Powered By Blogger

Thursday, August 6, 2015

ဒုက္ခ တွက်ကိန်း







ဒုက္ခ တွက်ကိန်း

အဲ့ ဒါနဲ့  စကားစပ်မိကြရင်းက ဧည့် သည်က ဆိုလာတာက နာဂစ်လိုပဲ ဆိုးလိုက်တာ လို့ ပြောတော့  ကျနော်က ဒါကြီးက နာဂစ်ထက် ဆိုးတာပေါ့ ဗျ လို့ စပြောလိုက်ပြီးမှ တွက်ပြတယ် နာဂစ်က လေ နဲ့ ပြဿနာရှာတာ လေတိုက် ရေပါ ဒီတက် ပြီးတော့  ရေပြန်ဆင်း လူသိန်းချီသေတယ် အဲ့ မှာကိစ္စက သေသွားတဲ့ လူသိန်းချီအတွက်က နောက်ဆက်တွဲ ရိက္ခာ ထောက်စရာ မလိုတော့ ဘူး. ပြီးတော့ ရေက ပြန်ဆင်းသွားတာမြန်တယ် အဲ့ တော့ ဗျာ ကုန်းမြေပေါ်တာမြန်တော့ စားစရာမရှိရင် ကိုင်းဥတွေတူးစား ဂဏန်းထောင်စား ငှက်ပစ်စား ငါးဖမ်းစားလို့ ရနိုင်သေးတယ် ပြီးတော့  ဧရာတိုင်းတစ်ခုထဲကို ကစ်သွားလို့ တစ်ပြည်လုံးက ပုံအောကူလို့ လွယ်သလောက်လွယ်သေးတယ်...အဲ့ လိုလည်းကူခဲ့ ကြတာပဲဗျ...

အခု ဖြစ်နေတာက ကျနော်တို့ အပေါ်တကြောကြီးကကနေ အောက်အထိ ပြင်ကျယ်ကြီး ချင်းရောရခိုင်ဘက်ရော တစ်ပြိုင်နက်ထဲဖြစ်နေတာ ပြီတော့  နာဂစ်
လို လေ မပါပေမယ့်  ရေပြင်ဖြစ်နေတဲ့ ဧရိယာက အကျယ်ကြီးနဲ့ တော်တော်နဲ့ ရေကပြန်မဆင်းဘူး .အဲ့ တော့ ရေအောက်ကို မြေကြီးပါမြုတ်နေတော့ ဘယ်က ပဒတ်သွားတူးစားဖို့ လွယ်တော့ မလဲ ပြီးတော့  လူက ရာဂဏန်းသာသေတယ်ထားဦး ဒုက္ခသည်က သူတို့ ပြောတာတောင်၂သိန်းကျော်တဲ့ ဗျ အဲ့ ဒါတွေက ပါးစပ်တွေ ၀မ်းတွေနဲ့  လူရှင်တွေ ..နောက်ထပ်လည်း အောက်ပို်င်းမှာက ရေပြင်ကျယ်ကြီးတွေက ဖြစ်လာဦးမယ့် ပုံ...

အဲ့ မှာ  အဲ့ ကျနော်တို့ လူရှင်တွေ အသက်ဆက်ရှင်နေဖို့  နောက်ဆက်တွဲ အဓိက တွတ်တီး ရိက္ခာပြဿနာက အကြီးကြီးလာနေတာ..ပြီးတော့ ဗျ တစ်တိုင်းတစ်ပြည်နယ်ထဲ ကွက်ဖြစ်နေတာ မဟုတ်ဘူး အလယ်ကြောကနေ အောက်ကြော အထိ ပြင်ကျယ်ကြီး အဲ့ ဒါ တွေးကြည့် ရင် နာဂစ်ထက်တောင်ပိုဖြုံစရာကောင်းတယ်လို့တွက်တာ...အဓိကနောက်ဆက်တွဲက ရိက္ခာပြဿနာပေါ့ ကျနော်တို့ လည်း လှုရတာ တကယ်ဆို အစနေ့ နဲ့ တောင် မတူတော့ ဘူး
လက်ပမ်းက ကျလာပြီ..ဒီနေ့ ဆို ၂၀၀၀ လောက်ပဲ ထည့် နိုင်တော့ တာတောင် ၅ ဖွဲ့ လောက်ရောက် တစ်သောင်းဖြစ်သွားပြီ ကျနော်တို့ ကလည်း ကိုယ့် အကန့် အသတ်နဲ့ ကိုယ်သွားနေတာ ဆိုတော့  နောက်အဖွဲ့ တွေကြတော့ ကြည့် ပဲနေလိုက်ရတော့ တယ်ဗျ...နောက်နေ့ ဆို အိမ်ထဲကနေပဲ နားထောင်နေရတာ့ မယ့် သဘောရှိတယ်....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..