Powered By Blogger

Friday, July 31, 2015

ဝါဆိုပန်းနဲ့ လာဘ်ရွှင်နည်း ( မင်းကွန်းက ရခဲ့ တာပါ)



ဝါဆိုပန်းနဲ့ လာဘ်ရွှင်နည်း ( မင်းကွန်းက ရခဲ့ တာပါ)
-----------
မင်းကွန်းက လောကီပညာကျွမ်းတဲ့ ဘုန်းတော်ကြီးဆီမှာ တစ်ဝါတွင်းခဏနေခဲ့ ဘူးတုန်းကရခဲ့ တာပါ  တစ်ကြိမ်ရေးပြဖူးပါတယ်၊ အဲ့ ဘုန်းတော်ကြီးကတော့  ခုတော့ မရှိတော့ ပါဘူး...မန္တလေးက ဘောစိတွေ ကိုးကွယ်ပါတယ် အထူးသဖြင့် မိုးကုတ်ကကျောက်သမားတွေအထူးပေါ့ ..၊



ဘုန်းကြီးတွေ ၀ါဆိုတော့  ပန်းကပ်ပြီး ၀ါဆိုကြပါတယ်...အဲ့ ပန်းကို စွန့် တဲ့ အခါ အခြောက်လှမ်း အမှုံ့ ထောင်းပြီး ပုလင်းတွေနဲ့ ဆောင်ထားပြီး ဈေးရောင်းတဲ့ အခါ အဲ့ အမှုံ့ နဲနဲကို ရေမွှေးရေထဲ့ စိမ်ပြီး ဆိုင်ကို လက်နဲ့ စတိလျှောက်ပက်ဖြန်းပေးကြတယ်လို့ ဆိုတယ်...အခြောက်လှမ်းတာ အမှုံ့ ထောင်းတာက ကျောင်းက စားတော်ကြီးက ပင်တိုင် လုပ်ပေးပြီး ကျောင်းဒကာ ကျောင်းဒကာမတွေ ဧည့် တွေကို ပြန်စွန့် ပေးတာပါပဲဗျာ...တစ်ချို့ က ညက်နေအောင် အမှုံ့ လုပ်ပြီး သနပ်ခါးထဲ စတိထည့် မွှေမျက်နှာပွတ်ဈေးထွက်တာလုပ်တယ်လို့  ဘုန်းကြီးဒကာမတစ်ချို့ ကပြန်ဖေါက်သည်ချပါတယ်..

ကိုယ့် အိမ်က ၀ါဆိုအတွက် ရည်စူးပြီးထိုးလှုတဲ့ ပန်းတွေကို အဲ့ ဒီလိုလုပ်လည်း ရနိုင်ကောင်းတယ်လို့ တွေးမိပါတယ်...ဈေးသည် မဟုတ်လို့ မစမ်းဖြစ်ခဲ့ ပါဘူး..နောက်တစ်ခါ ဆက်တွေးစရာက မျက်နှာပွင့် ဖို့  ဘာညာ စသဖြင့် ပေါ့  အထွေထွေ နည်းတွေ ကြံစည်လို့ ရနိုင်ကောင်းပါတယ်...ပန်းကတော့  အမျိုးစုံတွေ့ 
ခဲ့ ရပြီး သစ္စာတွေကတော့  ပိုများတာတွေ့ ခဲ့ ရပါတယ်..ကျောင်းကိုလာတဲ့ မိုးကုတ်နဲ့ မန်းသာတွေကတော့ သဲသဲလှုပ်ဝိုင်းယူကြပါတယ် .အခြောက်လှမ်းတာက နေရိပ်ထဲမှာ သွေ့ အောင် အခြောက်ခံထားတာမျိုးပါ...

နောက်တစ်ချက်က ရွှေတိဂုံဘုရားမှာ ပန်ပေါင်းစုံ ဘုရားရုပ်ပွားတော်လေးတွေ ရောင်းတာရှိပါတယ်...ဘုရားကြီးကစွန့် တဲ့ ပန်းတွေကို အမှုံ့ ကြိတ် အခြောက်လှမ်းပြီး ဘုရားရုပ်ပွားတော်အဖြစ် ပုံလောင်းပူဇော်တာပါ  ပန်းပေါင်းစုံ ရုပ်ပွားတော်တွေဟာ ပေါ့ ပါတယ်.
လွှာစာမှု့ံထုတ် မ  ရသလိုပါပဲ...

သဘောက ဘုရားကပ်လှုတဲ့ ပစ္စည်းတွေကို ဆေးဖြစ်ဝါးဖြစ်ပြန်စွန့် ယူ တောင်းသုံးရင်ရတယ်ပေါ့ လေ...ဘုရားညောင်ရေအိုးရေက သစ္စာဆိုရေ အဖြစ်သုံးသလိုပေါ့ ...ကျနော်လည်း တစ်ခါတစ်လေ ဘုရားကပ်ထားတဲ့  သောက်တော်ရေကို ဆေးအဖြစ်ပြန်ယူစွန့် ပြီး အိမ်သန့် ပစ်တဲ့ အခါမှာ သုံးချင်သုံးတတ်ပါတယ်ဗျား...


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..