Powered By Blogger

Thursday, December 31, 2015

ရင်ဝထင်ထင်


ရင်ဝထင်ထင်
----
ဘ၀ရဲ့  တကယ့် ကို နေ့ ဆိုးတွေပါပဲ..၊ တလောကလုံး ဘာအဓိပ္ပါယ်မှမရှိတော့ ၊ ဘာမှ စားလိုစိတ်မရှိ ၊ အသိဖြတ်ကနဲဝင် ကြုံရာတစ်ခုခုကောက်စား ဖွယ်တယ်တယ်.၊

အမူးသည်ကား အမူး သပ်သပ်  ပြင်းထန်တဲ့ သတိရမှု့ သည်ကား သတိရမှု့ သပ်သပ် အမူးနှင့် လွမ်းဆွတ်ခြင်းသည်ကား ဆီနဲ့ ရေ မစပ်သကဲ့ သို့ သပ်သပ်စီ၊


နေ့ တဓူဝလှုပ်ရှာမှု့ တွေကား ၀ိဥာဉ်ကင်းမဲ့ နေသလို တာဝန်ကျေယုံမျှသာ၊ အနာဂတ်သည် ဝေးလွန်းနေသည်လား နေ့ တာတို့ ရှည်လွန်းသည်ထင်သကဲ့ သို့ ညတာသည်ကလဲ မိုးလင်းနိုင်ခဲ့ လွန်းပေစွ။


လမ်းသွားရင်းက ဖြတ်ကနဲ ဟိုမှာ ဒီမှာ တွေ့ ရနိုးနိုး မျက်လုံးကား ဂဏှာမငြိမ် အာရုံတို့ သည် လွတ်လျက်၊ အစဉ်အမြဲ စောင့် မျှော်နေမိသည်က သူ၏ တစ်စုံတစ်ရာသော သတင်းစကား တစ်ခုခု ဖြစ်နေခဲ့ သလို အကြောက်ကြီးကြောက်နေမိခဲ့ သော သတင်းစကားသည်ကားသူတစ်ယောက် ရင်ခွင်သစ်မှာမှခိုလှုံနေခဲ့ ပြီဆိုသည့်  စကား ၊ မကြားလိုဆုံးသောစကားများတွင်လည်း ထိုစကား ရင်ခွင်သစ်မှာ...ဆိုသည့် စကားဖြစ်လေတန်ရာသည်။


အသေကောင်နိုးလာသလို ကြေကွဲနံနက်ခင်းပေါင်းများစွာနှင့်  အရုပ်ကျိုးပြတ် ညတာရှည်ပေါင်းများစွာာတို့ ကို အားတင်းကျော်ဖြတ်နေရသည်မှာ ၀ဋ်ကြီးလွန်းလှသည် ဟုထင်မိသည်။

သေခြင်တယ်..အမှုံ့ ဖြစ်ပြီး ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲဟု တွေးမိသည်ကား အခါခါ...ပြန်မလာတော့ ပြီမှန်းသိလျက်သော်ငြား..ပြန်ဆုံခွင့် ရှိရင် ဆုံချင်ပါသေးတယ်ဟု တိတ်တခိုးနဲ့ မျှော်လင့် မိနေသည့်  ရက်များက ငရဲတွင်းဝရက်များလို ပူလောင်လွန်းလှသည်။...


သူလာတတ်ရာလမ်းကို သူလာလေနိုးနိုး တွေ့ ရလေနိုးနိုး  တမင်သွားစောင့် ကြည့်မိနေခဲ့ တတ်သည်က
မကြာခဏပါပဲ လွမ်းလှတယ်လေကိုနော့် ၊ စောင့် ကြည့် မျှော်လင့် မိနေတတ်သည် ဟုသာဆိုသည် တွေ့ သွားရင် သူ့ စိတ်များ အနှောက်အယှက်ဖြစ်သွားလေမည်လားဟုလည်း သောကတို့ က ရင်မှာ အပြည့် ..


ချစ်ခြင်းတရားသည်ကား ပျော်ရွှင်စရာများတွေတင်သာမက ပူဆွေးမှု့ များကိုလည်း သယ်ဆောင်လာတတ်လေသည် ဆိုသည့် စကား ရင်ဝထင်ထင်....။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..