အရောင်ကစားကွက်တစ်ချို့ ..
----------
အခုကိစ္စက ဆရာကြီးကို ကပ်သီးကပ်သတ်တွေ လျှောက်မေးရင်းက ဆရာကြီးတိုက်ရိုက်ပြောခဲ့ တဲ့ ကိစ္စပါ ကျနော်တို့  ကြံဖန်တွေးပြီး မေးခဲ့ တာက ဥပမာ သင်္ဘောား သင်္ဘောပေါ်ရောက်နေရင် အရွက်မရှိတဲ့ နေရာဆို ဘယ်လိုလုပ်မလဲလို့ မေးတာပါ..ဒီတော့  ဆရာကြီးက အရောင်တွေမှာလည်း ဓါတ်သက်ရှိတဲ့ အကြောင်းပြောပြီး ဆိုပါတော့  အရွက်မရှိတဲ့ နေရာဆို အရောင်ပါတဲ့ စက္ကူတွေသုံးပေါ့ လို့ ဖြေပါတယ် သုံးပုံသုံးနည်းက....
ဥပမာ တနင်္ဂနွေနံ အုံး ညွန့်  မရရင် တနင်္ဂနွေ အရောင် အနီရောင် စက္ကူအမာကို မြှားလို ၉'' ( ၆) ခု ညှပ် ပြီး ဖန်ခွက်ထဲ ထောင်ထည့်  ခေါင်းရင်းထားလို့ ရတဲ့ အကြောင်း...ဒါပေမယ့်  အရွက်မရှိမှသာ ကာလာ အစားထိုးအဖြစ် သုံးသင့် ကြောင်း ကို ပြောသွားပါတယ်....( ကြားပဲကြားခဲ့ ရတာ တစ်ခါမှ မသုံးဘူးပါဘူး သုံးရမယ့် အခြေအနေမျိုးလည်း မကြုံခဲ့ ပါဘူးဗျာ)
တစ်ခြားအရောင်ကစားပုံတွေကိုတော့  သုံးသင့် သလောက် သုံးပါတယ် သုံးဘူးပါတယ်...ဥပမာ ဆိုင်းဘုတ်ကာလာ စပ်တာမျိုးပေါ့ ...နောက်ကစားကွက်တစ်ခုက ဆောင်ပန်းအရောင် နဲ့  နင်းကြမ်းအရောင် ကို န၀င်းတစ်လုံးချိတ်မိအောင် သုံးတာမျိုးပါ...
ဆိုပါတော့  ဗုဒ္ဓဟူးသားတစ်ယောက် ရဲ့  ဆောင်ပန်း အရောင်က တနင်္ဂနွေနံ အနီ အဲ့ တနင်္ဂနွေနံနဲ့  ချိတ်ဆက်တဲ့  နင်းကြမ်းက စနေနံ အနက် ( ပဉ္စပွတ်+စတုရန်းအတွဲ =အုန္နဲညွန့် သဘော) ဆိုပါတော့  သူကလဘက်ရည်ဆောင်ထောင်ထားတယ်ပေါ့ ....ဒီတော့  သူ့ ဆိုင်ရဲ့  မျက်နှာကျက်မှာ ဆောင်ပန်းအရောင် အနီရောင်လိုင်းတွေ ခြယ်ပါတယ်....ဆိုင်ရဲ့  ဘေးပတ်လည် အောက်ခြေတွေမှာ အနက်ရောင်သဘောင်္ဆေးလိုင်းတွေ ပတ်ထားလိုက်တာမျိုးပါ...
သူ့ လဘက်ရည်ဆိုင်က စားပွဲတွေအပေါ်မှာ အနီရောင်တွေ အဆင်ပြေသလို သုံးပြီး စားပွဲတွေရဲ့  ခြေထောက် အောက်စပ်နားတွေမှာ အနက်ရောင်ဆေးတွေသုတ်ပါမယ်...သဘောကတော့  နေ့ သားတစ်ယောက်ရဲ့  နင်းကြမ်းအရောင်တွေကို အောက်ပိုင်း ဆောင်ပန်းအရောင်တွေကို အပေါ်ပိုင်း သုံးသွားတာပါ သုံးပုံသုံးနည်းက ဗေဒင်အကြံသဘောပါပဲ အပေါ်ကာလာ အပေါ် အောက်ကာလာ အောက် သဘောကို အခြေခံ လုပ်သွားတာပါပဲဗျာ..
ဒီလိုသုံးလို့ ထူးခြားပြီး ၀ုန်းကနဲ ဈေးပိုရောင်းကောင်းသွားတာမျိုးတွေ့  မတွေ့ ရပါဘူး ရေရှည်မှာတော့  တည်ငြိမ်ပြီး ပြဿနာနဲတဲ့  သဘောတွေတော့ ဖြစ်လာတတ်ပါတယ် ဒီ ကစားကွက်သဘောတွေက လောကီပညာသမားတွေ လောကီပညာကွန့် ပြီး ကောင်းသထက်ကောင်းအောင် အားတွေ ထပ်ထပ်ဖြည့် နေတဲ့ ကစားကွက်သဘောတွေ များပါတယ်ဗျာ....ပြီးတော့  ဟာကွက်တစ်ခုက အရောင်နေရာအထားအသိုမှားရင် အကျိုးသက်ရောက်မှု့ က ဘယ်လို ရှိမလဲဆိုတာ မစပ်စုဖြစ်ခဲ့ တဲ့ ဟာကွက်ပါ ...
နောက်တစ်ခါ လူမှာ ဗေဒင်ကပြောတဲ့  ဓါတ်မတည့် တဲ့ အရောင်တွေရှိပါတယ် အထူးသဖြင့်  မရဏအိမ်က အရောင်ကိုဆိုလိုပါတယ် သက်ရောက်မကောင်းချိန် ကံမကောင်းချိန်တွေကိုသာ ခဏရှောင်စေတဲ့ အရောင်ပါ ပုံမှန်ဆို စိတ်ရှိသလို သုံးသဘောပါ ဆိုပါတော့  ၄ကြွင်းနှစ်မွေးတွေရဲ့  မရဏအရောင်က စနေအရောင် အနက်ပေါ့  ပုံမှန်မှာပြဿနာမရှာဘူးပေါ့ လေ...ဒါပေမယ့်  ကံမကောင်းချိန် သက်ရောက်မကောင်ချိန် မှာ အနက်ရောင်များလွန်းနေတဲ့ အ၀တ်အစားကို ၀တ်လိုက်တဲ့ အခါ မကောင်းကံတွေက ပိုမြန်မြန်ရာက်လာတာ နေမကောင်းနေရင် ပိုကြာကြာခံရတာမျိုးတွေ ဖြစ်တတ်တဲ့ သဘောပါ....မီးပုံထဲ ဓါတ်ဆီ ထပ်ပက်လိုက်တဲ့ သဘောပေါ့ ....
တစ်ချို့ ကတော့  မဖြစ်မနေသုံးရတော့ မယ်ဆိုရင် သူ့ ရဲ့ ဆောင်ပန်းအရောင်များတဲ့  လူသုံးပစ္စည်း
အပေါ့ စားတစ်ခုခုကို ဆောင်ခိုင်းလိုက်ပါတယ်...ဥပမာ တစ်ကိုယ်လုံး အနက်ဖက်ရှင်နဲ့  ညစာစားပွဲလစ်တော့ မယ့် ၎ကြွင်း ဘင်္ဂဖွား ဗုဒ္ဓဟူး သားသမီးဆို အနီရောင်ကာဗာအခွံနဲ့ ဘောပင်လေးတစ်ချောင်း (၀ါ) လက်ကိုင်ပုဝါအနီလေးတစ်ခုခု (၀ါ) ရင်ထိုးအနီလေးတစ်ခုခုတပ် ဆောင်သွားပါဆိုတာမျိုးပေါ့ ..
ဒီကိစ္စတွေဟာ ဗေဒင်ယုံလွန်းသူတွေ ဗေဒင်ယတြာဓါတ်ကစားတာ ၀ါသနာကြီးတဲ့ သူတွေ ဗေဒင်ဆရာကိုဗေဒင်မေးမိလို့ ဗေဒင်ဆရာရဲ့ အပြောကိုကြောက်သွားလို့ အဖြည် ယတြာသဘောလိုချင်သူတွေကို ပေးတဲ့ ယတြာကစားကွက်ထွေလီကာလီတွေပါ လူအနည်းစုပါ အများစုကတော့  ၀တ်ချင်တာဝတ်ပြီး စွတ်ချင်တာ စွတ်သွားကြတာပါပဲဗျာ...
နောက်တစ်ချက်က အဖွဲ့ အစည်းသဘော တူညီဝတ်စုံကို အရောင်ကာလာ ၀မ်းဘိုင်ဝမ်းသဘောမကာက်ပါဘူးဗျား ဆိုပါတော့  သုညကြွင်းတွေဟာ အစိမ်းရောင်များတဲ့ အ၀တ်အစားကို ၀တ်ရင် နေမကောင်းဖြစ်လွယ်တယ်က ၀မ်းဘိုင်ဝမ်းသဘော...တပ်ထဲရောက်နေတဲ့  တပ်ယူနီဖေါင်း.စစ်စိမ်းရောင် ယူနီဖေါင်းဝတ်နဲ့ သုညကြွင်းတွေနဲ့ မဆိုင် သဘော....။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..