'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, August 4, 2015
ကိုယ်တိုင် ဆေးရောင်စုံခြယ်ရတဲ့ အမှားတွေနဲ့ သာ ...
ကိုယ်တိုင် ဆေးရောင်စုံခြယ်ရတဲ့ အမှားတွေနဲ့ သာ ...
---------------
ဖြတ်သန်းခဲ့ သမျှတွေ ကာလလေးတွေက ပြုမိခဲ့ သမျှ အမှားလေးတွေရဲ့  အကြောင်းကို နားထဲမှာ နားကျပ်တပ် mp3လေးဖွင့် ပြီးပြန်တွေးလိုက်တဲ့ အခါ.....
ကျနော် တွေးခေါ်ဆင်ခြင်ပြီး ပြုမိခဲ သမျှ တွေဟာ ကျနော်ဟာ ကျနော် တော့ အမှန်တွေချည်းလို့  ထင်မိလို့ ပြုမူခဲ့ တာတွေသာဖြစ်ပြီး ပြုမိခဲ့ သမျှထဲက တစ်ချို့  ပြုမိခဲ့ တဲ့ ကိစ္စတွေကို ပြန်သုံးသပ်မိလို့  အမှားတွေလို့ ထင်တဲ့ အမှားတွေက ၇၅ %လောက်ဖြစ်နေခဲ့ တာပါပဲ..
ဒါပေမယ့် အဲ့ ပြုမိ မှားခဲ့ သမျှတွေ အတွက် ခုထိတော့  နောင်တ မရမိခဲ့ သေးပါဘူး အမေ...ဘာလို့ ဆိုတော့  ကျနော်က သူများ အတွေးတွေကို ယူပြီး အမှားပြုမိခဲ့ တာ မဟုတ်ပဲ
ကျနော့် ကိုယ်ပိုင်အတွေး နဲ့ ကိုယ့် ဟာကိုယ် မှားခဲ့ တာဖြစ်လို့ အဲ့ အမှားအတွက် နောင်တရယ်လို့ မရခဲ့ မိတာပါ...
ပြီးတော့ လေ..နောက်ကိုလည်း ဆက်လက်ပြီး အမှားတွေ ပြုမိကောင်းပြုမိဦးမှာပါအမေ...ဘာလို့ ဆို အဖေ့ သွေး အမေ့ သား ကျနော်က သူများ မှားခိုင်းလို့  လိုက် မှားပေးရတဲ့ အမှားတရား လက်ဝေခံ ဘ၀ထက် ကိုယ်တိုင်တွေး ကိုယ်တိုင်ရေး ကိုယ်တိုင်ပြု ကိုယ်တိုင် ဆေးရောင်စုံခြယ်ရတဲ့ အမှားတွေနဲ့ သာ ပျော်တတ်တဲ့ သူမို့ လို့ ပါ အမေရယ်.....။
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..