Powered By Blogger

Friday, July 31, 2015

မီးထွန်းပိုက်ဆံကို အဆောင်အဖြစ်ဖန်တီးပုံ





မီးထွန်းပိုက်ဆံကို အဆောင်အဖြစ်ဖန်တီးပုံ
----------------------------------
( သစ္စာစကားဆိုရရင် ဒီနည်းပညာဟာ ကျနော်က စပြီး အများသူငါတွေအတွက် တွေးဆကြံစီ တီထွင်အသုံးပြုတာပါလို့  ရဲရဲဆိုပါတယ်)

ဒါက ပုံမှန်မီးထွန်ူပိုက်ဆံကို အဆောင်အဖြစ်ပါထပ်သုံးတာပါ..ကျနော့် ဆီလာတဲ့ သူ တစ်ချို့ ကို ကြုံလို့ စိတ်ကူးပေါက်ရင်လုပ်ပေးလိုက်လေ့ ရှိတယ် အထူးသဖြင့်  ခရီးသမားတွေအတွက်ပေါ့ ...လုပ်ပုံက  ဥပမာ တနင်္လာသားသမီးဆိုပါတော့ ...သူ့ အကာအကွယ်အတွဲ မတွန့် စေရက သပြေ ပေါ့ ...



၁။ မီးထွန်းပိုက်ဆံအဖြစ် ၆ထောင့် ကြယ်နဲ့  စဓဗ၀ စမလေးလုံးဒီဇိုင်းကို သုံးထောင့် ချိုးပိုက်ဆံမှာ ပုံမှန်ဆွဲလိုက်ပါတယ်..

၂။ နောက်တစ်ဖက်လှန်လိုက်ပြီး ပိုက်ဆံခေါက်ချိုးကို ပြန်ဟလိုက်ပြီး အလယ်မှာ ဒဘလယ်တိပ်ကို ကပ်လိုက်ပါတယ်..အဲ့  ဒဘလယ်တိပ် အလယ်မှာ သပြေရိုးလေးတင်လိုက်တော့  သပြေရိုးလေးက ကပ်နေပါတယ်

၃။ ခေါက်ချိုး ၂ဖက်ကို ပြန်ပိတ်လိုက်တဲ့ အခါ မတွန့် စေရ အသားလေးပါနေတဲ့  မီးထွန်းပိုက်ဆံ အဆောင်လေးရလာပါတယ်...အဲ့ ပိုက်ဆံလေးကို နိုင်ငံသားကပ်ကိုပလပ်စတစ်လောင်းဆောင်သလို ပလပ်စတစ်လောင်းဆောင်ထားလိုက်ရင် မပျောက်မချင်း ခံတဲ့  သွားလေရာ ပေါ့ ကက်မန်းနီးအိပ်ထဲဖြစ်စေ အင်းကျီအိပ်ထဲဖြစ်စေ ဂျင်းဘောင်ဘီ ဖင်ကပ်အိပ်ထဲဖြစ်စေ ဆောင်ထားလို့ ရတဲ့  (အလုပ်လုပ်နေရင်းဖြစ်စေ) ဆောင်ထားလို့ ရတဲ့  ကာဗာအဆောင် ဖြစ်သွားပါပြီ...

၎။ နေ့ သားသမီး တစ်ယောက်ချင်းဆီဟာ အဲ့ အဆောင်ကို ကိုယ့် အတွက်ကိုယ် မီးထွန်းပိုက်ဆံအဖြစ်ရော သွားလေရာဘေးကင်းအဆောင်အဖြစ်ပါ သုံးလို့ ရသလိုခရီးတွေထွက် တည်းခိုးရာမှာ ခေါင်းအုံးအောက်ထားအိပ်တာ ရေစိမ်မျက်နှာသစ်တာရေချိုးတာတွေ လုပ်လို့ ရပါတယ် ဈေးဆိုင်ကိုလည်း အဲ့ အဆောင်နဲ့  ရေမွှေးရေနဲ့ ပက်ဖြန်းလို့ ရသလို အိမ်ထောင်ဦးစီးဆိုရင် အဲ့ အဆောင်နဲ့  ရေမွှေးရေနဲ့  လိုက်ပြီးတောက်ဖြန်းပက်ဖြန်းအိမ်သန့် လို့ ရပါတယ်

၅။ ကိုယ်တိုင်အတွက် ကိုယ့် ဟာကိုယ်လုပ်လဲရသလို သူများအတွက် ကိုယ့် မိသားစုတွေ အတွက် လုပ်ပေးလို့ ရပါတယ် ဘယ်နှစ်ခုပွားလုပ်ထားထားရပါတယ် ဥပမာ ခေါင်းအုံးအောက်တစ်ခု ဆောင်တာတစ်ခုသဘောပေါ့ ...

၆။ နေ့ သား မတူကြရင်  ၆ ထောင့် ကြယ်ရဲ့ အလယ်မှာ ဂဏန်းပြောင်းပါတယ်...ဥပမာ တနင်္ဂနွေသားသမီးအတွက်ဆို ၆ထောင့် ကြယ်အလယ်မှာ ၁ ပေါ့  စနေသားသမီးအတွက်ဆို ၇ ပေါ့ ...

၇။ ၇နေ့ သားတွေအတွက် အလွယ်ထည့် ပေးတဲ့ မတွန့် စေရ အရိုးလေးက

တနင်္ဂနွေဆို သစ္စာပန်းအရွက်အလယ်က အရိုးလေး (သို့ ) မရမ်းရိုး
တနင်္လာဆို ..သပြေ/သြဇာ
အင်္ဂါဆို ခရေရိုး
ဗုဒ္ဓဟူး..ဆို စပယ်အရိုး ကသစ်အရိုး
ကြာတေးဆို..စွယ်တော်ရိုး
သောကြာဆို ပိတောက်ရိုး
စနေဆို မာလာကာအရိုးလေးပါ....

၈။ တစ်ခုခု အခက်အခဲရှိလာရင် ဆန္ဒတစ်ခုခု ဥပမာငွေလိုနေတယ်ဆိုရင် အဲ့ အဆောင်လေးကို ကိုယ့် လက်ဝါးနဲ့ ကိုယ် ဖြတ်ဖြတ်ဖြတ်ဖြတ်နဲ့  အာရုံပြု ပုတ်လိုက်တာမျိုးလည်း ရပါတယ်....

၉။ ဒီအဆောင်ကို အသေအလဲ ဂရုစိုက်စောင့် လျှောက်နေစရာမလိုသလို နေရာရှောင်စရာမလိုပါဘူး ဆောင်ထားလို့ ပျောက်သွားရင် အသစ်တစ်ခု အလွယ်ပြန်လုပ်ဆောင်လို့ ရပါတယ်..


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..