Powered By Blogger
Thursday, December 31, 2015
ကျနော့်  ကျောကုန်း ခွဲစိတ်ခံခဲ့ ရစဉ်က
ကျနော့်  ကျောကုန်း ခွဲစိတ်ခံခဲ့ ရစဉ်က
-----------------
ဒါနဲ့ အထွေထွေ ပါရဂူကြီးရောက်လာ စစ်ဆေးမှု့ ပေါင်းစုံလုပ်တော့  သတိလစ်ရခြင်း ပင်မအကြောင်း ခေါင်းစဉ်ကို တပ်ရခက်နေပုံရပါတယ် အဲ့ တော့  ဆေးရုံတင်ထား ဆေးစစ်ပေါ့ ၊
အဲ့ ကာလမှာ ကျနော်က သွေးပေါင်ချိန်က ပုံမှန်ပြန်ဖြစ်နေပါပြီ  အဲ့ မှာ ကောက်ချက်ချရတာ ခက်ပုံရနေပြန်ပါတယ် ဒါနဲ့  လူတစ်ကိုယ်လုံး ရိုက်ရတဲ့  စက်ကြီးနဲ့  ( အမ်အာအိုင်) ရိုက်ရပါတယ်.
အမြင့် ဆုံး စနစ်နဲ့  ဈေးကြီးပေးစစ်ဆေးခိုင်းလိုက်တဲ့ သဘောပေါ့  လူက သွေးကပုံမှန် အပြင်ဘမ်းဘော်ဒီကပပုံမှန်ဆိုတော့  ဘာလို့ အစဉ်အလာ မဖြစ်ဖူးပဲ ခုမှ ဗြုံးစားကြီး သွေးတိုး
သတိလစ်ရသလဲ  အရွယ်ပုံစံကလဲ သွေးတိုးရင်တောင် သတိလစ် လဲကျတဲ့ အထိ ဖြစ်ခဲတဲ့ အရွယ်ဆိုတော့ လေ..
အမ်အာအိုင်ရိုက်ပြီး ထွက်လာတဲ့ အဖြေကို  ဓါတ်မှန်ဖတ်ပြီး မှတ်ချက်ရေးပေးသူ လက်ထဲရောက်တော့ မှ တမိသားစုလုံး  မြွေအကောင်တရားလောက်ဝိုင်းကိုက်ခံလိုက်ရသလို ခြေမကိုင်မိလက်မကိုက်မိတွေ
ဖြစ်ကုန်တော့ တာပါပဲဗျာ။  မှတ်ချက်  ကျောက နံရိုးတွေမှာ မဲမဲ မဲမဲ အကွက်တွေတွေ့ ရြီင်္ပီး အရိုးကင်ဆာလို့ ထင်ါတယ်လို့  မှတ်ချက်ပေးလိုက်ပါရောဗျာ...အရှင်လတ်လတ်ကြီး ၀ိုင်းအငိုခံရတဲ့  ဘ၀ပေါ့ ဗျာ
ကျနော်လဲ မှင်ကိုယ့် ဖို့ ဆိုပေမယ့်  စိတ်ထဲတော့  ပျားတုတ်ပြီပေါ့ 
အဲ့ ဓါတ်မှန်ကော်ပြားနဲ့ အရိုးကင်ဆာဖြစ်နိုင်သည်လို့ မှတ်ချက်ကြီးကို မူလ အထွေထွေပါရဂူကြီးင်္ဆီ မျက်နှာငယ်ငယ်နဲ့ ပြတော့  အထွေထွေကြီးက  မှတ်ချက်ဖတ်လိုက် ကျနော့် ကို ခြေဆုံးခေါင်းဆုံးကြည့် လိုက်လုပ်ရင်းက မှတ်ချက်အရသာ အရိုးကင်ဆာတာ လူက ထင်စရာ မရှိဘူး  သေခြာအောင် အရိုးအထုကုဆီ...ဆိုပြီးလက်လွှဲပေးလိုက်ပါတယ်........
အဲ့ ရက်က အိမ်မှာ အရှင်လတ်လတ်ကြီး အသုဘအိမ် ဖြစ်နေသလိုပါပဲဗျာ။ အဲ့ အချိန်မှာ ကျနော်က ကြေးစားဗေဒင်အလုပ်လုပ်သူ ဖြစ်နေပါပြီ ဒီတော့  ကိုယ့် ဟာကိုယ် ဗေဒင်တွက်တတ်ပါတယ်  တွက်ချက်အရ ဆေးရုံစော်နံတယ်ဆိုတာ အစကတည်းက ကြိုတွက်လို့ ရနေပြီး တတ်သမျှ ယတြာတွေလည်း ကြိုလုပ်ထားပြီးသားပါ  အဲ့ လို ကြိုလုပ်ထားလို့ သာ  ပွဲချင်းမပြီးသွားတာလို့ လဲ တွေးမိပါတယ်။  ဒါပေမယ့်  ဆိုက်ကိုမနိုင်ချက်က  ကျောရိုးတွေအပေါ်ကမဲမဲ အကွက်တွေကို အရိုးကင်တာလို့  ဓါတ်မှန်ဌာနက  မှတ်ချက် ပေးထားတာရယ် အရိုးဆရာက ခွဲကြည့် မှ သိမယ်ဆိုတဲ့  ၀ါးတားတားမှတ်ချက်  ကျနော်နဲ့ မောင်နှမတွေကို ဆိုက်ကိုမနိုင် စေတော့ ဘူးဖြစ်သွားပါတော့ တယ်  မသေခြာမှမသေခြာတာ မခွဲဘူးဟာဆိုပြီး ရွတ်နေလိုက်မှ  နောက် ၄လ ၅လ လောက်မှာ အရိုးကင်ဆာဖြစ်နေရင် သေပြီဆရာပေါ့   စောစော သိလိုက်ရဲ့ သားနဲ့ ဆိုပြီး ကြေကွဲမဆုံးပေါ့ ။
ကိုယ့် ကိုယ်ကိုယ် တွက်တတ်နေလို့  ဟဲဗီးရောဂါ လာနိုင်ခြေရှိတယ် ဆေးရုံစော် နံတယ်လို့  ကြိုတွက်ထားတာကြောင့်  နောက်ဆုံးတော့  ခွဲပါတြာ ဖြစ်သွား ပါတော့ တယ်ယ်  ဗေဒင်က ဆေးရုံရောက်နိုင်ခြေ များကြောင်း ကြိုတွက်ထားတာရယ်ပေါင်းပြီး  ကျော်ကုန်းကို ဖွင့် ကြည့် ပါတော့ ဆရာ  နောက်ခါလာနောင်ခါဈေးပေါ့  မဟုတ်တော့ လဲ ကောင်းတာပေါ့  စိတ်ထင့် ထင့်  နဲ့ နေနေရရင် မကေင်းဘူး ဆိုပြီး သဘာတူလိုက်ပါတယ်
အဲ့ မှာ အဖြေက အရိုးတွေအပေါ်မှာ အဆီဖတ်တွေ ခဲနေတာလေးရယ် ဘာကင်ဆာမှု့  မဟုတ်လို့  အရိုးဆရာက ပြောတော့ ....တအိမ်လုံး ဘုရားပွဲလှည့် သလိုပါပဲ....အဲ နံရိုး တစ်ချောင်းတော့  ခွဲစိတ်ခန်းထဲကအမှိုက်ပုံမှာထားခဲ့ ရပါတယ်.
ဆဌမ နံရိုးလေး တစ်ချောင်း ရှိလော့ ဝူး  ကြွေပြီလေ တနားစရာ  ဖစ်သွားတော့ တာမျိုးပေါ့ လေးပေါ့ လေ  ဆေးရုံနဲ့ ဝေးတော့မှ ဆေးရုံက အမ်အာအိုင် စက်က အဖြေ မှတ်ချက်က
ချသူရော နံရိုးကို ဖွင့် ကြည့် မှသိမယ် လို့ ဆိုတဲ့  ပါရဂူကိုပါ... တွေးတွေးပြီး  ကျွတ်ကျဲပြီး ဖြုံတော့ တာပါပျဲား...အဲ နော်တို့ ကတော့  ကိုယ် ဥာဏ်မမီ တော့ တဲ့  ကိစ္စတွေဆို
ကံပါပဲ  လို့  ကံကို လွှဲချလိုက်တတ်တာရှိုးနေပြီပေါ ဗျား.....ငိငိ....ခ်...
-------------------------------------------------------------------------------
စွန့် စားရတဲ့ ဆုံးဖြတ်ချက်တွေ
----------
ဘာကြောင့် သွေးတိုး မေ့လဲရတယ်ဆိုတဲ့  အကြောင်းအရင်းက အမှန်တော့ ကိုယ့် ဟာကိုယ်သိပြီးသားဗျ၊ ညစဉ် ၂ချက်၃နာရီလောက်အထိက ဘောလုံးပွဲတွေရက်ဆက်ထိုင်ကြည့် လာတော့ 
အိပ်ချိန်နဲသွားပြီး ကိုယ်ခံအားကကျနေပြီ၊ အဲ့ ဘောပွဲညတိုင်း ပါးစပ်တွတ်တီးကလဲ ထိုင်ရာမထနဲ့ ပေါင်းပြီး ဘော်ဒီဝိတ်က သိပ်တက်နေပြီ..။ အဲ့ မေ့ မလဲခင်တစ်ရက်အစားအသောက်တွေက
ဝက်နဲ့ ကိုမလွတ်ခဲ့ ဘူး.၊ အမြင့် ဆုံးဖြစ်သွားချက်က ၀က်နံရိုးကြော် အော်တိုက်ကြီး ကြော်ထားတာ အဲ့ ဒါကို ဘော်ပွဲကြည့် ရင်း ပဲကြီးလှော်လို ထိုင်စားမိလိုက်တာ.၊ နောက်တော့ ခဏမှေးပြီး
မနက်အိပ်ယာထတော့  ပုံမှန်မဟုတ်ပဲ ယိုင်ဝေနေတာ ကိုယ့် ဟာကိုယ် ငါတော့ သွေးတိုးနေပြီနဲ့ တူတယ်လို့ ချက်ချင်းသိလိုက်သေးတယ်၊ ဒါနဲ့ ရေခဲသေတ္တာနားသွား တံခါးဖွင့် သံပုရာသီးထုတ်ယူ
( အဲ့ အချိန်မှာမူးစပြုလာပြီ) သံပုရာသီးလှီး ရေအေးနဲ့ ရောမော့ သောက် ဖန်ခွက်ကို ခုံပေါ်ပြန်ချတော့  အိမ်ကြီးက လည်နေပြီ ''ဟေ့ ..ငါတော့ သွေးတိုးနေပြီ ''လို့  အိမ်ရှေ့ ကို တစ်ခွန်းလှမ်းအော်လိုက်ရင်း
လောကကြီးဗြုံးဆို မှောင်အတိကျသွားတော့ တာမျိုး  ( မွေးကတည်းက အိပ်တာမျိုး ခွဲစိပ်ခါနီးမေ့ ဆေးကြောင့် မဟုတ်ပဲ ရုတ်တရက် မှောင်အတိကျ သတိလစ်လဲသွားတာ တစ်သက်မှာ ဒီတစ်ခါပဲကြုံဖူးခဲ့ တယ်)
သွေးဆီးတွေစစ် ခေါင်းကို စစ်ချက်တွေရဲ့  အဖြေတွေက ကြီးကျယ်ခန်းနားတဲ့ မဟာရောဂါကြီးတွေရဲ့ အရိပ်အယောင်ကို မတွေ့ ရလေလေ ဘ၀င်မကျလေလေလားတော့ မပြောတတ်ဘူး နောက်ဆုံးဆွေးနွေတာတော့ တစ်ကိုယ်လုံးဆေးစစ်တဲ့ စက်ကြီးထဲဝင်စစ်ဖို့ ၊ အိုကေ မထူးဘူး ဆေးပညာက ကိုယ့် လိုင်မဟုတ်ဖူး ပညာရှင်တွေလိုင်း သဘောပါ ဆိုပြီး စစ်တော့ တာ ၊ အဲ့ မှာမှ ဘာမှမဟုတ်ရင် ဘာမှမဟုတ်ဖူးပေါ့ ၊ ဗေဒင်တွက်ထားချက်အရတော့ ဆေးရုံမှာလာအိပ်နေရတာတော့ မှန်နေပြီ သေတော့ မသေနိုင်လောက်တော့ ဘူးလို့ တော့ တွေးလို့ ရနေပြီ၊ ဒီလောက်ကာကွယ်ထားတာတောင်လို့  တွေးမိပေမယ့်  ကိုယ့် သောင်းကြမ်းခဲ့ တဲ့  အစားအသောက်တွေလဲ
ကြည့် ပါဦးပဲ အဲ့ ကြောင့်  ကိန်းကလဲကိန်းပေါ့  လူကလဲ ဆင်ခြင်တုံလေးတော့ ဘာညာ..။
တစ်ကိုယ်လုံးစက်က တာဝန်ရှိကြီးရဲ့ မှတ်ချက်က အရိုးကင်ဆာလို့ မသင်္ကာပါဆိုတဲ့  စာစုလေးဟာ ပထမစပြခဲ့ တဲ့  အထွေထွေသမားတော်ကြီးကိုရော အဲ့ သမားတော်ကြီးကနေ ထပ်ချိတ်ပေးလိုက်တဲ့ နာမည်ကြီး အရိုးသမားတော်ကြီးကိုပါေ၀၀ါးသွားစေတယ်၊ သူတို့ နှစ်ယောက်စလုံးမှာ မှတ်ချက်ကိုလဲ ပညာရှင်ကရေးပေးလိုက်တာမို့  ငြင်းပယ်ရခက်နေပြီး မှတ်ချက်စာတစ်ကြောင်းက လွဲရင် လူ့ ပုံသဏ္ဍာန်နဲ့  အရိုးကင်ဆာဖြစ်မယ့် လူတွေမှာတွေ့ ရတတ်တဲ့ ရှေ့ ပြေးလက္ခဏာတွေ ဘာမှမတွေ့ ရတော့ အရိုးပြဿနာရှိနေတယ်လို့  လက်ခံချင်ပုံမရဘူး သမားတော်ကြီး ၂ ယောက်စလုံးရဲ့ မျက်နှာတွေကတော့ စိတ်အနှောက်အယှက်နဲ့  သောကမကင်း သဘောတွေ မြင်နေရတယ် မဟုတ်ဖူး ဟုတ်တယ် ယတိပြတ်ဆုံးဖြတ်ရမှာ
ဝန်လေးနေပုံရရာကနေ ကျော နံရိုးကိုဖွင့် ကြည့် မှပဲ သေခြာမခြာ လို့ စကားထွက်လာတော့ တာပဲ ခွဲပါလို့ တော့ ဒဲ့ မပြောဘူး..
အဲ့မှာ မောင်နှစ်မတွေပျားတုတ်ကုန်ရင်း ခေါင်းချင်းရိုက်ရတာ..ပိုက်ဆံကတော့ အတော်သုံးရမယ် ဒါက ပြဿနာမဟုတ်သေးဘူး အရိုးဆရာက မသေခြာလို့ ဆိုတာ ကို သူတောင်မသေခြာတာ မခွဲဘူး မတော် အာရုံကြောသွားထိလို့  အောက်ပိုင်းပါသေသွားရင်..လို့ ကြားဖူးနားဝနဲ့ ခွဲရမှာတွေးကျွတ်နေတာလဲ ဖြစ်နေသေးတယ်၊ လောလောဆယ်လူက ပြန်ဂွတ်နေလို့ ဆေးရုံကဆင်းတောင်ရနေပေမယ့် နောက်၆ လောက်မှ တကယ် အရိုးကင်ဆာဖြစ်လာရင်..လို့  တွေးကျွတ်နေတာလဲ ဖြစ်လာပြီ..အရိုးစီအေသမားတွေဘယ်လိုခံရတယ်ဆိုတာ မျက်မြင်တွေကြုံခဲ့ ဖူးတာကိုး...ခွဲလိုက်လို့ ဟုတ်တယ်ဆိုလဲ ဆေးဆက်ကုယုံပေါ့  ကျန်တာကံပေါ့  ဟုတ်တော့ မဟုတ်လောက်ဖူး ငါက ဇက်ကြောတောင်တက်တတ်မဟုတ်ဘူး  ၀မ်းလဲအသားကုန်ချုပ်နေတာမဟုတ်ဖူး ဘာညာတွေလျှောက်တွေးရင်းက ...မထူးဘူး ..ကြည့် ရတာငါ့  ကံကိုက ဘော်ဒီက သွေးမထွက်ပဲ ပြဿနာပြီးမယ့် ပုံမပေါ်ဘူးလို့  နောက်ဆုံး ယတိပြတ်တွေးပြီး  ခွဲသာကြည့် လိုက်ပါတော့ ဖြစ်သွားတယ်..( ကိုယ့် ဘော်ဒီ ကို စာလာသင်သွားတာတောင်ကြုံလိုက်ရသေးတယ်
အတွင်းလက္ခဏာနဲ့ အပြင်ပြယုဂ်သဘောတွေကို)..
ဒီလိုပဲ တစ်ခါတစ်လေ ဘ၀က စွန့် စားဆုံးဖြတ်ရတာတွေ ကံ ပဲ မတတ်နိုင်ဘူး ဘာလုပ်လို့ ရသေးလဲ တွေးပြီးကစ်ရတာတွေ နဲ့  တစ်ခါတစ်လေ  အပြင်တွေကို အမှီလွန်သွားတဲ့ အခါ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု့ တွေ လျော့ သွားပြီး ၀ါးတားတားတွေ ဖြစ်ကုန်တတ်တဲ့ သဘောတွေ..
သင်္ခန်းစာတွေတစ်ပုံကြီးပေါ့ ..အလွယ်တကူတော့  အပြစ်တင်မလွယ်ပါဘူး..တစ်ခုခု အဆီအငေါ် မတည့် လို့  သူများကို လက်ညှိုးထိုးရမှာ အားနာနေရင်  ကိုယ့် မှာ အပြစ်ပုံချစရာ  အတိတ်ကံ ဆိုတာကို ကိုင်ထားလိုက်တော့  စိတ်ဖိအားတွေတော့ နဲ့ သွားတာပေါ့ လေ
အားနာချက်ကလဲ အဲ့ လို တစ်ခါတစ်ခါ အူကြောင်ကြောင် နဲ့  တွေးဂေါက်အားနာချင်တဲ့ နေရာ စွပ်အားနာနေတတ်တာမျိုး....ခ်။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..