ရမယ့်  အားကြီးကြီး..
--------------
အတိအကျသာမဟုတ်တာ ထူးခြား ကမ္ဘာ့ ပြဿနာတော်တော်များများ မှတ်မိတယ်...ဥရောပက ပြဿနာ ကာတွန်းကြောင့်  ပေါက်ကွဲကုန်တော့  အဲ့ ကထုတ်တဲ့ နွားနို့ နဲ့ ဒိန်ခဲကိုသပိတ်မှောက်ကြပါစို့ တဲ့ ...ပေါက်ကွဲတုန်းခဏ လွှင့် ပစ်ရ သွန်ပစ်ရပေါ့ လေ..
ဒါပေသိ ကြာကြာမခံနိုင်ဘူး လိုအပ်ချက်က အရမ်းမြင့် တာရယ် နို့ နဲ့ ဒိန်ခဲ စားသုံးမှ့ က မပါမဖြစ်ဖြစ်နေတာရယ် ဒါကို သပိတ်မှောက်ခိုင်းတဲ့  ဆရာသခင်တွေက အဲ့ နို့ နဲ့ ဒိတ်ခဲတွေကို အစားလိုက် မထိုးပေးနိုင်တော့ ..အဟီး...အရင်ထက်တောင် ပြန်ရောင်းကောင်းသေး ဖြစ်သွားတယ်...မသုံးမဖြစ်ဆိုတော့  ပဲထုမနေနိုင်တော့ ပဲ ပြန်မှာရတော့ တာကိုး...
မရှိမဖြစ်တွေ လူတွေနှစ်သက်လွန်းအားကြီးတဲ့  ပစ္စည်းတွေကို သပိတ်မှောက်ခိုင်းလို့  အောင်မြင်သွားတာမျိုးကိုမတွေ့ ရသလောက်ပဲ ကိုကာကိုလာဆို သပိတ်အမှောက် အခိုင်းအခံရဆုံးထဲက အချိုရေပေါ့ လေ..ဒါလည်း ခုထိ ပန်းပန်ဆဲပဲ.
.
..ဗဟိုဦးစီးအာဏာ တင်းကျပ်လွန်းတဲ့ ကွန်မြူနစ်နိုင်ငံမှာတောင် မှောင်ခိုအရောင်းရဆုံးပစ္စည်းတွေက အဲ့  အနောက်ကထွက်တဲ့ ပစ္စည်းက ၇၀ %လောက်တဲ့ 
ရှပ်ထုရင် အပြစ်ဆိုပေမယ့်  ထုမယ့် ထုတော့  ဈေးအကြီးဆုံး ရှပ်တွေမှထုတော့  အဲ့ အတွက် အထူးရှပ်တွေ ထုတ်လုပ်ပေးသေးဗျား ...
ဟိုဟာမစားနဲ့ ဒီဟာမ၀ါးနဲ့  ဟိုနင်းကိုရှောင်ပါသာဆိုတာ ဒီနေ့  ကယ်ဆယ်ရေးလာတာ အိန္ဒိယက လေပျံကြီးအကြီးကြီးနဲ့  သတင်းထဲတွေ့ လိုက်ရတာ့  ရယ်ချင်ချင်ဖြစ်သွားတယ်....ကြိုက်တာအော်ပါလေ လက်နက်နဲ့ အာဏာကိုင်ထားတဲ့ သူတွေ သဘောပဲ.သူတို့ က သူတို့ ထင်တာသူတို့ လုပ်တာ...
အခုတောင် ဂျမ်းရှင်းတွေမှာ အရက်တွေပြန်ရောင်းတော့ မယ်တဲ့  ဂွတ်ထ
ဂွတ်ထ....အရက်အသွင်းခံရတာက အပေါ်ကလာလာ အောက်က၀င်ဝင် လာဘ်များများရတယ်လေ.
..အာ့ နဲ့  ကျွဲရိုင်းလေးက ခုထိ သောက်ခွင့် ရနေတုန်း ပထမတော့  ဆင်ဖမ်းမယ်ကျားဖမ်းမယ်ပဲ
..ကျွဲရိုင်း သောက်တဲ့ သူမှန်သမျှ ခုချက်ချင်းပဲ သေတော့ မလိုလို..အာ့ ဆိုတော့  သူ့ မှီတဲ့ ပစ္စည်းထုတ်ပါလားဆိုတော့  ကွာလတီက နင်္ွားမဒန်းမသေးရေ နံ့ နဲ့ .....ဟဲဟဲ
ဟဲဗီးစီးပွားရေးသမားဆိုတာ အရာရာပေသီးတွေ ပြီးတော့  ဂရု လိုက်ကြီးတွေနဲ့ ဦးနှောက်တွေ အများကြီးနဲ့  အနှစ် ၂၀ အနှစ်၃၀ စာလောက်တွေ ရှေ့ ကို ကြိုတွေပြီး မဟာပလန်ကြီးတွေနဲ့  ကစ်တာ တပွဲတိုး နဲ့  ခေါင်းပိစိလေးတွေနဲ့ ဘယ်ဟုတ်.
..ပြီးတော့  ဘိဇ်နက် သဘောရဲ့  အခြေခံက အကျိုးအမြတ် က အရင် ဘာညာ ဘာညာ ခံစားချက်ကနောက်သဘော...အများကိုလှမ်းကြည့် တော့  ဘာတွေခံစားတတ်ပြီး ဘာတွေကို သိပ်လိုချင်နေကြသလဲ မရှိမဖြစ်ကဘာတွေလဲကို လှမ်းကြည့် တာ...
အာ့ နဲ့ ပဲ တရုပ်ပါရာစီတမောက ပဲကြီးလှော်လို ကွာလတီ တစ်ဝက်လျှော့ ပြီး ဗမာပြည်ထဲ လွှတ်တော့ တာပဲ ဈေးကလဲ ပေါမှပေါ ...အဲ့ အချိန် ဗမာပါရာစတီမောက ဈေးကြီးသေးတဲ့ အပြင် တစ်နှစ်မှ တစ်ခါ နှစ်ခါ အလှည့် ကျဈေးထုတ်ရတာဆိုတော့  လာခဲ့ ပဲ ဈေးပေါပေါ တရုပ်ပစ္စည်းတွေ လောလောဆယ် အဆင်ပြေဖို့ အရေးကြီးတယ် ..လောကသဘောက ဒါပဲပေါ့ 
ခုတောင် လိုင်းပေါ်တက်လို့ အလွယ်ဆုံးက အာရပ်လိုင်းဖြစ်နေတာ့  ကြာပြီ အာရပ်ကြီးနဲ့ ဘော်ဒါဖွဲ့ နေရတာ...လိပ်ပီတီတို့ ကတော့  အရင်လိုပဲ ဒါပဲ
ပြောသာပြာတာပါ ဆံပင်ကနေ ခြေဖျားအထိက ပြည်တွင်းဖြစ်စစ်စစ်ဆိုလို့ ဘော်ဒီပဲကျန်တော့ သလိုလို....စိတ်တောင် တစ်ခါတစ်ခါ ပြည်တွင်းသား တစ်ခါတစ်ခါ ဂလိုဘယ်လ်သား ခိခိခိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..