'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, August 4, 2015
ညှပ်သတ်နဲ့ မြွေ...
ညှပ်သတ်နဲ့ မြွေ...
------------
ကျနော်တို့  နယ်ဖက်မှာ ညရေးညတာ သွားတဲ့ အခါ သြဇာကိုင်းလေး နွားရိုက်ကြိမ်လို လက်ကကိုင် ဟိုရမ်းဒီရမ်းနဲ့  သွားလေ့ ရှိတယ်..
..အဓိက က သရဲ နဲ့  မြွေခြောက်ဖို့ ပါ...အများအားဖြင့် သရဲအခြောက်မခံရတာ မြွေဘေးကင်းနေလေ့ ရှိပါတယ်....၊
မြွေကို ပရိယာယ်အရ စနေနံကောက်တဲ့ အခါကောက်ပြီး ကြာသာပတေးနံ အသံပညတ်အားကြီးလို့  ကြာသာပတေးနံ ကောက်တာမျိုးလဲ ရှိပါတယ်
ထူးခြားချက်က ကြာသာပတေးနံကောက်တဲ့  အခါ သြဇာ ဆိုတဲ့  ပညတ်နံဟာ ကြာသာပတေးနံ ကို စတုရန်းနံ+ ဆပွတ်နံ (၀ါ) ညှပ်သတ်နံ သဘော ဖြစ်နေပါတယ် တိုက်ဆိုင်မှု့ လား ရည်ရွယ်ချက်ရှိရှိလား မပြောနိုင်ပါဘူး...ပြီးတော့  သြဇာကိုင်းမဟုတ်ပဲ ကြုံရာ သစ်ကိုင်းခြောက်နဲ့  ဟိုရမ်းဒီရမ်းသွားရင်ရော အန္တရာယ်ကင်းမှာပဲ မဟုတ်လားလို့  စောဒကမတက်ဖူး မစမ်းသတ်ခဲ့ ဘူးပါဘူး...
.ဒါပေမယ့်  '' ဖုတ် ''ထုတ်တဲ့ အခါ = ဖုတ်=ဘုတ် =ဘုတ်= လူမှာဖွဲ့ စည်းထားတဲ့  မဟာဘုတ်ဓါတ်ကြီး လေးပါး ညီညွတ်မှု့ ပျက်သွားလို့  သေအံ့ ဆဲဆဲ ရောဂါဖြစ်နေတုန်း အပ အမှီခံရတဲ့ သဘောလို့  ယူဆတဲ့ အခါ = ဘုတ်= ဘော်ဒီကို ထောက်ပံ့ ပေးထားတဲ့ ခိုင်မာတောင့် တင်းမာကြောစေတဲ
ပထ၀ီဓါတ်ပျက်သွားလို့  အိပ်ယာထဲလဲ သေချိန်ထိုက်နေပေမယ့်  ဘော်ဒီလည်ပတ်မှု့ စနစ်က မပြိုကွဲသေးပဲ အပမှီနေတယ်လို့  ယူဆတဲ့ အခါ
''သြဇာရွက်တွေ '''ကို အဲ့ လူမမာရဲ့ ခေါင်းအောက်မှာ ထည့် လိုက်ရင် ဖုတ်ထွက်သွားတယ် ဘုတ်ထွက်သွားတယ် မဟာဘုတ်ဓါတ်ကြီး အပြီးပြိုကွဲသွားတယ် တကယ်သေသွားတယ်ဆိုတဲ့ သဘောယူကြတာလဲရှိပါတယ်.
.ဖုတ်မဟုတ်ရင် ဘုတ်မဟုတ်ရင် မဟာဘုတ်ဓါတ်ကြီးတွေ ယာယီအားနဲတာသာဖြစ်ပြီး
သေချိန်မဆိုက်ရောက်သေးရင်တော့  မသေ ဘာမှမဖြစ်ပေါ့ ..။
နောက်တစ်ခုက မြေ ဆိုတဲ့ ကြာသာပတေးနံကို ရောင်းချင်ရင် အဲ့ မြေကို သြဇာကိုင်း (သို့ ) အုန်း ၁ + ဇီး ၁ ညွန့်  နဲ့  ၁၉ ချက် ပုတ်ပေးရင် ( ၂ရက်၃ရက်တော့ ဆက်ပုတ်ရတယ်) အလုပ်ဖြစ်လွယ်တယ်ဆိုတာလဲ ညှပ်သတ်ကိန်းသဘောကို သုံးတာမျိုးပါပဲဗျာ
ဘုရားရှင်ရဲ့ ဥာဏ်တော်သုံးပါးဖြစ်တဲ့ '''ပုဒိအာ '' ရဲ့  အသုံးကလည်း ကျယ်ပြန့် ပါတယ်...အဲ့  ပုဒိအာကို ''အာဒိပု လို့  သြဇာရွက် ၁ရွက်ပေါ်မှာရေးပြီး ဆောင်သွားရင် မြွေဘေးက လွတ်တယ်လို့ ဆိုသလို
မြွေတောကို မရှောင်သာလို့ ဖြတ်ရတဲ့ အခါ စိတ်ထဲက မြွေအန္တရာယ်တွေကို ရည်စူးပြီး ''အာဒိပု ''လို့ 
တဖွဖွ ရွတ်သွားရင် မြွေဆိုးဘေးက လွတ်တယ်လို့ ဆိုတာ...အာဒိပု ဟာ ရည်စူးသူကို (၀ါ) မြွေကို အာစေးမိစေတယ် (၀ါ) ပါးစပ် ယာယီ မဟစေနိုင်ဘူးလို့  ဆိုတယ်...
--------------------------------------------------
မြွေ ဆို လို့  ည၂ နာရီလောက်က အိမ်မက်ထဲ မှာ မြွေတွေ အများကြီး ဘယ်က လာမှန်းမသိအိမ်တန်းတွေ ပေါ်မှာ တွဲလောင်းတွေ ဖြစ်နေလေရဲ့ ဘာဖြစ်တတ်လဲ ဆရာ
အိပ်မက်နေတုန်း အဲ့ အိပ်မက်အတွက် ကြောက်ရွံ့ စိတ်မဖြစ်ခဲ့ ရင် အဲ့ အိပ်မက်က ပြဿနာသဘော မဆောင်တတ်ဘူး...ပျော်နေသေးဆိုရင် ကောင်းအိပ်မက်သဘောဖြစ်လာတတ်တယ်...အကယ်၍ အခုအိပ်မက်ကို အိပ်မက်နေတုန်း စိုးရိမ်စိတ် အိပ်မက်ထဲမှာ ခံစားခဲ့ ရရင် ရိုးရိုးလေးပဲ အပေါ်ကရန်တစ်ခုခုကို (၀ါ) ကိုယ့် ရည်ရွယ်ချက်တွေကို တားဆီးမယ့်  အပေါ်ဝိတ်တစ်ခုခုကို တွေးကြောက်မိနေတာရဲ့ ရောင်ပြန်သဘောလို့ ယူနိုင်တယ် အဲ့ လိုမျးဖြစ်နေရင် ကိုယ့် စိတ်က ထင်တဲ့  သူကို အာရုံလွှတ်ပြီးမေတ္တာပို့ ပေးတာလေး စိတ်က မကြာခဏ လုပ်ပေးယုံပဲ..အိပ်မက်ကို ကျနော်ကတော့  ဒဲ့ ကောက်ခဲပါတယ် ပရိယာယ်နဲ့ သဘာဝသဘောကို ဦးစားပေးအရင်ကောက်တတ်တယ်
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..