Powered By Blogger

Tuesday, November 3, 2015

အကန့် အသတ်



အကန့် အသတ် (၁)
--
ယတြာတွေမှာ အကန့် အသတ် သဘောတွေရှိတယ်ဗျ..ဒါက ကိုယ့် အလုပ်ကို ကိုယ် ပြန်ပြန်ချက်နေမှာ သိလာတာမျိုး...ဆိုပါတော့  အကျပ်အတည်း တစ်ခုခု ပစ်မှတ် ကိစ္စတစ်ခုခုအတွက် ဘာအရွက် လှုပါဆိုတာတွေ ဘယ်ဘုရားသွား ဘာလှုပါဆိုတာတွေ ညွှန်တဲ့ အခါ...တစ်ပတ်တစ်ကြိမ် သုံးပါးဆက်လှုပါ အများဆုံး ငါးပတ်လောက် ဆက်လှုပါလို့  မှာလိုက်တယ်ပေါ့ ဗျာ....အဲ့ တော့  လှုတဲ့ သူကလည်း သူ့ ကိစ္စ ပစ်မှတ်အတွက် လှုတယ်ပေါ့  အဲ့ မှာ ပုံမှန်ကံသဘောမှာ အများအားဖြင့်  စောရင် တစ်ကြိမ် နောက်ကျရင် သုံးကြိမ် သုံးပတ်လှုပြီးတာနဲ့  သူ့ အကျပ်အတည်း သူ့ ကိစ္စတွေကို
လမ်းကြောင်း ပွင့် သွားတာ ကြားအကူတစ်ခုခု ပေါ်လာပေးတာ အသက်ရှုပေါက်တစ်ခုခုရလာတာ အဆင်ပြေသွားတာမျိုးတွေ ကြုံရလေ့ ရှိတယ်..



အဲ့ လိုမှ မဟုတ်ပဲ ယတြာခြေတာ သုံးခါလဲမက ၅ခါလဲ အီရောဆွဲနေပြီ ဖုနေတုန်းပဲ သိသာမလာဘူးဆိုလာရင် တွက်ရပြီ တွေးရဖို့ လိုပြီ ဂြိုလ်ကြောင့် မှဟုတ်ရဲ့ လား
လူ့ ပြဿနာလား သူ့ ကိစ္စက ဟိုးပဝေသနီကာလတွေထဲက ပလုံးရှုတ်ထွေတွေ ဖြစ်နေခဲ့ တာမျိုးလား အချိန်အခါကိုက တားထားတာလား စသဖြင့် တွေ သုံးသပ်ရတော့ တယ်...

.ဥပမာဆိုပါတော့  တိုက်ခန်းအိမ်ခြံ ကားတစ်ခုခုရောင်းတာ ယတြာလုပ်ရင် သုံးပတ်တို့  ငါးပတ်တို့ ဆိုရင် ၀ယ်လက်တွေပေါ်လာပြီး အလုပ်ဖြစ်သွားလေ့ ရှိပေမယ့်  အဲ့ လိုမှမဟုတ်ပဲ ယတြာတွေ အများကြီးလဲ ပြောင်းပြောင်းလုပ်တယ် တစ်လလဲမက ၃လလဲမက ဖြစ်လာရင် ဒါဟာ ယတြာနည်းပညာပြဿနာသဘော
သိပ် မဟုတ်တတ်တော့ ဘူး..လူ့ ပြဿနာ အချိန်အခါ ပြဿနာ စသဖြင့် တွေ ဖြစ်နေလေ့ ရှိတယ်...လူ့ ပြဿနာဆိုတာ ဥပမာ ယတြာလုပ်ပြီးတော့ ဝယ်လက်တွေလာတယ် ဈေးပြောတယ် တစ်ချို့ ပြန်ပြေးသွားတယ် တစ်ချို့ ကြတော့ ဈေးနဲလို့ မရောင်းနိုင်ဘူးပြောလွှတ်လိုက်တာမျိုးကို ဆိုလိုတာ..
ယတြာသဘောက ၀ယ်လက်ကိုဖိတ်ခေါ်တဲ့ သဘောသာအဓိက သဘောရှိတယ် ရောင်းတာ ငှားတာ ဈေးသဘောတွေ က ပိုင်ရှင့် စိတ်သဘောပေါ့ 
သဘောက ပုံမှန်ကံသဘောတွေအတွက် ယတြာတွေပေးရင် လုပ်ရင် ယတြာတွေရဲ့  အကျိုးသက်ရောက်မှု့ တွေဟာ ဒီလောက် လက်ပေါက်ကပ်မနေဘူးလို့ ဆိုလိုတာပါ...( အကြွေးတွေ ရစရာပေးစရာတွေမှာလဲ ဒီသဘောမျိုးတွေ့ ရလေ့ ရှိတာပါပဲ...)

အကန့် အသတ် (၂)
----------
ထဲထဲဝင်ဝင် စဖြစ်သွားတာကိုက ငွေကြေးတစ်ချို့  အတိုင်းအတာတစ်ခုအထိ သုံးရတဲ့  န၀င်းပွဲနဲ့ တွဲလုပ်တဲ့ ယတြာပညာလိုင်းကြီးဖြစ်နေတယ်...ကျန်တဲ့ ပွဲလွတ် ဓါတ်ယတြာပညာတွေသဘောကလည်း အခြေခံကျကျ သဘောက စရတာဖြစ်ပြီး အခါတိုင်တွေ အရွက်တွေ အဓိကထားသုံးတဲ့ ပညာ..အဲ့ တော့  လုပ်လာရင်းက
ကြုံရတဲ့  အခက်အခဲတွေက တစ်ချို့ တွေအတွက် နေရပ် ငွေ နဲ့ အချိန်က အခက်အခဲတစ်ခု ဖြစ်နေတယ်ဆိုတာ သတိထားမိတယ် အဲ့ မှာ အလွယ်နဲ့  အလုပ်ဖြစ်နိုင်တဲ့  တပွဲတိုးပြဿနာရှင်း ယတြာသဘောတွေကို လေ့လာရတယ် ကြံဆရတော့ တယ်...အဟောလည်း ဒီလိုသဘောရှိတယ်...အတွက်လာခံသူတွေရဲ့ 
စိတ်ထဲမှာ မအီမသာ ဖြစ်တတ်တဲ့ အချက်တွေကို ကိုယ်လည်း မေးသူဘ၀က အဟောဆရာတွေရဲ့  အဟောအပေါ်  မအီမသာ ဖြစ်ခဲ့ တာတွေကို ပြန်တွေးပြီး အတွက်ခံတွေကို နားလည်လွယ်အောင် ရှင်းပြတဲ့ စတိုင်ဖက် သွားခဲ့ တယ် ..

.အဟောခံခဲ့ ရပုံတွေက ကိုယ်သိချင်တာက အိမ်ဝယ်ရင် ကောင်းမလား မေးတာ..အဟောဆရာက ရှိသမျှ နက္ခတ်အသုံးတွေ ဘယ်ဂြိုလ်နဲ့  ဘယ်ဂြိုလ်က ဘယ်အရပ်ကနေ ဘယ်အရပ်ကို လှမ်းမြင်နေလို့  စသဖြင့် ဗေဒင်သင်တုန်းက အသုံးတွေကို ပေရှည်နေအောင် ရွတ်ပြနေပြီးမှ ရက်စ် အော် နိုး ဆိုပြီး ထွက်လာတာကို အတော် စိတ်မရှည်ခဲ့ ဘူး..ဒါကိုကိုယ်ချင်စာမိတော့  တတ်နိုင်သမျှ ဗေဒင်အသုံးတွေ မပါသလောက် ပြောမိတော့ တယ်ပေါ့ လေ...

လာတွက်သူမှန်သမျှမှာ ပြဿနာတစ်ခုခုပါလာတာချည်းပဲ..အဲ့ ပြဿနာပွိုင့် မရောက်ခင် အတွက်ခံသမားအများစုက ဘာတွေပေရှည်အောင် ဟောနေနေ အာရုံကမလာတတ်ဘူး သူတို့ ပြဿနာပွိုင့် နေရာ ဟောတဲ့ အထဲပါလာမှ မျက်လုံးကကျယ်လာပြီး အဲ့ ပြဿနာကို ဘယ်လိုပြေလည်အောင် လုပ်လို့ ရလဲဆိုတာကို သူဗေဒင်တွက်ရခြင်းအကြောင်းဖြစ်နေတာ..အဲ့ ဒါကြောင့်  ဗေဒင်လာတွက်သူတွေအတွက် ပြဿနာရှင်းပေးဖို့ (၀ါ) ယတြာနည်းတစ်ခုခုက တတ်ထားဖို့ သိထားဖို့ လိုတယ်ပေါ့ လေ...



အကန့် အသတ် (၃)
------------
ပုံမှန်ကံတရားသဘောတွေမှာ လတ်တလော ပြဿနာသဘောအတွက် ယတြာလုပ်စေရင်  သုံးပတ် (သို့ ) လွန်ရော ၅ပတ်လောက်လုပ်ရင် လုံလောက်ပြီ ယတြာရပ်လိုက်လို့ ရပါတယ်လို့ မှာတတ်တာက ယတြာသဘောဆိုတာ ပုံမှန်ကံ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေအတွက် ဒီလောက်ခက်ခဲနေအောင် လုပ်နေစရာမလိုတာများတယ်ပေါ့ လေ...အဲ့ မှာ တပွဲတိုးယတြာလို့  ကျနော်ထွင်ပြီး သုံးတော့ တာမျိုးပေါ့ ...တစ်သက်တာယတြာ ရှိလာဆိုလာရင်တော့  ရှိတယ်
ဒါပေမယ့် ကျနော်တို့ လိုင်းက စတိုင်နဲ့ သွားတဲ့ ယတြာမျိုးက ကျနော်တို့ လိုင်းကို မတီးခေါက်မိတဲ့သူတွေ အတွက် ယတြာလုပ်ရတာခက်နိုင်တယ်...သဘောက လစိတ်ပတ်လမ်းကို မသိရင် မှတ်ရခက်တယ်ပေါ့ ..

ဆိုပါတော့  အင်္ဂါလစိတ် စနေလစိတ် မရဏလစိတ်မှာ မတွန့် စေရ အရွက်တွေ လှုထား...ကျန်တဲ့ ကောင်းတဲ့ လစိတ်တွေမှာ အညွန့် သီးသန့် တွေ လှုထားတာ ဆိုတဲ့  ဘယ်လစိတ်မှာ ဘာအရွက်လှုမယ် ဖွင့် မယ် ကာမယ် ဆိုတာတွေကိုဆိုလိုတာ..အဲ့ မှာက ထပ်ခက်နေတတ်တာက နည်းသိ အချိန်အခါတွေသိနေတာတောင်မှ နေရာဒေသအလိုက် ရလွယ်တဲ့ အရွက်မရလွယ်တဲ့ အရွက်တွေ သဘောက အခက်အခဲတွေဖြစ်နေတတ်ပြန်တယ်....အားလုံးအဆင်ပြေတယ်ဆိုဦးတောင်မှ လူ့ သဘာဝအများစုက ယတြာဆိုတာ ဆေးခန်းသွားသလိုပဲ ကြီးကျယ်တဲ့ ရောဂါမရှိသေးသမျှ ဆေးခန်းသွားလေ့ မရှိသလို အကျပ်အတည် သိပ်မရှိသေးဘူးလို့  ကိုယ့် ကိုယ်ကိုယ် ထင်ထားနေသမျှ ဘာယတြာကြီးတွေ အကြောင်းပြောပြောသိထားထား ယတြာမလုပ်တတ်ပါဘူး...အဲ့ တော့ ရေရှည် ယတြာကစားပြီး ဘ၀ခရီး သွားတာမျိုး စိတ်မရှည်တတ်ဖူး...အဲ့ မှာလည်း အကန့် အသတ်သဘောကို တွက်မိတာပါပဲ...

န၀င်းတွေ ရိုက်ရိုက်ပေးနေရင်းက အရိုက်ခံသူတွေကပဲ အလင်းပြပြသွားတာတွေက အများကြီးတွေးစရာ စောင့် ကြည့် စရာတွေ ရရလာတယ်..ဆိုပါတော့  န၀င်း တစ်ခါလာ ထိုင်ပြီးရင် န၀င်းထိုင်ခြင်းရဲ့ အကျိုးသဘောက ဘယ်အချိန်မှာသိသာသလဲ  ဘယ်လာက်ကြာကြာခံသလဲ လို့ တစ်ချို့ က မေးတတ်တယ်...အဲ့ ဒါ မေးခွန်းကောင်းပဲ...ငွေတစ်ချို့ အကုန်ခံ န၀င်းထိုင်ထားမှတော့ မေးသင့် တဲ့ မေးခွန်းမျိုး..အဲ့ ဒါ ဒီန၀င်းပွဲယတြာကို ကျနော်စသိကတည်းက တွေးတောမိထားတဲ့ မေးခွန်းအတွေးသဘောပေါ့ လေ...


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..