ဘာကသာသေခြာ..
----------
တော်တော်လေး အကြောတွေ နပ်လာချိန်မှာတော့  စိတ်ဓါတ်တွေဘာတွေ သိပ်မကျတတ်တော့ ဘူး အများစုဟာ သူလိုကိုယ်လိုတွေပဲလို့ တွေးပေးလိုက်တယ် အနာဂတ် ကို ခန့် မှန်းခြေတွေနဲ့ ချီတက်နေကြတဲ့ သဘောပဲ အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူမှ ရေရေရာရာမသိနိုင်ဘူး.
.မှန်းထားတဲ့ ပန်းတိုင် ရောက်ပြီဆိုမှ ဟော ရောက်ပြီပဲ
မရောက်ခင်အထိကတော့  လျှာထွက်နေတာပဲ ရောက်မှရောက်ပါ့ မလားဆိုတာကလည်း အမြဲသောကတွေ ရောက်နေတော့ တာပဲ...အဲ့ ဒီလိုဖြစ်နေတာဟာ
သံသရာက ကံ အတွက် တစ်ကွက်ချန်ထားရတဲ့ သဘောကြောင့် ပဲ..
တစ်ခြားစကားလုံးယူသုံးရရင် လုပ်နိုင်သမျှလုပ် လုပ်ခွင့် ရသမျှလုပ် ကျန်တာ ဘုရားသခင်အလိုတော်အတိုင်းပဲဆိုတဲ့  သဘောပဲ...နောက်ရက်တောင် သေမယ်မသေဘူး ရာနှုံးပြည့် မပြောနိုင်ဘူး..မပြောနိုင်တဲ့ အတွက် မပြောတော့ ဘူး.မသေသေးဘူးဆိုရင်မသေသေးဘူးလို့ မှတ်သဘောပဲ..အခုဘာလုပ်ချင်လဲ ဘာလုပ်လို့ ရသလဲပဲ စဉ်းစားလိုက်တာ စိတ်သက်သာစေတယ်..အလွန်အကျွံ မကောင်းမှု့ မဖြစ်ရင်ပြီးရောပေါ့ သဘောပေါ့ ..
နည်းမှန်လမ်းမှန်နဲ့ ..တရားမကျင့် မချင်း သေခြာတာက သံသရာက မလွတ်နိုင်သေးဘူးပဲပြောနိုင်မယ်...မလွတ်လောက်သေးရင် အလွန်အကျွံ မကောင်းတဲ့ လူသား လောကနဲ့ မိသားစုကို ဒုက္ခတွေရောက်အောင် သိပ်လုပ်တဲ့ လူသား မဖြစ်ရင်မဆိုးပါဘူးပေါ့ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..