Powered By Blogger

Thursday, August 6, 2015

''အားတင်းထားကြဟေ့ ...''

''အားတင်းထားကြဟေ့ ...''
---------
သနားတဲ့ စိတ်ပဲ ကျန်တော့ တယ်
ကရုဏာအကြင်နာသဒ္ဒါပင်လယ်မှာကူးခတ်ရင်း
ခြေကုန်လက်ပန်းကျစပြုလာပြီလား....
ကိုယ်တိုင်တွေကပါ ..
ဘ၀ပင်လယ်ပြင်မှာ မိုးသက်မုန်တိုင်တွေထန်လို့ .....

ရုန်းကြ ကန်ကြ ရင်ဆိုင်ကြနေရင်းက
ကောင်းကင်ကိုမော့ ..အားကိုထည့့်..
မာန်ကိုသွင်း ဟန်ကိုပြင်..
အက်ကွဲခြောက်သွေ့ နေတဲ့  အသံနဲ့ 
 ဟစ်ခါ ဟစ်ခါ ''အော် ..''
''အားတင်းထားကြဟေ့ ...''
ဟားးး..
ငါ့ ရဲ့ အသံကပါ ယဲ့ ယဲ့ ရှိတော့ ပါလားလေ  ။  ။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..