Powered By Blogger

Monday, May 25, 2015

အပူကိုအပူနဲ့ တိုက်တာတဲ့ ..



အပူကိုအပူနဲ့ တိုက်တာတဲ့ ..
----------
တော်တော်ကြာပြီဆိုပေမယ့်  တွေးလိုက်ရင် မနေ့ တစ်နေ့ က အဖြစ်တစ်ခုလိုပေါ့ ...ကျနော်က အရွက်ပညာတွေလိုက်နေပြီ  အခွင့် အရေးရရင် ရသလို စွတ်စက် ရိုက်ပစ် လိုက်တတ် နေပြီ..အင်းလိုင်းတောင် ဘုန်းကြီးစီဝင်ပြီးနဲနဲပါးပါး ၀င်ပူးလိုက်သေးတယ်...ဒါပေမယ့် ပြန်ခွာလာတာက ကျနော်က ကိုယ်သေနိုင်မယ့် အပေါက်လားကို အရင်တွေးတတ်တာရယ် သိပ္ပံဗဟုသုတတွေရယ် အိမ်နားက လှချင်လွန်းလို့  အရေပြားရွှေသွင်းတဲ့ အပျိုကြီး ဖွားအေကြီးတစ်ယောက် အရေပြားပျက်စီးပြီး ခရုသင်းနာတွေစွဲပြီး အဖြူကွက်တွေဖြစ်ကုန်တာလို့ ဆိုတဲ့  ခရုသင်းးကွက်တွေနဲ့ ဖွားအေကြီးကို မြင်ပြီးတွေးလန့် တာရယ်ကြောင့်  ဘုန်းကြီးပြချပေးတဲ့  အင်းပြာတွေကို တစ်နေ့ ၂ချက်၃ချပ်နဲ့  ၃လလောက်သောက်ရမယ်ဆိုတာနဲ့  အင်းဇာတ်လမ်းကနေ ပြန်လစ်လာခဲ့ တယ်ဗျ



အမျိုးထဲက အသက် ၈၀တန်းဝင်နေပြီဖြစ်တဲ့  ဘကြီးတစ်ယောက်ဟာ အသည်းကင်ဆာဖြစ်တယ်၊ ၅ကြွင်းတနင်္ဂနွေမရဏဖွားပါ..သူ့ သားတွေက ကျနော် ကို အရွက်တွေနဲ့ ခေါ်ရိုက်ခိုင်းလို့  သွားရိုက်ပေးခဲ့ ရဖူးတယ်..ရိုက်ကြည့် ချင်နေတဲ့ အချိန်ဆိုတော့ တက်ကြွပြီး ရိုက်ပါတယ်. .တွက်ချက်တာရယ် အသက်အရွယ်အရရယ် အသည်းမှာဖြစ်တာမို့ ရယ် ခွန်အားပြတ်နေပြီဖြစ်တဲ့ လူမမာဒီဇိုင်းရယ် ကြောင့်  ရှောမှာပဲလို့ ပေါ်တင်ပြောထားခဲ့ တယ်..အရွက်နဲ့ ရိုက်တော့  အသည်းကင်ဆာကြောင့် ထထပြီး ကိုက်ခဲ အပူပြန်နေတာ ကြဲသွားလို့ ဆံပြုတ်လောက်တော့  ၀င်လာတာမျိုးတော့ ရှိတယ်.

ဆေးရုံတင်ကုရလောက်အောင် ငွေမတတ်နိုင်ပါဘူးဆိပြီး အနောက်ဆေးကိုမသုံးကြပဲ တိုင်းရင်းဆေးနဲ့ သွား ၂ပါးသွားနေတယ်...အဲ့ မှာ သားတစ်ယောက်က ဂမ္ဘီရ လိုင်းပေါင်းစုံသမား...ကိုယ့် ထက် အသက်၂ဆ နီးပါးလောက်ကြီးပြီး ဘုရားတည်သလိုလို သာသနာလှည့် ပြုနေသလိုလို ကျင့် စဉ်တွေ ကမ္ဘာပတ်လိုက်ကျင့် နေသလိုလိုနဲ့ ပါ..ပိုက်ဆံရှာတဲ့ အလုပ်တော့  မယ်မယ်ရရ ပြစရာမရှိဘူး...

အဲ့ မှာ တစ်ရက်မှာ. အတာအိုးထက်နဲနဲ ကြီးတဲ့ မြေအိုးအသစ် အလွတ် တစ်လုံးရဲ့ ဖင်မှာ အင်းကွက်ကြီးဆွဲတယ် ပါးစပ်ကလည်း ပိကျိပိကျိနဲ့ ရွတ်ပါတယ် အဲ့ အိုးအသစ်ကို ၀ယ်လာကတည်းက ကျနော်က မေးပါတယ်  ( ဘကြီးတနင်္ဂနွေသားနဲ့ အိုးက နံတူမို့  ဒါဟာ ထူးခြားတယ် အဲ့ အိုးကို ဘာလုပ်မှာလည်းမသိ လို့ တွေးရင်းက..ကျနော်က ကိုကြီး..အဲ့ အိုးက ဘာလုပ်မှာလည်း လို့ မေးတော့ .သူက အသည်းရောဂါဆိုတာ အပူနာ ဒီတော့  အပူကိုအပူနဲ့ တိုက်မှ ပျောက်မှာ ဆေးကစုံနေပြီ နည်းတွေမှားနေတာ ဓါတ်တူနံတူ အရှင်ယူကွ  တနင်္ဂနွေသားကို အင်းပညာနဲ့ ကယ်ရမယ် လို့ ပြောပါတယ်..အဲ့ တော့ .

အင်း အင်း..ပေါ့ ..( အဲ့ အထိ အိုးဖင်မှာ အင်းဆွဲပြီးရင် ဘာဆက်လုပ်မလဲ မသိသေးဘူး..)...ဒါနဲ့ ဆက်စောင့် ကြည့် တော့  အင်းဆွဲတာ မြေဖြူကို ရေဆွတ်ပြီးဆွဲပါတယ်ဗျ..ဆွဲပြီးသွားတော့ နာရီကြည့် ပြီးမှ ...ညနေစောင်းလည်းရောက်ရော....

မီးဖိုထဲမှာ မီးသွေးမီးမွှေးပြီး  အဲ့ အင်းကွက်ဆွဲထားတဲ့  အိုးကို ဒီအတိုင်းကြီးကောက်တင်လိုက်ပြီး လူက ဘေးမှာ ရေခွက်တစ်လုံးဘေးချ လက်တစ်ဖက်က ယပ်တောင်တစ်ချောင်းနဲ့  အဲ့ အိုးကို ယပ်ခတ်ပေးနေရင်း ပါးစပ်က ဂါထာတစ်ခုခုကို ပိကျိပိကျိ နဲ့ ရွတ်ပါတယ်...အိုးကတော အငွေ့ တထောင်းထောင်းနဲ့  တဖျစ်ဖျစ်နဲ့  အသံတွေထွက်လာပါတယ်.

ကျနော်က အဲ့ အသံတွေ ကြားလိုက်ရလို့ လန့် ပြီး....ကိုကြီး..အိုးက မီးပြင်းရင် လန့် ကွဲမသွားနိုင်ဘူးလားလို့ စိုးရိမ်လို့ မေးလိုက်တော့  သူက မကွဲပါဘူးဟ..တဲ့ ..

အဲ့ အချိန်အထိတော့  ရုတ်တရက် မကွဲသေးပါဘူး...ဖြစ်ပုံက သူ ဂါထာရွတ်ပြီးချိန်မှာ ဘေးနားမှာချထားတဲ့ ရေခွက်ထဲက ရေကို ဂါထာရွတ်ရင်း အိုးထဲကို ခပ်ဖြေးဖြေးလည်း လောင်းထည် လိုက်ရော..

.အိုးက..ဗျစ်..ဖရပ် နဲ့ ..ပက်ကြားအက်ပြီး ကွဲကျသွားလိုက်တာ အိုထဲက ရေကပါ မီးဖိုးပေါ်ကျ ရှဲးးး..ရှီးးးနဲ့  မီးသွေးမှုံတွေ အခိုးတွေ ဆိုတာ ပလူပျံသွားတော့ တာပါပဲဗျာ....လန့် ပြီး ကြုံရာ အ၀တ်စုတ်နဲ့ ရေဆွပ်ပြီးထရိုက် အိုးခြမ်းပဲ့ တွေ တုတ်နဲ့ ကောက်ဖယ်နဲ့  အတော် သရုပ် ပျက် သွားပါ ရောဗျာ...တကယ်ပါပဲ..ငိုရမလို ရယ်ရမလိုပါပဲဗျာ...အိမ်ရှေ့ ကလူမမာ မကြားရအောင်လည်း ကြိတ်လုပ်ရပါသေးတယ်ဗျား..

နောက် ၂ရက်လောက်ကြတော့  ရှောတာက ရှောသွားတာပါပဲဗျားးးး...ဟီးဟီးးး

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..