Powered By Blogger
Monday, August 3, 2015
၎ နဲ့ ၈
 ၄ နဲ့ ၈
----------
ကိုယ်တိုင်က ၈ ရက်မွေး ဆိုတော့  ၈ ရဲ့ ပြဿနာတွေကို ပိုလက်တွေ့ သိတယ်ပေါ့ လေ..နောက်တော့ စာအုပ်ဖတ်ရင်းက ၈ နဲ့  အမွှာပူးလားထင်ရအောင် ရစ်တတ်တဲ့  ၄ ဂဏန်းအကြောင်းကိုပါ သတိထားမိလာတယ်...အဲ့  ၄ ရော ၈ ရောကို စိတ်ဝင်စားလို့ တစ်ခြား ၁၂၃၄ တွေထက် ပိုသတိထားကြည့် မိတယ်..
ကြည့် မိပုံကလည်း ခံရပါများလို့ လားမပြောတတ်ဖူး အဆိုးမြင်ထောင့် ကချည်းကြည့် မိတာ အဲ့ တော့  အပျက်ရှာ အပျက်မြင်သဘောနဲ့ တူပါရဲ့  အပျက်သဘော အဆိုးသဘောတွေသာခပ်များများတွေ့ မိသလိုဖြစ်နေတော့ တာပေါ့ လေ...
အဲ့ ဂဏန်း ၂ လုံးက ဘာကိုကြိုက်ပြီး ဘာကိုရစ်သလဲ နဲ့  သဘာဝအရရစ်တာလား လူ အနေအထိုင်မတတ်လို့ ရစ်သလား နဲ့ ရစ်ရင် ဘယ်လိုဖြည်မလဲ ဘယ်လိုကြိုကာကွယ်မလဲကို ဦးစားပေး ကြည့် တယ်ပေါ့ ..အဲ့ လိုကြည့် တာက ဒဲ့ ပြောရရင် အများဆိုင်ရာအတွက် ဟောကိန်းနောက်လိုက်တာမဟုတ်ပဲ ကိုယ့် အတွက်ကိုယ် အဓိက ချက်ကင်ဝင်နေတာပါဗျား..
နောက်တော့  အများအတွက် သတိထားကြည့် ရင်းက ၂၀၀၄ ဆူနာမီမှာ အတော်ဖြုံသွားတယ်..ဖြုံပေမယ့် ဒါက ကိုယ့် နိုင်ငံ အဖျားခတ်သဘောလောက်ရယ် ထိုင်းနဲ့ အင်ဒို ခံရချက်ကကြီးကျယ်တယ် အဲ့ မှာ နဲနဲသတိထားမိတာက ဒီဂဏန်း ၂ လုံးသဘောက ကမ္ဘာလုံးဆိုင်ရာ အဖျက်စွမ်းအင် သဘောလို့ တွေးထားလိုက်တယ်ပေါ့ .အဲ့ တော့ နောက်လာမယ့်  ၂၀၀၈ မှာ ဘာတွေများ မှတ်လောက်သားလောက်ဖြစ်မလဲလို့ စောင့် ကြည့် ဦးမှလို့ တေးထားလိုက်ပါရောဗျာ
ကျနော် အဲ့ ၎ နဲ့  ၈ ကို လိုက်နေပုံက ပြောရရင်ပညာသဘော မဆန်ဘူး ချဲတွက်သလို ကလင်ဒါကျစတိုင်စောင့် တာ...၊ ၂၀၀၄ ဆူနာမီ ကို သတိထားမိလိုက်တာက ၄ ၁ လုံးထဲ သိသာလွန်းအောင်ဖြစ်နေလို့ ..၊ ၂+၀+၀+၄= ၆ စတိုင် မျိုးမဟုတ်ပဲ နောက်ဆုံးက ၄ ပိတ်နေတာက ပေါ်တင်ဖြစ်နေလို့ ..အဲ့ မှာ ပြဿနာက ပေါင်းခြင်းစတိုင်နဲ့  ၂+၀+၀+၂= ၄ ဆိုတဲ့  နှစ်မှာ ဘာတွေ ထူးခြား အပျက်သဘောတွေ ဖြစ်ခဲ့ သလဲကို ပြန်တွေးတာ ဘာမှ တွေးမရဘူး...ဒါနဲ့  နောက်ကြောင်းကို ပြန်ချက် မနေတော့ ပဲ ရှေ့ လာမယ့်  ၂၀၀၈ ကိုသာစောင့် ကြည့်မယ်ပေါ့ လေ..အဲ့ မှာကြည့် တဲ့ ပုံက ၂+၀+၀+၈=၁+၀=၁ သဘောမဟုတ်ပဲ ချွန်ထွက်နေတဲ့ ၈ ကိုပဲယူလိုက်တာ..အဲ့ မှာ တိုက်ဆိုင်ပြန်ရော နာဂစ်နဲ့ ...အဲ့ မှာပြဿနာတက်တာကြတော့  နာဂစ်က ကိုယ့် နိုင်ငံဒဲ့ ကြီးလာတာမျိုးဖြစ်နတယ်...အဲ့ မှာ ၈ ကို အတော်ဖြုံစရာကောင်းတာပဲလို့  မှတ်ထားလိုက်ပြန်ရော...
ဒါနဲ့  အခု ၂၀၁၅ မှာတော့  ရေက သရုပ်ပျက်သွားတာ သိသာတယ်ဆိုတော့  ၂၀၁၇ မှာ ၁၇= ၈ သဘော.။ ၂၀၂၂ မှာ ၂၂= ၄ သဘောတွေက ၁၇ နဲ့ ၂၂ က ချွန်ထွက်ပြီး ၈ နဲ့  ၄ သဘောဆန်လွန်းနေတယ်လို့ ထင်ထားတယ်ပေါ့ လေ  ဘာဘေးဆိုးတွေများလာဦးမလဲပေါ့ ...ကိုယ့် ဟာကိုယ်အလုပ်ပေးထားတဲ့ သဘောပေါ့  ဒါမျိုး ပြဿနာတစ်ခု လုပ်ပြီး စောင့် ကြည့် ရတာ လောကီပညာ စိတ်ဝင်စားသူတွေ စတိုင် သဘောအရတော့  ပျော်စရာတော့ ကောင်းတယ်..
အခုရေးပြတာ ဟောကိန်းထုတ်တာ မဟုတ်ဖူးဗျာ့  လောကီပညာတွေကို အုံးလိုက်စားရတာဝါသနာပါရင် ဒီလိုဒီလိုတွေ ရှိတယ်ပေါ့ လေ...တစ်ခြား ဂဏန်းတွေအကြောင်းတော့  မသိပါဘူး စာအုပ်ထဲကလောက် သူများတွေဖတ်ဖူးသလောက်ပဲ ဖတ်ဖူးတာ...သဘောကတော့  ဒီ ၄ နဲ့  ၈ ဂဏန်း နှစ်လုံးနဲ  ဆော့ နေတာမျိုးလို့ ...ပြီးတော့ ဝမ်းဘိုင်ဝမ်းထက် အများသဘောကို ခြုံငုံပြီးစောင့် ကြည့် နေတာမျိုး..
တစ်သက်စာ အတွေ့ အကြုံအရတော့  ၄ နဲ့  ၈ က ကလိမ်ကျစ်ကိုမကြိုက်ဘူး သစ္စာဆန်တယ် ဓမ္မသဘောကိုကြိုက်တယ် အဓမ္မဆန်ရင်မကြိုက်ဘူး မရိုးသားတာလုပ်လို့ မရဘူး လောကီစီးပွားသဘောတွေထက် လောကုတ္တရာ ဆန်တယ်  ကိုယ် အတွက်ထက် သူများကိုပံ့ ပိုးရတာများလွန်းတယ် ဆိုတာတွေကတော့ သိသားလွန်းတယ်ပေါ့ လေ..အဲ့ တော့ ၎ နဲ့  ၈ နဲ့ ပတ်သက်လွန်းနေသူတွေဟာ ဓမ္မနည်း သမာအာဇီဝ ကျကျသာ စီးပွားရှာစားလို့ ရတယ်
ဥပဒေမဲ့ တို့  သူများကိုနင်းပြီးရှာတာမျိုးတွေ ၂ လုံးဒိုင်ကိုင်လို့ မရဘူးသဘောတွေ နဲ့  ပုံမှန်နေရင်းကတောင် ဘုရားနဲ့  ရင်းနှီးနေအောင် နေပြီး စီးပွားလုပ်တာသာကောင်းတယ် အပျော်လွန်ပြီး ဘုရားနဲ့ ဝေးသွားတာနဲ့ ပုံမှန်အခြေအနေတွေကနေ ဖယိုဖရဲတွေ ဖြစ်လာတတ်တာ တွေ့ ရတယ်ပေါ့ လေ..
ပြီးတော့  ဒီ ၄ နဲ့ ၈ က လူတွေကို တစ်ယောက်ချင်းကိုယော လူ့ အဖွဲ့ အစည်းတွေကိုပါ   ပြဿနာ အတော် ရှာတတ်တဲ့ သဘော တိုက်ဆိုင်ချက်တွေက ခရစ်သက္ကရာဇ် ဂဏန်းကလာတဲ့ သဘောဖြစ်နေပြီး မြန်မာကောဇာသက္ကရာဇ်ကနေ ထွက်လာတဲ့  ဂဏန်းဗေဒင်သဘော အယူအဆမျိုး မဟုတ်တာကိုလဲ သတိထားမိသေးတယ် မြန်မာကောဇာမှာ ဆန်းတွေ ဆုတ်တွေ အမြိတ္တရက်တွေ သမားညို သမားဖြူ ဘာညာကလီကမာတွေပဲ ဖတ်ဖူးတာမျိုး...အတော်တော့ ကြာပြီ အဲ ၄ နဲ့ ၈ ကို တစ်ခြားတောင်တောင် အီအီတွေပါ ပျင်းရင် ထိုင်အုံးစားလိုက် စောင့် ကြည့် လိုက်နောက်ကြောင်းတွေ ပြန်တွေးကြည့် လိုက် ပေါင်းနှုတ်မြှောက်စားတွေလုပ်လိုက်နဲ့ ပေါ့ လေ....
ချုပ်လိုက်ရင် အုံးစားချင်ရင် လောကီပညာမှာ အုံးထိုင်စားပြီး ကိုယ့် ဟာကိုယ် တစ်ယောက်ထဲ ပျော်စရာကောင်းနေတာတွေရှိတယ်ပေါ့ လေ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..