Powered By Blogger

Monday, May 25, 2015

မွေးချိန်သတ္တိ..


မွေးချိန်သတ္တိ..
---
အမျိုးထဲမှာရော အလုပ်မှာပါ ၃ကြွင်း တနင်္လာသား အထွန်းဖွားတွေအများကြီးတွေ့ ခဲ့ ဘူးတယ်..အများစုတူတာက စိတ်မထင်ရင် မထင်သလို ဘုပြောတတ်တာတူတယ်...ကျန်တဲ့ အနေအထားတွေကတော့  အကွဲကွဲအပြားပြားပေါ့ ...ဒါပေမယ့်  န၀င်းလာလာထိုင်တဲ့  ကျောက်သမား တနင်္လာသားဟာ ရှေးဟောင်းဘုရားမျိုးစုံ စုတာ ၀ါသနာအလွန်ကြီးတယ်လို့ ပြောတယ် သူ့ အိမ်မှာ ဘုရားတွေကို ပုံတော်မျိုးစုံနဲ့ မနဲဘူးလို့ ပြောတယ်...အဲ့ မှာ နဲနဲအံ့ သြသွားတယ်

သူဟာ စိနတစ်ယောက် စီးပွားရေးသမားတစ်ယောက်ပဲဖြစ်တယ် ပြီးတော့ တနင်္လာအထွန်းဖွားထဲမှာ ဘုရားစုတဲ့ သူမတွေ့ ခဲ့ ဘူးဘူး..ဒါနဲ့  ဘယ်အချိန်မွေးလဲလို့ မေးလိုက်တော့  တနင်္လာနေ့ ညနေ ၅နာရီနဲ့  ၆နာရီကြား လို့  ပြောတယ်...အဲ့ အချိန်ဟာ စန္ဒရောတိုင်ပဲ..ကျနော့် စတိုင်အရဆိုရင် ၂ကြွင်း မဟာဘုတ်စရိုက်ပါနေသူပေါ့ 

အဲ့ တော့ မှ ဒီတနင်္လာ အထွန်ဖွားဟာ မွေးချိန် ရဲ့ ဖီလင်အရ ရှေးဟောင်းဘုရားစုတာ ၀ါသနာကြီးသူဖြစ်နေတာကိုးလို့  သဘောရတော့ တယ်...မူလ ၂ကြွင်း မဟာဘုတ်နဲ့ မွေးသူတွေ မှာ တွေ့ ရတဲ့ စတိုင်လေးကို မွေးချိန် စန္ဒရောတိုင် (၀ါ)  ၂ကြွင်းမဟာဘုတ်သမားမှာ သွားတွေ့ ရတဲ့ သဘောမျိုးပဲ...

ဒါကို ပိုပြီး မြင်သာပြန်တာက သုညကြွင်း ဗုဒ္ဒဟူး အဓိပတိဖွား အမျိုးသမီး ၂ ယောက် ဆုံဘူးရာမှာ၂ ယောက်စလုံးဟာ မနက် ၈နာရီဝန်းကျင် စန္ဒရောတိုင်တွေမှာချည်း မွေးသူတွေဖြစ်ပြီး၂ယောက်စလုံး အိမ်ထောင်ကံမကောင်းတာတူပြီး ထူးခြားချက်ကတော့ တန်ခိုးကြီးဘုရား အတော်တော်များများဆို စိတ်ဝင်စားတာ ရောက်သွားတာ အိုက်ချလောင်းတွေကို စိတ်ဝင်စားတာ အဓိဌာန်မျိုးစုံကိုဝင်ရတာ ၀ါသနာကြီးလှတာ ဘုရားမသွားရမနေနိုင်တာတွေမှာ တူနေကြတယ်...၂ယောက်စလုံးကိုယ့် စီးပွား ကိုယ်ရှာစားနေတာမှာလည်း တူတယ်.ဆရာတွေဆို ခရေဇီဖြစ်တာလည်းတူပြန်တယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..