
------------
ထိုင်းက သက်ဆင်က ဆူနာမီမ၀င်ခင်မှာ လက်စောင်းထက်ထားလို့  လူကြိုက်က မြေကြီးရောက်နေပြီ.
....အဲ့ လိုဖြစ်တုန်း ဆူနာမီက ၀င်ချလာရော...အဲ့ မှာ သက်ဆင် တက်ကြွချက်က အရမ်းမြန်သလို နိုင်ငံတကာကိုလည် အိုးပင်းကြီးဖွင့် ပေးလိုက်တာ တအားမြန်တယ်...
သူရော သူ့ အဖွဲ့ သားတွေ ရေတောထဲ အလောင်းတွေကြားထဲ အကုန်ဆင်ချသွားတော့ တယ် သူ့  ရုံးအဖွဲ့ က မှန်ချောင်အစ်မကြီးတစ်ယောက်ဆို လက်ကျိုးလျက်သား ပတ်တီးစီးလည်ပင်းကျိုးသိုင်းနဲ့ ရေတောထဲအနှံ့ ပဲ ..
အလောင်းတွေကို ခွဲခြားဖို့  DNA နည်းပညာကိုပါ တစ်ခါတည်း ခေါ်လိုက်တာမှာ ဂေါ်လီဒီဇိုင်းနဲ့  မှု့ ခင်းပါရဂူဒေါက်တာမကြီးပါ ကားပေါ်အိပ်ကားပေါ်စားနဲ့  အိပ်ချိန်မရတော့ လောက်အောင် ၀င်ပါလှုပ်ရှားတော့ တယ်..
.အဲ့ မှာ သက်ဆင်အစိုးရ ပြုတ်ကျလုဆဲဆဲကနေ အမှတ်တွေ တက်ပြီး နောက်တစ်ကြိမ် အရွေးခံရတော့ တဲ့ အထိ လူကြိုက်ပြန်များသွားတော့ တယ်....
အခွင့် အခါကိုမြင်ပြီး လက်မလွတ်တန်း အခွင့် အရေး အသုံးချနိုင်တဲ့  နိုင်ငံရေးသမား တွေဆိုတာ အဲ့ လိုတွေ....အဲ့ ပွဲက မှတ်မှတ်ရရပါပဲ...ဆူနာမီကို အတူတူခံရတဲ့  ဘန်ဒါအာချေပြည်နယ် တစ်ခုလုံး စုတ်ပြတ်သွားအောင် ပိုတောင်ခံရသေးတဲ့ အင်ဒိုတောင် ထိုင်း က သက်ဆင်လှုပ်ရှားပုံလောက် ပထမပိုင်းမှာ မမြန်းသေးဘူး...သက်ဆင်လှုပ်ရှားပုံတွေကို အူတူတူဘန်ဘန်က...ကြည့် ပြီးနောက်မှ တံခါးဖွင့်  လိုက်လုပ်ရတာမျိုး..
အဲ့ တုန်းက ဆူနာမီမှာ နိုင်ငံတကာစတိုင်တွေလှုပ်ရှားပုံကို ကြည့် ချင်လွန်းလို့  ၈ပေကို ၂၄ နာရီအွန်ထားတာ လူလည်း မျက်တွင်းကျပြီး မျက်ကွင်းလေးတွေကို ချောင်လို့ .....ထမင်းတောင် စလောင်းရှေ့ ထိုင်စားခဲ့ တာ....အဲ့ လို ကယ်ဆယ်ရေး သဘောတွေကိုသူများအစိုးရတွေမှာ မြင်ဘူးထားတော့  ဒီအစိုးရလုပ်ပုံတွေကို နာဂစ်မှာရော အခုရောထိုင်ဆဲမိတာဘာအဆန်းလဲ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..