများစု မှာ ဖြစ်ပြီးရင် ဆက်စောင့် ကြည့် ရင် တစ်ခါမှ ကောင်းတာမလာဘူး မကောင်းတာတွေချည်းဖြစ်နေတာတွေ့ ရတယ် ဒါဟာ ဒေသကြီးတစ်ခုလုံး အနိဌ သဘောတွေ ဆောင်နေတာ မတည်ငြိမ်လွန်းတာ အကြီးဆုံးကစပြီး အောက်ဆုံးအထိ အနိဌ အတွေးတွေ အနိဌ အာရုံခံစားမှု့ တွေ လွှမ်းမိုးခံထားရတာတွေ ဘယ်သူမှ အနာဂတ်ကို မယုံတော့ သလို ဖြစ်နေတာ သောကကိုယ်စီတွေနဲ့ ချည်းတွေကနေ ဘူနေရာကိုဘူတွေလာစု အပူနေရာကို အပူတွေလာပေါင်း မီးများမီးလာနိုင် ဓါတ်တူရာစု လာနေတဲ့ သဘောပဲဗျား..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..