Powered By Blogger
Thursday, August 6, 2015
ကံ...
ကံ...
----------
မနေ့ ကမနက် ကြာသာပတေးနေ့ ၇ နာရီလောက် ဆရာမအမျိုးသမီးတစ်ယောက် ၀င်လာတယ် သူ့ အမေ ကျမ္မာရေးအတွက်ပါတဲ့ ...၊ ဒါနဲ့ ကြည့် ပေးလိုက်တယ်..၁၂၉၆ ဟူး သမီး...ဒီတော့  အသက် ၈၁ ဟူး ထဲမှာပဲ..လူမမာနှစ်ပေါ့ ...လာမေးတာက ဂရုတိုင် ဗုဒ္ဓဟူးသမီးက ခိုက်မှာ....ဒါနဲ့  အဲ့ ဆရာမကို ဆရာမက ဘာနေ့ သမီးလဲ လို့ မေးလိုက်တော့  ကြာသာပတေးသမီးပါတဲ့ 
ဒီတော့  မူလသမားက ကိုယ်စားလှယ်လုပ်ပြီး သူ့ အမေ အတွက် ဗေဒင်မေးပေးနေတာ ဒီတော့  မူလကနေ ခိုက် ဆင်းသွားတဲ့ သဘောပေါ့  လစိတ်က စနေလစိတ်အထွက်မှာ...အဲ့ တော့  ကျနော်က ဆရာမကို အိမ်ကတော့  အခွာပြနေပြီ ကံကအတော့် ကို ညံ့ နေတယ်..ညံ့ တာက မနှစ်က အသက် ၈၀ ထဲက ညံ့ နေတာ...ဗုဒ္ဓဟူးသားသမီး ၈၀ ၈၁ ၈၂ တွေက ဂြိုလ်တော်တ်ာညံ့ လို့  တော်တော်ကျော်ယူရတယ်
အခု တွက်ကိန်းအရဆိုရင် ၂ ရက် ၄ ရက်လောက် ကြာရင် ၂ပတ်လောက် စိုးရိမ်စရာအနေအထားမှာ ရှိတယ်...လို့  ပြောလိုက်တော့  အဲ့ ဆရာမက ဟုတ်တယ်...အမေက ပြည်မှာ အခြေအနေမကောင်းဘူးလို့  ဖုံးလှမ်းဆက်လို့ .မနှစ်ကလည်း ဆေးရုံခဏခဏတက်ရတယ် ..ပြီးတော့ အခုက အိမ်က အထွက်တယ် အမေ့ အိမ်က ရေတက်လာလို့ နေမရတော့ လို့  မောင်လေးအိမ်ပြောင်းနေရတယ်.လို့ ပြောလာပါရောဗျာ..
သူ့ စကားထဲမှာကိုက အဲ့ ဗုဒ္ဓဟူးသမီး ကံ တော်တော်မကောင်းတော့ ဘူးဆိုတာ ပါလာပြီ...အခြေအနေမကောင်းဘူးလို့ ဆိုတာအပြင် ဗုဒ္ဓဟူးသမီးက  ဂုရုတိုင် ခိုက်သမား ဖြစ်နေပါပြီဆိုမှ ရေဘေး ကြောင့်  အိမ်ကအထွက်ပြလိုက်ရပြီဆိုတော့  ကြိမ်းမကြေတဲ့ အပြင် ခိုက် ၂ ထပ် ဖြစ်နေပြီ...ဒါနဲ့  ယတြာတော့ ပေးလိုက်ပြီး မှီလိုမှီညား ဘုရားဝင်သွားပြီး ယတြာလုပ်ကြည့် လိုက်ပါ ကံကတော့နဲနေပြီလို့  ပြောလိုက်ရတယ် ..
မဟုတ်ပါဘူး တိုက်ဆိုင်တာပါ ယတြာလှုဖြစ်လဲ ကံကိုက နဲနေတာပါလို့  ဗုဒ္ဓဟူးသမီး ၈၁ ဆိုတာ ကံကုန်သက်စေ့ သဘောမို့ ပါလို့  ပြန်ဖြည်ပေးလိုက်ရတယ်...အခုရေးပြတာ အခါတိုင်က ပြသွားတာကို ပုံမှန်အတိုင်းပြောသွားတာပါပဲ ကြိမ်းသေပေါက် အဲ့ လိုဖြစ်မယ်လို့  မပြောခဲ့ ဘူး ( သိလည်း အလွယ်နဲ့ မပြောပါဘူး ကံတစ်ကွက်က ချန်ထားတာ ရိပ်ဖမ်းသံဖမ်းလောက်ပဲပြောလေ့ ရှိတယ်...တစ်ခါတစ်လေ ရိမ်ဖမ်းသံဖမ်းနဲ့ တင် တစ်ချို့ က တအားတုန်လှုပ်နေတတ်လို့ လေ)
တစ်ခုတော့ အံ့ စရာက နေ့ မကူးပဲ ကံကုန်သွားတာကိုပဲ ၂ရက်နဲ့ ၎ရက်ကြားလို့ သာပြောလိုက်တာ အဲ့ လောက်မြန်မယ်ထင်ထားဘူးလေ....( ဟောသူနဲ့ တွက်သူ အပြန်အလှန်မေးစမ်းတီးခေါက်တဲ့ အထဲမှာကိုက အခါတိုင်ရဲ့ နမိတ်စကားတွေ ပါလာလ့ ရှိတဲ့ အကြာင်းပါ) အဲ...အဲ့ မှာ အဲ့ ဆရာမကို ဘာနေ့ သမီးလဲလို့  မေးလိုက်တော့  ဆရာမက ကြာသာပတေးသမီး အသက် ၅၄ ပါလို့  ပြောသေးတယ် အဲ့ မှာ စိတ်ထဲက ထင့်  သွားသေးတယ်  ကြာသာပတေး အသက် ၅၄ ဆိုတာ အင်္ဂါသက်ရောက်ထဲမှာလေ သောကရောက်ရမယ့်  နှစ်ပေါ့ ...မိဘ နဲ့  သားသမီးက အဲ့ လိုတွေ ကံ ချိတ်ဆက် တိုက်ဆိုင်နေတတ်တာတော့  ကြုံဖူးပေါင်းများပြီ
သဘောတရားကတော့ ဗေဒင်က တကယ့် လူတွေကြားထဲမှာ လူတွေအတွက် သုံးရတာ  ဒီလောက် လက်ပေါက်မကပ်ဘူး အရမ်းတွေးခေါ်မနေရဘူး..အဖြစ်အပျက်တွေက အလွန်အကျွံ ဂမ္ဘီရ ဆန်မနေဘူး ရိုးရိုးစင်းစင်း ဖြစ်နေကျ ကြုံနေကြတွေချည်းလိုလိုပါပဲပေါ့ ဗျာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..