
အတိတ်နမိတ်၊ ရွှေခွက်၊ သိမှု့ သဘော သဘာဝတ္တတရား နဲ့ လောင်္ကီပညာ
------------
ကျနော်တို့ သက်တမ်းမှာ သီချင်းတစ်ပုဒ်က တစ်ပြည် လုံး ဟော့ ပြီး နောက်တော့ သီချင်း အတိုင်းလိုက်ဖြစ်တာ လူတကာအတွက် အသိသာဆုံး သီချင်းက သုံးပုဒ်ပေါ့  ပထမအပုဒ်က အာလူး လာမပေးနဲ့ ဆိုတဲ့ သီချင်းထဲက ဘူတာရုံမှာ သင်္ဘောကြီးတွေဆိုက်လို့ ရယ်တို့ လေယာဉ်ပျံကို ခဲနဲ့ ထုရင်ထိလိမ့် မယ်ဆိုတဲ့ စာသားတွေပါတယ် နောက်တော့ ရေကြီးချက်က ပြည်ရွှေဆံတော်ဘုရား ခြင်္သေကြီးရဲ့ ခြေရင်းအထိ ရေ ရောက်တယ် ပြည်ဘူတာကြီးထဲရေရောက်တယ်ပေါ့ လေ...အဲ့ လောက်မကြုံစဖူး ရေကြီးလို့ အဲ့ သီချင်းက ရှေ့ ပြေးနမိတ်လို့ လူကြီးတွေကပြောကြတယ်...
နောက်တစ်ပုဒ်ကတော့  အိုးလေးလှုပ်ပါဦးတဲ့ ...ဒါက ဒီဘက်ခေတ်ဆိုတော့  အတော်များများသိတယ်ပေါ့  ဒါဟော့ ပြီးတော့  နာဂစ်ဝင်တယ်ပေါ့ လေ...အဲ့ မှာ ဘန်းစကားက လန်ထွက်နေတာပဲနဲ့ ချိတ်ဆက်ပြီး ပြောသေးတယ် ခေါင်မိုးတွေ ပွင့် ထွက်ကုန်တယ်ပေါ့ လေ...
ဒီနှစ်ဆန်းပိုင်းက ၀ါထှာဖါထီ ရေဖါထီ လည်း အဲ့ သဘောဝင်သွားသလား ထင်ရတယ် အဲ့ ဝါထှာဖါထီက ဒီနှစ်မှာ အပေါက်ဆုံး ဖြစ်သွားတော့ လဲ ထင်စရာပေါ့ ဗျာ..
.ကျနော်ကတော့  နမိတ်သဘောတွေကို ယုံတယ် ဘုရားကျမ်းတွေထဲက ဘုရားကိုယ်တိုင် ဘုရားမဖြစ်ခင်မက်ခဲ့ တဲ့ အိပ်မက်သဘောတွေအရ ရောကိုယ်တွေ့ တွေရော ''' ဇမ္ဗူဒီပါ လက်ယျာ တောင်ကျွန်း သြဘာ နမိတ်ထွန်း ''' ဆိုတဲ့  ရှေးလူကြီးတွေရဲ့  စာချိုးအရရောပေါ့ ...
ဒီ အတိတ်တွေ နမိတ်တွေ ''' ရှိခြင်းသဘော ''က ''လူ့ ကံ'' သဘောကြောင့်  ဖြစ်လာတာမျိုးလို့ ယူတယ် '''ရှိခြင်းသဘော ဖြစ်လာရင် သိခြင်းသဘောပါ ဖြစ်လာလေ့ ရှိတယ် '''. သိခြင်းသဘောမှာ တိရိစ္ဆာန်တွေရဲ့ အသိ ဥပမာ မိုးသိပ်များတော့ မယ့် နှစ်ဆို နွေနှောင်းပိုင်းတွေမှာ အိမ်က ပုရွက်ဆိပ်တွေ ကြမ်းပြင် တွင်းသိုက်တွေကနေ တိုက်နံရံ တိုင်တွေ အပေါ်ကို တန်းစီတက်ပြီး အသိုက် ပြောင်းတာမျိုး သဘောပေါ့  ဒါမျိုးကိုတော့  သဘာဝ အသိတစ်မျိုး သူ့ ကံအဆင့် နဲ့ သူ သိခြင်း သဘောလို့ ခွဲယူတယ်...
လူ့ အသိကတော့  ပို အဆင့် မြင်ပြီး '''အတိတ် နမိတ် တဘောင် စနည်း ဘဝေါ ''စသဖြင့်  သိခြင်း သိမှု့ ပုံစံအမျိုးအစားတွေ အဆင့် တွေကိုတောင် ခွဲခြားထားနိုင်သေးတယ်..
ဒီလို သိခြင်း သဘောတွေဟာ လူ တစ်ယောက်နဲ့ တစ်ယောက် ကံဖွဲ့ စည်းပုံ မတူနိုင်လို့  သိခြင်း အဆင့် တွေမှာလည်း မတူနိုင်ဘူး..ပါရမီကြီးတဲ့ ပညာရှင်အဆင့် အသိသဘော သမားရိုးကျ ပညာလိုက်စားသူ အသိသဘော အတွေ့ အကြုံတွေကို သတိထားမိရာက သိလာတဲ့  အရပ်သားအသိသဘော စသဖြင့် ပေါ့  သိမှု့ သဘောတွေ ကွဲသွားသလို သီလဖြူစင်ခြင်း အထူအပါးကြောင့် လည်း သိမှု့ သဘောကွဲသွားတယ်...
ဒီသိမှု့ သဘောမှာ လူ့ ရဲ့  ကံ အဆင့် မြင်ပုံက သဘာဝတ္တတရားက ပြတဲ့  အတိတ်နမိတ်သဘောကို လိုက်ဖမ်းပြီးမှ သိရတာရှိသလို သဘာဝတ္တတရားက ပြပေမယ့်  ပညာသိနဲနေရင် ကိုယ့် လောဘ ဒေါသမောဟတွေ က သိပ်ထူနေရင် သိခွင့် ရှိတာကို မသိလိုက်တာမျိုးတွေလည်းရှိတယ် ထူးခြား သိမှု့ သဘောက ကိုယ်သိလိုတဲ့ သဘောကို အတိတ်နမိတ်အဖြစ် သဘာဝတ္တတရားကို ရှေးဖြစ် ခုဖြစ်တွေ အတိတ်နမိတ်တစ်စုံတရာ ပြပေးပါလို့ လူက တောင်းဆိုခွင့် ရှိတယ် ကြိုသိခွင့် ရှိတဲ့ သဘော လူ့ ကံ မှာ ရှိနေတဲ့ အချက်ပဲ....
အဲ့ ဒီလို သဘာဝကို မေးပြီး ရှေးဖြစ်ကို လူ့ ကံက ကြိုသိခွင့် တွေထဲမှာ ဘုရားရဲ့  ရွှေခွက်မျှော တဲ့  အဖြစ်က အထင်ရှားဆုံး ကျမ်း သက်သေသဘောရှိတယ်...ဘုရားဟာ ဘုရားအဖြစ် ကျင့် တယ် ဘုရားဖြစ်မလာဘူး ဒီတော့ နည်းမှားတယ်လို့ ထင်တယ် ဒီတော့ နည်းသစ်ပြောင်းတယ်...နည်းသစ်ပြောင်းတဲ့ အခါမှာ ဘုရားဟာ သဘာဝတ္တတရားကြီးကို မေးလိုက်တယ် ''' ငါဟာ အခု ဘ၀မှာ ဘုရားဖြစ်ကိုဖြစ်ရမယ့်  ကံ ရှိနေရင် ဒီရွှေခွက် မြစ်ညှာကို ဆန်ပြပါ '' လို့ တောင်းဆိုလိုက်တယ်..
ဘာကြောင့် တောင်းဆို လိုက်သလဲဆိုရင် ဘုရားလောင်းနဲ့  ယှဉ်နိုင်တဲ့  ဥာဏ်ဟာ ဘုရား မဖြစ်ခင်မှာကို ဒီလောကထဲမှာ ယှဉ်နိုင်သူ မရှိတော့ ဘူး..ဘုရားဟာ ဘုရား မဖြစ်ခင်မှာကို လောကီပညာတွေကို အကုန်အစင်တတ်မြောက်သူဖြစ်နေခဲ့ ပြီးသားဖြစ်တယ် ကျင့် ကြံအောင်မြင်ခဲ့ ဘူးပြီးသားဖြစ်တယ် ..
သဘောက ဘုရားဟာ သူလာရာလမ်း သူရည်ရွယ်ရာလမ်း သူ့ ဘုန်းသမ္ဘာကို သူကိုယ်တော်တိုင် သိနေသူဖြစ်တယ် ဒီလို လောကီသိမှု့ သဘောမှာ အမြင့် ဆုံးအဆင့် ကို ရပြီးသားဖြစ်နေလို့  သူ သိလိုရာကို မေးဖို့ သူ့ သိမှု့ အဆင့် ထက် ပိုပြီး သိနိုင်တဲ့  သိမှု့ မျိုး လူတွေထဲမှာ မရှိတော့ လို့  ဘုရားဟာ သူလာရာလမ်း အကြောင်းကို အကုန် အစင်သိနေနိုင်တဲ့  သဘာဝတ္တတရားကြီးကိုသာ မေးလိုက်တော့ တဲ့ သဘောမျိုးအသွင်ဆောင်တယ်...
ဒါကို စကားလုံးလှယ်တော့  အဓိဌာန်တယ် အဓိဌာန်ပြုကြည့် တယ်လို့ ဆိုကြတယ်...အဲ့ ဒီမှာ '''ရွှေခွက်ဟာ သက်မဲ့ ဖြစ်ပေမယ့်  ''' စက်တပ်ထားသလိုပဲ မြစ်ညှာ (၀ါ) ရေကိုဆန်ပြီးတက်ပြလိုက်တယ်..အံ့ချီးဘွယ်ရာ ရှိလှတဲ့  သဘာဝလွန်သဘောပေါ့ ...ပြီးတော့  ဒါဟာ သဘာဝက ဘုရားကို
'''သင်ဟာ ဘုရား ဖြစ်ကိုဖြစ်မှာပါ ''' လို့  ဖြေလိုက်တဲ့ သဘောပဲ..သဘောက '''' ဆက်သာကျင့် ပါ အားမလျှော့ နဲ့ သင်ဟာ ဒီဘ၀မှာ ဘုရားဖြစ်ကိုဖြစ်မယ့်  လူထူးကြီးးပါ'''လို့ ဖြေလိုက်တဲ့ သဘောပဲ
ဘာလို့ သဘာဝတ္တတရားက ဘုရား မေးတာကို မဆိုင်းမတွပြန်ဖြေရသလဲဆိုရင် ဘုရားဟာ ဘုရားဖြစ်ဖို့  လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့် ကျင့် ခဲ့ တဲ့  သီလတွေရဲ့ တန်ခိုးတွေကြောင့်  ဘုရားလာရာလမ်းကို သိနေတဲ့ သဘာဝတ္တတရားကြီးက မျက်ကွယ်မပြုသာတော့ ပဲပြန်ဖြေရတော့ တဲ့ သဘောပဲ...
ဆိုလိုတာက ကျမ်းတွေ ဖတ်တယ် အပြင်လောကနဲ့ တွေးခေါ် ချိတ်ဆက်တယ် ဒီလိုသွားရင် ပညာသဘော လူ့ ကံသဘောကို ပိုပြီးနားလည်လာလိမ့် မယ် အသုံးတည့် လာမယ်ပေါ့  ပြီးတော့  လောကီပညာတွေ မှန်သမျှဟာ လူတွေကောင်းကျိုးရှိဖို့ အတွက် ဖြစ်တည်နေတာဖြစ်လို့  လူတွေ မသိနိုင်တဲ့ သိခွင့် မရှိတဲ့ ပညာရယ်လို့ မရှိဘူး လူတွေ အတွက် မဟုတ်တဲ့ ပညာမျိုးကိုလည်း ပညာလို့ တောင်ပြောလို့ မရတော့ ဘူး အဲ့ လို လူတွေ လက်လှမ်း မမီပါဘူးလို့ ဆိုလာတဲ့ ပညာမျိုးတွေကိုလည်း ကိုယ့် ဘ၀ထဲ ထည့် တောင် စဉ်းစား နေစရာတောင် မလိုဘူးပေါ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..