Powered By Blogger
Thursday, July 30, 2015
ယတြာတွေကို စမ်းသတ်နည်း တစ်ချို့ 
ယတြာတွေကို စမ်းသတ်နည်း တစ်ချို့ 
-----------------
ဆန္ဒတစ်ခု ပြည့် အောင် ယတြာတွေ ဓါတ်ဆင်တာတွေ နည်းအမျိုးမျိုးရှိပါတယ်...အဲ့ ကိစ္စတွေဟာ လူ ကို ဘယ်လောက်ပံ့ ပိုးနိုင်သလဲ စာက ညွှန်းသလောက် ဖြစ်နိုင်သလားဆိုတာ သက်ရောက်တွေ လစိတ်တွေနဲ့  စမ်းသတ်ပါတယ် ဆိုပါတော့  ငွေမပြတ်စေဖို့  နည်းတွေ အများကြီးရှိပါတယ်
 ဒါကို သက်ရောက်ဆိုးတွေ လစိတ်ဆိုးတွေမှာ လုပ်ကြည့် ပါဆိုတာမျိုးပေါ့ ...အဲ့ လစိတ်တွေမှာ ငွေဝင်မပြတ်ဖို့  ဘာယတြာမှမလုပ်ပဲနေကြည့် တာ ၊ ယတြာအကူနဲ့ နေကြည့် တာမျိုးပေါ့ 
စာတစ်ပုဒ်မှာ ဖတ်ဖူးပါတယ် နာမည်ကြီးယတြာတွေထဲက တစ်ခုက ငွေရဖို့ ခွေးစာကျွေးစေတာ ၃လ၄လလောက်မှာ ငွေရွှင်လာတယ်လို့ ဆိုပါတယ်....အကယ်၍ သာ ခွေးစာစကျွေးနေတာဟာ အင်္ဂါ လစိတ် က စခဲ့ တာများဖြစ်နေရင် ရှေ့ ဟူး လစိတ်တွေ စနေလစိတ်ဖြတ်ပြီးရင် အဲ့ ဖြတ်သန်းမှု့ လစိတ်ကာလဟာ ၄လ ၀န်းကျင်ကြာပါမယ်
 အဲ့  ၄လလောက်ကြာပြီးရင် ကံပြန်သာလာတတ်တဲ့  ကြာသာပတေးလစိတ်ကို စဖြတ်ပါပြီ...သဘောက ခွေးစာ လေးလကျွေးလို့  ကံကောင်းလာတာလား သူ့ ဟာသူ ကံပြန်ကောင်းလာမယ့် ကြာသာပတေးလစိတ်ဖြတ်လို့  ဂွတ်လာတာလား ရှင်းရှင်းလင်းလင်းမရှိတော့ ပါဘူး....
အကယ်၍သာ အင်္ဂါ လစိတ် တစ်လခွဲထဲမှာ ခွေးစာတစ်လလောက်ကျွေးလိုက်လို့ အရင်ထက် ငွေရွှင်လာတယ်ဆိုရင် ဒါဟာ ခွေစာကျွေးခြင်းယတြာရဲ့ အကျိုးသက်ရောက်မှု့ လို့ ဆိုနိုင်ပါလိမ့် မယ်..ကျန်တဲ့ ယတြာသဘောတွေကို ဆင့် ပွားတွေးကြည့် ပါ
ကျနော် ထီးတံခွန်ကုက္ကားကို ဆန်ခွက်မှာ စိုက် ဘုရားလှုထားတဲ့  လစိတ်ဟာ အင်္ဂါလစိတ်အ၀င်ပါ. ..သဘောက ကျနော်ဟာ အခု အင်္ဂါလစိတ်ထဲမှာပါလို့ ဆိုလိုတာပါ  အဲ့ ဒါ စလှုထားပြီး တစ်ပတ်အတွင်းမှာတင် ငွေရွှင်လာကြောင်း ပြောခဲ့ ဖူးပါတယ်..
.သဘောက သိပ္ပံဆိုင်ရာရှာဖွေမှု့ သဘောလိုပါပဲ တွေးဆချက် အဆိုတစ်ခုတည်ဆောက်ပြီးရင် လက်တွေ့ စမ်းသပ်ချက်တွေ သက်သေတွေ ပြန်ပြီး ခွဲခြမ်းစိတ်ဖြာတာတွေနဲ့  အဆိုဟာ ဘယ်လောက်ခိုင်လုံသလဲ
ဘယ်လောက် အားကိုးထိုက်သလဲကို ပြန် စောင့် ကြည့် တဲ့ သဘောလိုပါပဲဗျာ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..