Powered By Blogger

Wednesday, July 29, 2015

သေခြင်းဓမ္မ

သေခြင်းဓမ္မ
-----------
ဓမ္မသွေးက ပူလိုက်အေးလိုက်နဲ့ ပေါ့ ...ပထမဆုံး ဓမ္မယောင်ယောင် ဘာယောင်ယောင် ဖြစ်သွားတာ ကျနော့် အမေဆုံးတုန်းကပေါ့   ဆယ်စုနှစ် ၃၀ ကျော်လောက် ကိုယ့် မိသားစုရင်းထဲက ပထမဆုံးစပြီး ပဲ့ ထွက်သွားတာ..ဘာပြောကောင်းမလဲ လောကဆိုတာ ဘာအဓိပ္ပါယ်မှမရှိတော့ ဘူးဖြစ်သွားတယ် လတွေတော်တော်ကြာတယ် ဘာမှ မတွယ်တာတော့ သလိုလို မြင်မြင်သမျှ အနိစ္စလိုလို ပေါ့ .မနက်ဖြန် သဘက်ပဲ ကိုယ်ပါ သေတော့ မလိုလို . အလိုဆန္ဒရမက်တွေပဲ ခေါင်းပါးနေသလိုလို..နေ့ ချင်းညချင်းပဲ ဓမ္မမှာ ရင့် ကျက်သွားသူကြီးလိုလို....အဟီး..

နောက်တော့  အမေ့ သေခြင်းနဲ့ က ဝေးဝေးလာတော့  သေခြင်း အပေါ် သွေးက ပြန်အေးစက်စက်ဖြစ်လာတယ်...နောက်တော့  ဒုံးရင်းဒုံရင်း လူ ပြန် ဖြစ်သွားပါရောဗျာ.
..အဲ့ တော့  အရင်လူလိုပဲ ဗျောက်သောက်ဗလုံးရှုတ်ထွေးတွေ ပြန်နေတော့ တာပေါ့ 
ခဏငုတ်သွားတဲ့  ဗလွတ်ရွှတ်တစိတ်တွေက ပြန်ဝင်လာပြီး ဟီးဟီးဟားဟားတွေ ပြန်ဖြစ်လာပါသဗျ...

အဲ့ လိုနဲ့ နေလာလိုက်တာ ကိုယ့် ဘိုးတော်မှာ တစ်ခါ သေခြင်းကို သွေးပြန်ပူလာပြန်ရောဗျာ.
..ဒါပေမယ့်  ဒီတစ်ခါမှာက အမေ က အရင်လက်ဆင်ပေးသွားလို့ မအေ့ တုန်းကလောက်
စိတ်ဖိအား အလွန်အကျွံမဖြစ်တော့ ပဲ လနဲနဲလောက်ပဲ သေခြင်းကို ခံစားနေတာကြာတယ်.
..လူ ပြန်ဖြစ်တာမြန်သွားပါရောဗျာ...နောက်တော့ အပြင်လူတွေ မိတ်ဆွေတွေရဲ့ 
သေခြင်းတွေ ကြုံနေရပေမယ့်  ပထမဆုံးကြုံခဲ့ ရတဲ့  မအေ့ သေခြင်းတုန်းကလောက်
သေခြင်းဓမ္မအပေါ် သွေး သိပ်မပူတော့ ဘူးဖြစ်သွားတယ်.

.မအေ့ မှာက ကိုယ့် ခံစားမှု့ တွေ အကုန်လုံးပါသွားသလိုမျိုးကြီးဖြစ်သွားတာမျိုးကိုးဗျာ....အချစ်ဆုံးသူတွေ အပြီးခွဲသွားတာကို ခံစားလိုက်ရပြီးရင် နောက်ခံစားမှု့ တွေက သွေးနဲနဲအေးသွားပုံရတယ်..ပထမဆုံး ရီးစားဦး နဲ့ ကွဲသွားတုန်းက သေလုမျောပါ ခံစားလိုက်ရသလိုပေါ့ ...ခ်ခ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..