Powered By Blogger
Thursday, August 6, 2015
အရံလူ
အရံလူ
-----------
ကိုယ့် အကြောင်းကိုယ် သဘောပေါက်ပြီး လုပ်သင့် တာကိုလုပ်ဖို့ ရဲရဲဆုံးဖြတ်နိုင်စွမ်းဆိုတာကလည်းတကယ်တော့  လွယ်တဲ့ ကိစ္စတော့ မဟုတ်ပေဘူး...
ရပ်ကွက်မှာကျောင်းမှာ ဘောလုံးကန်ကြတယ် အများကန်တော့ ကိုယ်ပါဝင်ကန်ချင်တယ်
မထူးဘူး ရှေ့ လယ်နောက် အလုပ်မဖြစ်ရင် ဂိုးဖမ်းကြည့် တယ်ဆိုတာ့  ကိုယ့် မျက်ခွက်ချည်း
ဘောလုံးကလာလာမှန်..ခြေခွကြားကအသွင်းခံရတာနဲ့ ခေါင်းကျော်သွင်းသွားတာနဲ့ လိမ်ပြီဒထည့် သွားတာနဲ့ ..
.နောက်တော့  အသင်းသားတွေ ဆရာတွေက ...မင်းက..အရံပဲလုပ်ပါကွာဆိုတော့ 
 ပထမတော့ ခဏနေသေးတယ်..နောက်တော့ အရံလူဖြစ်နေရတာ ရှက်လာတယ်
နောက်တော့  ပေါက်ကွဲလာတယ် ငါ့ ကို အရံလူနေရာထားရလားဆိုပြီးတော့ .
အမှန်တော့ ကိုယ်က ဘောလုံးပညာအရည်အချင်းကဘယ်နေရာကထားထား မပြည့် ဘူး နကန်သာသာရယ်ဆိုတာ ကိုယ့် ဟာကိုယ်ပြန်မတွက်မိသေးဘူး
နောက်တော့ အေးအေးလူလူပြန်တွေးရင်းက ငါ့ မှာ နဂိုကကို ဘောလုံးပါရမီမပါပါခြေ.(အမှန်က ဘာအားကစားမှ ပါရမီမပါပုံပါ ငိငိ) .လို့ ပြန်တွက်လို့ ရတဲ့ အခါ ဘောလုံးကန်ခြင်းအနုပညာနဲ့  ကိုယ်နဲ့ ကတ္တီပါလမ်းခွဲလိုက်တော့ တယ်
ကိုယ်နှစ်သက်ရာအသင်းကို ဘေးက အားပေးသူနေလိုက်ရင်း...( ဒါတောင် ဘောပွဲကြည့် တာ ရော်နယ်လ်ဒိုတို့ ကမ္ဘာ့ဖလား ဘက်ခမ်းတို ရဲ့  မန်ယူ ခေတ်က ပရီမီယာလိလောက်ပဲ..နောက်ပိုင်း ဘာပွဲမှ ဖြစ်ညဖစ်မြောင်မြောက်စိတ်မလာတော့ )
သူများအကြောင်း အတွင်းကျကျသိဖို့ ကလည်းခက်သလို ကိုယ့် အကြောင်းကိုယ် အားနဲချက် အားသာချက်တွေ မှန်မှန်ကန်ကန်သိဖို့ ကလည်း ခက်ခဲချင်ခက်ခဲနေတတ်သေးတယ် သိဦးတော့  မာန်လျှော့ ရတာကလည်းခက်ပြန်တယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..