Powered By Blogger

Monday, August 3, 2015

ခုနောက်ပိုင်း ခဏခဏပေါက်ကွဲရတဲ့ အကြောင်း

ခုနောက်ပိုင်း ခဏခဏပေါက်ကွဲရတဲ့ အကြောင်း
-----
ကျနော်တို့ တိုင်းပြည်က ဗုဒ္ဓယဉ်ကျေးမှု့ အပေါ်မှာ အခြေခံတည်ဆောက်လာတာဖြစ်လို့  အများစုက မရိုင်းလွယ်ကြပါဘူးဗျာ... အများအားဖြင့်  ကရုဏာကြီင်္းကြတယ် မေတ္တာထားလွယ်ကြတယ်..ဒါကလည်း ဂျပန့် ခေတ်က စစ်ပြေးဂျပန်တွေကို ပြန်သနားပြီး ဖွက်ပေးထားတာ  မောင်နေ၀င်းတက်စက အဓိကရုန်းမှာဖွက်ပေးထားတာတွေ စသဖြင့် ပေါ့  အဲ့ လိုသက်သေတွေ အများကြီး၊ မတ္ထီလာတုန်းက ကိုယ်တော်တစ်ပါဆို သူ့ ကိုသတ်ချင်သတ်သွားဆိုပြီးခေါ်တောင်စောင့်လျှောက်ထားခဲ့ တာ..



.ဘာကြီးမှန်းမသိတဲ့  အားနာခြင်းဆိုတာတောင် ကိုယ့် ရဲ့ ကံသုံးပါး အပြုအမူကြောင့်  သူတစ်ပါး စိတ်ဆင်းရဲသွားမှာကို မဖြစ်စေချင်တဲ့  မေတ္တာကရုဏာသဘောတွေအားကြီးတဲ့  ဗုဒ္ဓယဉ်ကျေးမှု့ ကနေ အခြေခံစဖြစ်လာတာမျိုး....မုဒိတာ ဆိုတာ သူတစ်ပါးကြီးပွားချမ်းသာ အဆင်ပြေနေတာကို
အားကျခြင်း ၀မ်းသာပေးခြင်း ချီးမွမ်းထောပနာပြုခြင်းသဘောတွေ..အဲ့ သဘောကနေ ဘယ်သူဘယ်ဝါချမ်းသာနေရင် လွယ်လွယ်ပဲ မုဒိတာပွားစကားပြောလိုက်တတ်ကြတယ် '' ရှေးကုသိုလ်ကောင်းလိုက်ကြတာတဲ့ .'''...သူတစ်ပါးချမ်းသာမှု့ ဆီကနေ သွားလုဖို့  မနာလိုဖို့  စိတ်ကူး မရှိကြဘူး...ကိုယ့် ဆီက ဂုတ်သွေးစုပ်ပြီး ချမ်းသာနေသလား တိုက်ရာပါပစ္စည်းတွေလားတောင် လိုက်မစပ်စု အကဲမဖြတ်ကြဘူး..

ဒီဘက်ခေတ်မှာတော့  အဲ့  ကာရိုက်တာတွေ ပျက်ဆီးသွားတဲ့ အပြင် ချမ်းသာသူတစ်ယောက်ဆို ရိုးမှရိုးရဲ့ လားက စဖြစ်လာတယ်..အဲ့ လိုတွေဖြစ်ကုန်အောင် စစ်အာဏာရှင်တွေရဲ့  အပြုအမူတွေက တင်စရာကောင်းလောက်အောင်ကို ဖြစ်နေတာမျိုးပဲ....ပြီးတော့ ကျနော်တို့ တိုင်းပြည်သားတွေက
 တော်ယုံနဲ့  ထပေါက်ကွဲလေ့ မရှိခဲ့ ဘူး.အခု ခဏခဏပေါက်ကွဲနေရတာက စစ်အာဏာရှင်တွေရဲ့ အပြုအမူတွေက မတရားမှု့ တွေက အိုဗာဖြစ်လွန်းလာလို့ သဘောပါပဲ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..