မီးထွန်းပိုက်ဆံ ယတြာရဲ့ ရာဇ၀င်..
-----------
'''သစ္စာစကားဆိုရရင် ဒီ မီးထွန်းပိုက်ဆံ နည်းပညာကို ကျနော်စထွင်ခဲ့ တာလို့  ရဲရဲဆိုပါတယ် ''
--------------------
ဒီနည်းကို စတွေ့ ရှိပုံက ကျနော်က အမြဲလိုလို ပိုက်ဆံ ဘိုင်မပြတ်တဲ့ နည်းတွေကို ကြံစီနေတတ်ပါတယ်၊ ဒီလိုကြံစီနေတာဟာ သူဌေးတွေအတွက်အဓိက မဟုတ်ပဲ ခေါင်းရွက်ဗျက်ထိုးနဲ့  တုံးလုံးစာရော မတ်တတ်စာပါ ခက်ခဲနေတဲ့ လူတွေမိသားစုတွေအတွက် မချမ်းသာရင်တောင် ပိုက်ဆံအ၀င်ကြောလေးမပြတ်သွားရအောင် ဘိုင်ပြတ်သွားမလွယ်အောင်လို့ ပဲရည်ရွယ်ပြီး ကြံစီသလို ယတြာနည်းတွေဟာ လွယ်ရမယ် အကုန်အကျသက်သာရမယ် တကူးတကမဆန်ရဘူး လူမျိုးကာလာအယူခွဲစရာမလို အများစုအတွက်အဆင်ပြေရမယ် ဘာအဓိဌာန်ဘာပုတီး တတ်နိုင်သမျှ မပါလေကောင်းလေဆိုပြီး...ပေါ့ ဗျာ...
.ပြီးတော့  ဒီနည်းကို စတွေးမိတာ စိုစ့် တွေရှိပါတယ် ဒါတော့  မလိုအပ်လို့ မပြောတော့ ပါဘူး စကြံမိတာက ကျနော့် အဖေကျောက်ကပ်ဆေးတော့ ငွေတအားလိုပါတယ် အဲ့ မှာ ဒီမီးထွန်းပိုက်ဆံကို ထွင်ပြီး စမ်းသုံးပါတယ် အဲ မှာ ကျောက်ပါဆေးဖို့ လိုတဲ့ ငွေအတွက် ဒီမီးထွန်းပိုက်ဆံက တော်တော် အသက်ရှုချောင်သွားပါတယ်...ကျနော် ဒီနည်းကို သုံးလာတာ ဆယ်စုနှစ်လောက်ရှိပါပြီ
၁။ ဘယ်လောက်တန်ဖြစ်ဖြစ် သုံးထောင့် ပုံခေါက်ပါတယ် ( အခုတော့ စမ်းသပ်ချက်အရ မခေါက်လဲရပါတယ်)...အဲ့ ပိုက်ဆံပေါ်မှာ ဆော့ ပင်နဲ့  ၆ထောင့် ကြယ်ဆွဲလိုက်ပါတယ် (ဆော့ ပင်ကလည်း ကာလာမရွေးပါဘူး) ပြီးတော့  ကြယ် ရဲ့ ဘောင် ၄ ဘောင်မှာ ''စ'' ''ဓ'' ''ဗ'' ''၀'' ဆိုတဲ့ စမ လေးလုံးကို ရေးလိုက်ပါတယ် ဒီတော့  ၆ထောင့် ကြယ်မှာ စမ လေးလုံး ရံထားတာကို ပိုက်ဆံပေါ်မှာဆွဲထားတဲ့  '''မီးထွန်းပိုက်ဆံ '' တစ်ရွက် ရလာပါပြီ
၂ ။ အဲ့  မီးထွန်းပိုက်ဆံကို ကိုယ့် အိမ်က ဘုရားစင် (သို့ ) ကိုယ့် ဆိုင်ကဘုရားစင် (သို့ ) ကိုယ့်အလုပ်ခွင်က အဆင်ပြေရာနေရာတစ်နေရာရာ ခုံ စားပွဲ ကောင်တာ ဘီဒိုထိပ် စသဖြင့်  မှာတင်လိုက်ပါတယ်၊ ပြီးရင်အဲ့ မီးထွန်းပိုက်ဆံရဲ့ အပေါ်ကမှာ ဆီမီးခွက် (သို့ ) ကြွေပန်းကန်ပြား စသဖြင့်  ဖယောင်းတိုင်ခံထွန်းစရာခွက်တစ်ခုခုထပ်တင်လိုက်ပြီးမှ အဲ့ ကြွေပန်းကန်ပြားပေါ်မှာ ဖယောင်းတိုင်ထွန်းထားလိုက်တာပါ..
၃။ ဖယောင်းတိုင်မီးထွန်းထားယုံသာဖြစ်ပြီး အာရုံက ပိုက်ဆံဝင်ချင်လို့  ပိုက်ဆံအ၀င်မပြတ်သွားဖို့ ဘိုင်ပြတ်မသွားဘို့ သာစိတ်ကရည်ရွယ်ထွန်းတာဖြစ်လို့  ဘာဆုတောင်းခန်း ရွတ်စရာဖတ်စရာ ဘာမှမပါပါဘူး...
၎။ ထွန်းချင်သလိုထွန်းတယ် ထွန်းချင်တဲ့ အချိန်ထွန်းထားပါတယ် ဖယောင်းတိုင်အရေအတွက် အကန့် အသတ်မရှိပါဘူး..အမြဲလိုလိုထွန်းထားဖြစ်နေရင်တော့  ပိုကောင်းတယ် ပုံနဲ့ ပိုက်ဆံက သူ့ ဟာသူ အလုပ်လုပ်နေတာပါ..။ ကြာကြာထွန်းထားချင်ရင် အလှသုံး ဆုတောင်းပွဲသုံးဖယောင်တိုင်မျိုးသုံးပါ အဲ့ ဖယောင်းတိုင်တွေ တစ်နေကုန်ခံလို့ ပါ.. တကူးတက ထိုင်စောက့် ကြည့် နေစရာမလိုပါ။ တစ်အိမ်လုံး အပြင်လစ်မယ်ဆိုရင်တော့  မီးရေးထင်းရေးအတွက် မထွန်းထားခဲ့ ဘူး.မှုတ်ပစ်ခဲ့ တယ် တစ်ခါတစ်လေ ပျင်းရင် မထွန်းတဲ့ အခါလဲရှိပါတယ်...
၅။ ဘယ်သူမဆို ကုန်သည်ဈေးသည်ပွဲစားရုံးသမားကျောင်းသမားစသဖြင့် ပေါ့ လေ...ထွန်းထားလို့ ရပါတယ် ဖယောင်းတိုင် အသေးလေးနဲ့  တစ်နေ့ တစ်တိုင်လောက် အိပ်ခါနီးတွေ ညဖက်တွေ ထွန်းလိုက်တာမျိုးလောက် ဖြစ်နေရင်တောင် ဘိုင်သိပ်မပြတ်တော့ ပါဘူး..
၆။ ဒီမီးထွန်းပိုက်ဆံတစ်ရွက်ရဲ့ သတ္တိက တစ်လ တစ်လခွဲလောက်ပဲ သတ္တိရှိပါတယ် ဒီတော့  တစ်လ တစ်လခွဲလောက်ဆို ပိုက်ဆံတစ်ရွက်အသစ်လဲပါ..အဟောင်းကိုတော့  ကြိုက်သလိုသာ လုပ်ပစ်လိုက်ပါ...ပြီးတော့  အဆိုးဆုံးဆိုတဲံ သက်ရောက်တွေမှာတောင်မှ အသက်ရှုချောင်စေတဲ့ သတ္တိရှိပါတယ် အနဲဆုံး ပိုက်ဆံချေးမှ အဆင်ပြေမယ်ဆို ပိုက်ဆံချေးရတာ လွယ်လာတတ်ပါတယ်
၇။ ပြီးတော့  သူ့ နိုင်ငံ သူ့ ပိုက်ဆံ သဘော ရှိပါတယ် ဆိုပါတော့  ထိုင်းဆို ထိုင်းပိုက်ဆံ စလုံးဆိုစလုံးပိုက်ဆံသဘောပေါ့ ...
၈။ ဘာသီလစောင့် တွေ သက်လွတ်တွေ အကောင်လိုက်မြိုသဘောတွေ အရက်တွေ ဘီယာတွေ ဖွန်တာမဖွန်တာတွေ အဲ့ ကိစ္စတွေ ဘာအကန့် မှမပါပါဘူး ပိုက်ဆံ အ၀င်မပြတ်လွယ်အောင် ပိုက်ဆံတစ်ရွက်ပေါ်မှာ အဲ့ ပုံလေးဆွဲ ပြီး ဖယောင်းတိုင်မီးလေး ထွန်းထားတာ သက်သက်ပါပဲဗျား
------------------------------
ဆင့် ပွားနည်းပညာတွေ ရှိသေးပေမယ့်  ဒါကနောက်ကြုံမှ စိတ်ကူးပေါက်မှပေါ့  အရေးအကြီးဆုံးက လွယ်လွယ်နဲ့ ဘိုင်မပြတ်ဖို့ ပေါ့ လေ...( ဒီမီးထွန်းပိုက်ဆံ နည်းလေးကို ကျနော့် ဂလုထဲက ဘော်ဒါတွေကတော့  သိပြီးသားပေါ့ ဗျား...)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..