'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, December 31, 2015
မြို့ ကျီးကန်း
မြို့ ကျီးကန်း
-----
ဒီနေ့  အစောကြီးနိုးလာတယ် တစ်အိမ်လုံးကတော့ နိုးသေးဘူး..လမ်းမက တံမျက်စည်းခပ်သံတော့ ကြားနေရတယ် လေအေးလေးရှုနေရတာတော့ မဆိုးဘူး..
.ရန်ကုန်မနက်ခင်းမှာ မနက်ခင်းရောက်ပြီဆိုတာကို စ အချက်ပေးတဲ့  အသံက တကယ်က ကျီးကန်းအော်သံတွေဗျ အ အ အစ် ဂိ..နဲ့  ဖြတ် ဖြတ် ပျံ သွားရင်း တစ်ကောင်စ နှစ်ကောင်စက အော်သွားလေ့ ရှိတယ် ၄နာရီကျော် ၅ နာရီ ၀န်းကျင်လောက်မှာ ကျီးကန်း တစ်ကောင်စ လောက်က ပျံသွားရင်း စ အော်သွားတာမျိုး သူ့ ကျီးကန်းအမျိုးတွေကို အိပ်ယာ လိုက်နှိုးတာလား တွတ်တီးရှိတဲ့ နေရာကို အချက် ပေးသွားတာလားတော့ မသိဘူး.
ကျနော် စောင့် နားထောင်မိသလောက်ကတော့  မြို့ ကျီးကန်းတွေက စောစောနိုးတတ်တယ်ပေါ့ ဗျာ ပြီးတော့  ကျီးကန်းအော်သံက တစ်ကောင်နဲ့ တစ်ကောင်မတူတတ်ဘူး ညှစ်ထုတ်တဲ့ အသံ အသံပြတ် အသံအစ် နဲနဲ ဆွဲလိုက်တဲ့ အသံ အသံသြ စောင့် ကြီးအောင့် ကြီး စိတ်တိုသံနဲ့ အော်သံ အသံစူး..အဲ့ လိုမျိုးတွေ ဖြတ်အော်သွားတာမျိုး...
သူတို့ နောက်မှ ဈေုးကားသံ ဈေးဗန်းသွားခင်းမယ့် အသံတွေ တပါတည်းကြားလာရတာ.. .နောက်တော့  ကျီးကန်း တွေ ဟိုက တစ်သံ ဒီကတစ်သံ ဟိုးခပ်လှမ်းလှမ်းက အသံ ကိုယ့်် အိမ်ရှေ့ ကအသံတွေ ကြားလာရင်းကနေ စာကလေးပိကျိပိကျိ အသံလေးတွေပါ ရောပါလာတယ်...မြို့ ကျီးကန်းတွေ အိပ်ယာနိုးပြီး နောက် မြို့ စာကလေးတွေ အိပ်ယာနိုးလာတယ်နဲ့ တူပါရဲ့ ...
ဒါနဲ့ စကားမစပ် ဟိုအပတ်က တတွန်ထဲ ထထတွန်နေတဲ့ အိမ်ရှေ့ အိမ်က မြို့ ကြက် တွန်သံ မကြားရတော့ တာ ၂ ရက်ရှိပြီ အိမ်ရှင်တွေလဲ နားငြီးလို့  ဘူးသီးနဲ့  ပေးစားလိုက်ပြီနဲ့ တူတယ်...ခ်
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..