Powered By Blogger

Wednesday, July 29, 2015

အို..ဘုရားရေ...

အို..ဘုရားရေ...
----------
အိန္ဒိယယဉ်ကျေးမှု့ သဘောပေါ့  ရုပ်ရှင်တွေထဲမှာကြည့် ရတာပါ..ဟိုးအရင်ကရုပ်ရှင်တွေမှာ ပိုကြည့် ရတယ် မြွေကားတို့ ဘာတို့ ပေါ့ လေ လူကောင်း သူကောင်းတွေကို လူမကောင်းတွေက ဒုက္ခပေးလို့  လူကောင်းသူကောင်းတွေ ဒုက္ခတွေရောက်ရတော့  ကယ်ရာမဲ့ တွယ်ရာမဲ့ တွေ ဖြစ်ကုန်တယ်ပေါ့ 
နောက်တော့ မတတ်နိုင်တော့ တဲ့ အဆုံး ဘုရားရုပ်တုတော်ရှိသွားပြီး ငိုပြရတော့ တာပေါ့ ဇာတ်က အဲ့ နေရာတွေ ဆို သိပ်နာတာ.



.ဇာတ်နဲ့ မျောသွားလို့ ကတော့ ကိုရီးယားကား ငမ်းနေတဲ့ သူတွေ ဇာတ်နာတဲ့ အခန်းရောက်ရင် မျက်ရည်လေး စမ်းတမ်းစမ်းတမ်းဖြစ်ချင်လာသလိုလိုပေါ့   ဒါကြီးက ရုပ်ရှင်ပါ နောက်တော ရွှေဘလို ပြန်နိုင်ပါမှာ လို့ သိနေတာတောင် သူတို့ အငိုကောင်းချက်ထဲမှာ လိုက်ပြီး  မျက်ရည်က ၀ဲတဲတဲ ဖြစ်လာချင်သေးပါ့ ....

အဲ အဲ့လို ဘုရားကို သွားငိုပြတဲ့ အခန်းမျိုးမှာ ထူးခြားတဲ့ အက်ရှင်က သူတို့ က ငိုပြယုံတင်မကဘူး ဘုရားကို စကားနာထိုးသလိုလို စခန်းမှာ တိုင်ချက်ဖွင့် နေသလိုလိုတွေတောင်ပါသေးတယ်..

ဘုရားကို စကားနာထိုးတယ်လို့ ပြောရတာက သရုပ်ဆောင်တာတွေကြည့် ပြီး ထင်တာပြောရတာ ဟန္ဒူစတန်နီလိုမှ ကိုယ်က မတတ်တာ စာတမ်းထိုးကလဲ အဲ့ နေရာမျိုးဆို ဗမာလို မဆိုထားနဲ့ 
ဘိုလိုတောင် ထိုးပေးမထားတတ်တော့  ဘာတွေ ငိုပြလို့ ဘာတွေ စကားနာထိုးနေမှန်းတော့ 
ဘယ်သိမလဲ ကိုယ့် ဟာကိုယ် နားလည်မှု့ ထင်တာလေး ဘာသာပြန် လုပ်ယူရတာ

 ''''  ဘုရားရေ...ဒမာကြည့် ပါဦး ကျနော်တို့ ကောင်းကောင်းမွန်မွန်နေရဲ့ သားနဲ့  ဒင်းတို့ နှိပ်စက်တာ ခံနေရပြီ င်္ဒီလိုပဲကြည့် နေတော့ မှာလား ဘုရားရေ...အို..ဘုရားရေ..ဒီလိုပဲကြည့် မနေပါနဲ့  အဲဒီ့ လူယုတ်မာတွေကို ဘုရားရဲ့  ခရင်းခွ မှိန်းကြီးနဲ့ အပီလာပြီ ဆုံးမစမ်းပါလားဘုရားရေ ...အို...ဘုရားရေ ငါတို့ ကို နင်မကယ်ရင် ငါတို့ တော့ ဒွတ်ခနဲ့ လှလှတော့ တွေ့ ပြီပေါ့ ဘုရားရေ...ဘာညာပေါ့ လေ..ပဋာမြေလူး သရုပ်ဆောင်ချက်များ.. ဘုရားကို ပြောပြောပြီး ငိုပြ စကားနာ ထိုးပြ တိုင်ပြနေတာများ ဘုရားကို သူတို့ အဖေလိုလို ဘော်ဒါလိုလို ရင်းနှီးနေချက် ပြောပါတယ်....ဟီးဟီး....

တစ်ခါတစ်ခ်ါလညိးု  စိတ်ပေါက်ပေါက် စိတ်တိုတိုနဲ့ တွေးမိတယ်..မတရားမှု့ တွေကို အပီ လုပ်နေတဲ့ သူတွေကို လာဖဲ့ ဖို့  .သူတို့ လိုပဲ ကိုယ့် ဘုရားကိုယ် အဲ့ လို ငိုပြလိုက် စကားနာထိုးလိုက် တိုင်လိုက် လုပ်ချင်လိုက်တာလို့ ...ဟီးဟီး..


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..