--------------------------------------------
သူများအတွေ့ အကြုံတွေကို ကူပြီး စိတ်နာပေးရတာ ကိုယ်တိုင် ခံခဲ့ ရတာကို စိတ်နာတာလောက် မထိရှတတ်သလို....
သူများတွေရဲ့ စိတ်နာချက် အတိမ်အနက်ကို ကိုယ်တိုင် မဟုတ်သူက ခန့် မှန်းရခက်တတ်ပြီး ကိုယ့် ရဲ့ နာကျည်းချက်တွေကိုလဲ သူများတွေက ခန့် မှန်းရခက်လိမ့် မယ်...
သူများတွေရဲ့  ဒဏ်ရာကို ကိုယ်က ကြားကနေ ခွင့် လွှတ်လိုက်ပါ အကောင်းမြင်ပေးလိုက်ပါ လို့  ၀င်ပြောပေးရတာ လျှာဖျားလေးပဲလိုလို့  လွယ်သလောက်.......
ကိုယ်တိုင်ရဲ့  ဒဏ်ရာတွေကို သူများက ခွင့် လွှတ်လိုက်ပါ အကောင်းမြင်ပေးလိုက်ပါ ဆိုလာတဲ့ အခါ အားနာလို့ သာ....
တကယ်တန်း ရင်ထဲထိရှခံထားရမှု့ က ဒေ၀ဒတ်အမုန်းပဲ.....
စာတွေ့ တွေ သူများအတွေ့ တွေကတစ်ဆင့်  ဂျပန်တွေ အင်္ဂလိပ်တွေကို မနှစ်မြို့ ပါဘူးဆိုသည့် တိုင် ..
ကျနော်ငယ်စဉ်က ကျနော့် ကို ဆုံးမတာဆိုပြီး ကျနော့် တင်ပါးကို နိုင့် ထက်စီးနင်း ခြေဖမို့ နဲ့ ခတ်သွားတဲ့  ခုတော့ သေသွားပြီဖြစ်တဲ့  ဦးလေးကို စိတ်နာသလောက် မနာခဲ့ ဘူး...
.ဂျပန်တွေ အင်္ဂလိပ်တွေ နှိပ်စက်ခဲ့ တာ ကျနော်မှာ တိုက်ရိုက် မခံစားဘူးခဲ့ တာ......
လောကဟာ ကျယ်ပါတယ်...
လူအထွေထွေ ဘ၀အထွေထွေပါပဲ
ခံစားချက် ကိုယ်စီနဲ့ ပါပဲ
ကိုယ့် ဒဏ်ရာဟာလည်း ကမ္ဘာမှာ အကြီးကျယ်ဆုံးဝေဒနာတွေထဲက ဝေဒနာပါပဲ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..