Powered By Blogger

Monday, May 25, 2015

တွေးတောစရာတွေ..


တွေးတောစရာတွေ..
---------
ထုတ်နှုတ်စာတွေဟာ အယူအကောက်နဲ့ အသုံးချနေရုာလွဲသွားရင် တစ်ခါတစ်လေ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်သွားနိုင်တာတွေ အများကြီးပဲ ၊

တစ်ချို့ စာတွေသဘော (၀ါ) အဆိုအမိန့် တစ်ခုဆိုတာ ချွင်းချွက်သဘောတွေ ရှိတယ် သုံးသင့် တဲ့ နေရာရှိတယ် သုံးစားမရတဲ့ နေရာာရှိတယ် ဆိုတာ နဲနဲလေး အတွေးကို အလုပ်ပေးလိုက်တာနဲ့ သိသာတယ်၊ တစ်ချို့ စာတွေဆို အငြင်းပွားစရာ လက်မခံ နိုင်စရာတွေတောင် ဖြစ်လာတတ်တဲ့ စာတွေပါတယ်

တစ်လောက ဒီလို ယူပြီးပြောလိမ့် မယ်လို့ မထင်ရတဲ့ သူတစ်ယောက်က ဆင်းရဲပြီးမွေးလာတာ အပြစ်မဟုတ်သေးဘူး ဆင်းရဲပြီသေသွားရင် အပြစ် လိုနိုင်ငံခြားကစာကိုယူပြောသွားတာကြားလိုက်ရတော့ အံ့ တောင်အံ့ သြသွားတယ်..

လူတကာကို ကြိုးစားစေချင်တဲ့ ကြီးပွားစေခြင်တဲ့  သူ့ စေတနာဟာ ဖအေ့ နဖူးက ခြင်ကို ခြောက်ပေါင်တူနဲ့ ထုသတ်တဲ့  စေတနာမျိုးလို့ ပဲ ခံစားမိတယ်..သံသရာကပါလာတဲ့  ကံဟောင်း တစ်ခုကို မျက်ကွယ်ပြု ပြောလိုက်ရာရောက်နေတယ်လို့ ပေါ့ ပြီးတော့ ဆင်းရဲတယ်ဆိုတာဘာကို ဆိုလိုတာလဲလို့ မေးစရာရှိတယ်ပေါ့  ၊ဆင်းရဲတယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် သတ်မှတ်ချက် တူပါသလားမေးစရာရှိလိမ့် မယ်ပေါ့ 



တစ်ချို့ စာတွေဟာ ဘယ်လို လူတွေက ဘယ်ဘ၀ဖြစ်တည်မှု့ ကနေ ဖြစ်လာလို့  ဘယ်နေရာက ထိုင်ပြီး ပြောနေတာလဲကိုလည်း ထည့် တွေးစရာရှိတယ်.
.
နောက်တစ်ခါ ခေတ်ပြောင်းသွားတဲ့ သဘောမှာ ဆိုက်ကားနင်းတယ်ဆိုတာ အရင်ခေတ် ၄တန်းမအောင်သူတွေ အသိဥာဏ်ပညာနဲ့ ဘ၀အခြေခံနိမ့် ကျသူတွေ လို့ အမြင်တစ်ခုရှိခဲ့ လို့  သားကို ချစ်ဇောကြီးတဲ့ မိဘတွေက ဆိုက်ကားသမားနဲ့ မပေါင်းနဲ့ လို့ မေတ္တာနဲ့ အတားစကား ဆိုတတ်ပေမယ့်  ဒီဘက်ခေတ်မှတော့  လမ်းလျှောက်ရင်း လူတစ်ယောက်ကို ပုခုံး ၀င်တိုက်မိရင်တောင် ဘွဲ့ တစ်ဘွဲ့ ရပြီးသား လူတစ်ယောက်ဖြစ်နေပြီသားလို့ ထင်ရလောက်အောင်၊

လမ်းကြားက မိလ္လာဖုံးလာ လှန်ကလော်နေသူဟာ အဝေးသင်ပြီးလို့  ပြည်ပထွက် အလုပ်မလုပ်ခင် ခဏ၀င်လုပ်နေသူဖြစ်နေတာ၊ လမ်းထိပ်က ဆိုက်ကားဆရာမှာ တိုက်ခန်းတစ်ခန်းနေ တစ်ခန်းအငှားချထားတဲ့ သိန်း၄၀၀ကျော်တန်တစ်ခန်းနဲ့ ၁၅၀၀ကျော်တန်အခန်းတစ်ခန်း ပိုင်ရှင် ဖြစ်နေတာတွေကို ပြင်ပကမ္ဘာနဲ့ မျက်ခြေပြတ်သွားတဲ့ အခါ အခုအထိ ဆိုက်ကားသမားနဲ့ မပေါင်းနဲ့ လို့
(ဆိုက္ကားသမားဆိုတဲ့ စကားလုံးကို ရက်ရက်စက်စက်သုံးစွဲပြီး )့ဆုံးမချင်နေဆဲဖြစ်နေတာ...

မိမိကိုယ်သာ ကိုးကွယ်ရာ လို့ ပဲဆိုဆို မိမိကိုယ်သာ အားကိုးရာလို့ ပဲပြောပြော ကိုယ့် အား ကိုယ်ကိုးပါတယ်ဆိုတာ.နေရာတကာ ဖြစ်နိုင်သလား.လို မေးစရာရှိနိင်တယ်..

ဘယ် အသက်အရွယ်တွေကို ဘာလုပ်တဲ့ နေရာမှာ သုံးသင့် တဲ စကားစုလဲ..ဘယ်အသက်အရွယ်မှာ ဘာလုပ်တဲ့ နေရာမှာ သုံးလို့ မရဘူးလဲ တွေးစရာရှိလိမ့် မယ်..ဆရာမပြ ငါးပိဖုတ်တောင် နည်းမကျ ဆိုတာ အကြောင်းမဲ့ ထားခဲ့ ပါသလားပေါ့ 

တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုတာဟာ အခါခပ်သိမ်း မမှန်ကြောင်း သေခြင်တဲ့ ကျားတောပြောင်း ဆိုတာနဲ့ ထိမ်းကွပ်ထားခဲ့ တယ်..

ထုတ်နှုတ်စာတွေက တစ်ခါတစ်လေ အယူအကောက် နဲ့ အသုံးချနေရာလွဲသွားရင် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်သွားနိုင်တာတွေ အများကြီးပဲ ၊ ပြောမယ်ဆိုပြောစရာတွေအများကြီးပေါ့ လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..