Powered By Blogger
Tuesday, August 4, 2015
ဧကစာလဲကျင့်  အများသဘောလည်း နားထောင်
ဧကစာလဲကျင့်  အများသဘောလည်း နားထောင်
---
ပညာရေးခေတ်တုန်းက အားကျစေချင်လွန်းလို့ ဆိုတဲ့ ဆောင်းပါးတွေဖတ်ခဲ့ ရတုန်းက
ကိုယ်က စာမေးပွဲတွေ တဖုတ်ဖုတ်ကျနေသူ မအောင်မြင်သူ ဒီတော့  အားမကျမိတဲ့ အပြင်
စိတ်ထဲက လှိမ့် ချည်းဆဲနေမိတာ.
.
.ပြီးတော့  ကိုယ့် လိုဆဲမယ့် သူတွေနဲ့ ဆောင်းပါးဖတ်ပြီး အားလိုက်ကျသွားတဲ့ သူတွေမှာ ဘယ်ဖက်က ပိုများနေမလဲ တွေးမိသေးတယ်...
ခုတော့  ကိုယ်ဘယ်လို စားသောက် နေထိုင် သုံးစွဲနေပါကြောင်း လှုဒါန်းနေပါကြောင်း....
နိမ့် လွန်းနေသေးသူတွေရဲ့  စိတ်ကို စာနာမိတော့  အလွယ်နဲ့  မပြောရက်တော့ ..မပြရက်တော့ .
.ကာလံဒေသံသဘောကို ထည့် တွက်နေရလေ၏
တစ်ခါတစ်ရံ ကိုယ့် အကြောင်းနဲ့ ကိုယ်ပြုသော ကောင်းမှု့ မြင်ကွင်းသည်
အချို့ သော သူများရဲ့ စိတ်ကို မကောင်းမှု့ စိတ်တွေ ကို
 နှိုးဆွပေးနေသလိုလဲ ဖြစ်သွားတတ်လေ၏
အပေါ်ကနေစီးမိုးကြည့် လွန်းခြင်း အောက်ကနေ မော့မျှော်ကြည့်လွန်းခြင်း ကြည့် လွန်းစေခြင်း
တို့ သည်လည်း တစ်ခါတစ်ရံ မရှိသေးသော မဖြစ်တည်သေးသော
အဆိုးတရားများကို မွေးဖွားပေးလိုက်တတ်သည်လည်း ရှိတတ်ပါ၏
လူ့ အဖွဲ့ အစည်းကြားမှာ ကျင်လည်နေရသေးသူဖြစ်၍
ဧကစာလဲကျင့်  အများသဘောလည်း နားထောင် သဘောကို
 တစ်ချို့ ကိစ္စတွေမှာ အာရုံပြုနေရသေးလေ၏
လောက၏ လူမှု့ ဆက်နွယ်မှု့ များ သဘောသည် အင်မတန် ရှုတ်ထွေးလှခြေသည်။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..