Powered By Blogger

Thursday, July 9, 2015

ခေတ် နဲ့ ညှိပေးတဲ့ ယတြာဖြစ်တဲ့  အခါတိုင်

ခေတ် နဲ့ ညှိပေးတဲ့ ယတြာဖြစ်တဲ့  အခါတိုင်
----------
ခေတ်က ရုံးသမားတွေလည်းများသလို အရပ်သားတွေကလည်း သုတ်သုံးကျမ်းနဲ့  လှုပ်ရှားနေရတဲ့ ခေတ်ဖြစ်နေတော့  ဒီယတြာအရွက်ကို ဒီနေ့ ဒီအခါ ဒီနာရီကနေ ဒီနာရီကြား မှာ လှုပါ  ဆိုပြီး တစ်ရက်ထဲပေးလိုက်ရင် မလှုဖြစ်ဖို့ ကများပြီ.....သုံးပတ်ဆက်တိုက် ၅ ပတ်ဆက်တိုက်လှုပါလို့  မှာလည်း တစ်ပတ်လား၂ ပတ်လားလှုမိပြီး နောက်အပတ်ကြတော့  အလုပ်ကြောင့် လူမှု့ ရေးကြောင့်  ဘာကြောင့် ညာကြောင့် နဲ့  မေ့သွားလို့ မအားလို့ နဲ့ ရက်တွေ ကျော်သွားပြီး မလှုဖြစ်တော့ ပြန်ဘူး...အဲ့ တော့  ယတြာအားက ဇော်ကန့် လန့် လို့  အားမပြည့် အောက်မကျ အပေါ်မရောက် နဲ့  ဟိုမရောက်ဒီမရောက်ပေါ့ ...



ဒီတော့  ကျနော်က မအားကြလွန်းတဲ့ ခေတ် နဲ့  ယတြာအရွက် လှုတာ အသစ်လဲတာ လုပ်ရတာ အဆင်ပြေသွားရအောင် ယတြာဖြစ်တဲ့ ရက်တွေ နာရီ အခါတိုင်တွေကို ပြောပြောပြလိုက်တယ်...ဒီရက်တွေ ရဲ့  ဒီနာရီတွေမှာ ယတြာအရွက်တွေ စလှုတာ အသစ်လဲတာတွေ လုပ်လို့ ရတယ်လို့ ဆိုပြီး

ဆိုပါတော့ ..ကြာသာပတေးသားသမီး တစ်ယောက်ကို  ဇီး ၈ ညွန့် လှုနေစေချင်တယ်ဆိုပါတော့ ..ကျနော်က....အဲ့  ဇီး ၈ ညွန့် ကို
( ဗုဒ္ဓဟူးနေ့  ၊ ကြာသာပတေးနေ့ ၊ တနင်္ဂနွေနေ့  ၊့ စနေနေ့ ) ထဲက တစ်ရက်ရက်မှာ လှုထားပါ တစ်ပတ်လောက်ကြာရင် အဲ့ ရက်တွေထဲက တစ်ရက်ရက်မှာ အသစ်လဲပါ...ဒီအပတ် ကြာသာပတေးနေ့ စလှုပြီး နောက်အပတ် စနေနေ့ ကြမှ အရွက်သစ်လဲဖြစ်လဲ ရတယ်လို့  စပေးလိုက်တယ်.....တစ်ရက်ထဲထက်စာရင်  ယတြာရက်တွေ လုပ်လို့ ရတဲ့ ရက်တွေ ၄ ရက်တောင် ဆိုတော့  အိုကေသွားတာပေါ့ ...ဒီနေ့ မလှုဖြစ်ရင် နောက်ရက် လှုလို့ ရတာပေါ့ ..

အဲ့  ယတြာရက် ၄ ရက်မှာမှ ယတြာ အရွက် လှုတဲ့  အခါတိုင် နာရီ ထည့် ပေးလိုက်တာက...ကြာသာပတေးသားသမီးတွေ အဲ့  ဗုဒ္ဓဟူးနေ့  ၊ ကြာသာပတေးနေ့ ၊ တနင်္ဂနွေနေ့  ၊့ စနေနေ့  တစ်ရက်ရက်ရဲ့  ( အိပ်ယာစောစောထနိုင်ရင်  မနက်ဆို ၆နာရီကနေ ၇နာရီခွဲကြား ) ဒါမှမဟုတ် ( ညနေ ရုံ့းအပြန် ညနေ ၄နာရီခွဲကနေ ည၇နာရီခွဲကြား ) တစ်ချိန်ချိန်မှာ ယတြာအရွက်တွေ လှုတာ အသစ်လဲတာ လုပ်လို့ ရတယ်လို့ ဆိုတော့  ပို အဆင်ပြေသွားတာပေါ့  မနက်မအား ညနေပိုင်းလေးလဲ အရွက်တွေ အသစ်လဲတာ လှုတာ လုပ်လို့ ရတော့ ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..