'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, August 3, 2015
တစ်ခုခုဖြစ်လာလဲ ဖြစ်တော့ မှ ကြည့် လုပ်ကြတာပေါ့ လေ
တစ်ခုခုဖြစ်လာလဲ ဖြစ်တော့ မှ ကြည့် လုပ်ကြတာပေါ့ လေ
----------
၂၀၁၅ အစက ၅ကြွင်းနှစ်မှာ တနင်္ဂနွေနံ မရဏဆင်းထိုင်းသွားလို့  တနင်္ဂနွေနံရဲ့  ပရိယာယ်သဘာဝတွေ ပိုပြီး ဒုက္ခဖြစ်နိုင်တာကို ရေးခဲ့ သေးတယ် ။ မနှစ်က ၄ကြွင်းနှစ်ရဲ့ မရဏ စနေနံ ရစ်ပုံမှာ ဓါတ်လိုက်သေနှုံးက မကြုံစဖူး ကိန်းဂဏန်းသတင်းတွေ မြင့် တက်နေတာ မြင်ခဲ့ ရသလိုပေါ့ လို့ နမူနာထောက်ပြတာရယ် ၂၀၁၅ ၀င်ဝင်ချင်း လှိုင်သာယာဘက်မှာ ကျူးကျော်အိမ်တွဆိုပြီး ၀ါဝါ၀င်းက လူမိုက်၃၀၀နဲ့  ညတွင်းချင်း မြေလှန်ဖျက်တာတရားဝင်တောင်လိုလိုနဲ့ ပြောတာကို၅ကြွင်းနှစ်ရဲ့ တနင်္ဂနွေနံ မရဏသဘောဖြစ်နေတာ ကန့် သတ်ချုပ်ခြယ်တဲအိမ်ထောင်ရေး ဥပဒေ အတည်ပြုတာပါ ပါသေးသဘော..အဆောက်အဦးကန်ထရိုက်တာတွေ အလုပ်တွေ ဘရိပ်ဖြစ်သွားနိင်တဲ့ သဘော ..ဒီလိုတွေထောက်လှန်းခဲ့ တဲ့  အထဲ....
မြို့ တွေ့  ရွာတွေက အဆောက်အဦးတွေ အိမ်တွေ မြို့ လုံးကျွတ် ရွာလုံးကျွတ် အခုလို ရေအောက်ကို သိန်းချီရောက် ပြီး ပျက်ဆီးသွားလိမ့် မယ်လို့  ထည့် မတွေးမိခဲ့ ဘူးဗျား...သဘောက ရေဘေးဒုက္ခ (၀ါ) ဒီ ၂၀၁၅မှာ အရင်လို ဖြစ်နေကျ အောက်ပိုင်း ဧရာဝတီ မှာမဟုတ်ပဲ အပေါ်ပိုင်းက မြန်မာပြည်အလယ်ပိုင်းသွားပြီး အဲ့ လောက် ရေထကြီးလိမ့် မယ်လို့ ( ရေဘေးကြီးလိမ့် မယ်လို့ ) တွေးမထားမိဘူးလို့ ...
ပြီးတော့  ဒီလိုကိန်းတွေကနေ ဘယ်နေရာ ဘာဖြစ်မယ်လို့ က ကြိုတွက်ရခက်တာရယ် တွက်ရ လွယ်လဲ ကိုယ့် အတွက် ပိုက်ဆံ မရရင် အများဆိုင်ရာ ဟောကိန်းတွေကို အသေးစိတ်လိုက်တွက်ရတာ ပျင်းတာရယ် တွက်လို့ ရပါပြီတဲ့  မကောင်းတဲ့ ဟောကိန်းဆိုလည်း ကြိုကာရခက်တာရယ် ကာကွယ်လို့ နည်းရှိတယ် ဆိုဦးတော့  ကိုယ်တိုင်ကအစ အများသူငါသဘာဝက ဘာမှမဖြစ်ခင် ဘယ်တုန်းကမှ အများဆိုင်ရာ ဟောကိန်းသဘောကို သင်္ကြန်စာဖတ်သလာက်တောင် သိပ်အလးအနက်ထားလေ့ မရှိတာရယ်
.
..ဒဲ့ ပြောရရင် ဗေဒင်ဟောကိန်းတွေကို တစ်ချို့ သူတွေကလွဲရင် အများသဘောက အထင် သိပ်မကြီးတတ်တာကြောင့် အိမ်သာထဲ အချိန်းဖြုန်းဖတ်ပြီးမေ့ သွားတတ်ကြသလိုမျိုးကြောင့်  တစ်ခုခုဖြစ်လာလဲ ဖြစ်တော့ မှ ကြည့် လုပ်ကြတာပေါ့ လေ လို့ သာ...ငိငိ
အဲ တစ်ချို့ ဆြာကီးတွေက တစ်ခုခု ဟောကိန်း အဆိုးထုတ်တယ် ထုတ်ပြီးရင်စောင့် ကြည့် တယ် ဟောကိန်းလို ဖြစ်လာရင် ငါ့ တွက်ကိန်းဟောကိန်းမှန်တယ်ဟလို့  ပီတိတွေဖြစ်ပြီး နီးရာလူတွေကို လှည့် ပြောပြီး အောင်ပွဲခံနေတာမျိုးလည်း ရှိတတ်ပါသေးဗျာ...ဒါကလည်း လူ့ သဘာဝ ၀ သဘာဝ ကိုး...ဟဲဟဲ
ပညာတတ်ထားတဲ့ အကျိုးက ဒီ ၂၀၁၅ ဆန်းမှာ တိုက်ခန်းတစ်ခန်း ထပ်ဆွဲဖို့ အိမ်က မိမော်မေမတွေက
တိုင်ပင်လာတော့  ၅ ကြွင်းနှစ်သဘော၊ အစ်ကြီးဆုံး အစ်မကြီးရဲ့ ကံ အကြံစတင်ပြလာသူရဲ့ ကံ ကျနော့် ကံ ချိန်ပြီး ဒီနှစ်တော့ နိုးဘဲ နင့် ဟာက မြေကြီးပဲရှိသေးတယ် ရွှေသာဝယ်လိုက် ဒီကောင်ကမှအတက်ရှိနိုင်သေးဆိုပြီ ပယ်ချခဲ့ တာ အခုတော့  မှန်နေပြီ..
.၀ယ်မယ့် ကြိုပွိုင့် တိုက်ခန်းက အခုတော့ တန်းလန်းကြီး ကန်ထရိုက်က ဂရမ်ရောစရံရော ပြန်လာပေးသွားလို့ ပြဿနာတက်နေသတဲ့ ...သဘောက ကော်ဇာမဟာဘုတ်နဲ့  ကိုယ့် ကံနဲ့  ကိုယ် ကြံစီတဲ့  ထူးခြားကိစ္စကို ချိန်တာမျိုးကစားလိုက်တာဗျား
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..