'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, May 5, 2015
နေ့ သား တစ်ယောက်အတွက် ''အသန့် ဆုံးအခါ...''
နေ့ သား တစ်ယောက်အတွက် ''အသန့် ဆုံးအခါ...''
-----------
ဒီ သဘောကို မြန်မာ့ ရိုးရာမှာ အစဉ်အလာသုံးတဲ့ စကားက ''' နေတက်ရေတက်မှာ မွေးတဲ့ ကလေးဟေ့ ...ထက်မယ့် ကလေး ဘုန်းကြီးမယ့် ကလေးဟေ့  ''လို့  ဘာညာပြောရိုးရှိပါတယ်...ဒါဟာ စနေသားသမီးကိုသာ ဆိုလိုတာမဟုတ်ပဲ ၇နေ့သားသမီးကို ဆိုလိုတာဖြစ်ပါတယ်
အမှန်တော့  နေ့ တက်ရေတက်ဆိုတာ ပုံမှန် နေတက်သဘောက နေ့ သားတစ်ယောက်
န၀င်းရောက်ချိန် မနက် ၉နာရီကနေ ၁၀နာရီခွဲကြား သဘောဖြစ်ပါတယ်
ဥပမာ တနင်္လာသား တစ်ယောက်ကို နေတက် ရေတက်မွေးချင်တယ်ဆိုရင် မနက်၉နာရီကနေ ၁၀နာရီခွဲကြား ဖြစ်တဲ့  ဂုရုတိုင် (တနင်္လာတိုင်ထိပ်ရောက်ချိန် (သို့ ) န၀င်းရောက်ချိန်)မွေးလိုက်တာပါပဲ....ရေတက် သဘောက အဲ့ ဒီတနင်္လာ မနက် ၉နာရီကနေ ၁၀နာရီခွဲကြားဟာ
မြန်မာ့ ကောဇာသက္ကရာဇ် ရဲ့ လဆန်းရက်တွေ ရဲ့  ဒီရေတက်ချိန်နဲ့ ပါ တိုက်ဆိုင်နေရင် ပိုကောင်းတယ်ပေါ့ .
ရှေးစကားအစဉ်အလာအရ '''မွေးနေ့ ဆောင် အောင်'' တယ်လို့ လည်းသုံးပါတယ် ဘယ်မွေးနေ့ သားဖြစ်စေ အဲ့ မွေးနေ့ သားဟာ ဘာစစ သူ့ မွေးနေ့ မနက် ၉နာရီကနေ ၁၀နာရီခွဲကြားစတာကောင်းတယ်ပေါ့ 
ဒါပေမယ့်  အစီအရင်တွေနဲ့  ပညာကစားကွက်တွေ ကိုလုပ်ပြီ န၀င်ယတြာတွေ ဘာညာတွေလုပ်ပြီဆို ဆရာတို့ ပညာက ထွက်လာတဲ့  အသန့် ဆုံးအခါ ရွေးတဲ့ အခါ နောက်ထပ်ရွေးခြယ်စရာအခါတွေ ထွက်လာပါတယ်....
ပုံထဲက နမူနာဟာ အင်္ဂါသားသမီးတွေ န၀င်းရောက်ချိန် (သို့ ) တိုင်ထိပ်ရောက်ချိန် (သောကြာတိုင်)ကို အဌလက်ခွင် ၂ ခုနဲ့ ပြထားပါတယ်....တစ်ခုက ( အများသိ အများသုံးသဘော) မွေးနေ့ အင်္ဂါနေ့  မနက် ၉နာရီကနေ ၁၀နာရီခွဲကြား က သောကြာတိုင်ပါ ဒီသောကြာတိုင်ဟာ စနေဂြိုလ်အဌလက်ခွင်ထဲမှာ ရှိနေတာ တွေ့ နိုင်ပါတယ်...၊
နောက်တစ်ခုက ကြာသာပတေးနေ့  မနက် ၁၀နာရီခွဲကနေ ၁၂နာရီကြားက သောကြာတိုင်ပါ ၊ ဒီသောကြာတိုင်ဟာ တနင်္ဂနွေဂြိုလ်အဌလက်ခွင်ထဲမှာ ရှိနေပါတယ် .
..စနေက အဌလက်က အညံ့ သဘော ၊တနင်္ဂနွေ အဌလက်ခွင်က အကောင်းသဘောပါ..
.ဒီတော့  သဘောက သောကြာတိုင်မှာ အင်္ဂါသားသမီး န၀င်းရောက်နေတာချင်အတူတူ ကြာသာပတေးနေ့ သောကြာတိုင်န၀င်းက ပို အခါသန့် ပြီလို့ တွေ့ နိုင်ပါတယ်...
ပြီးတော့  အဲ့ ကြာသာပတေးနေ့  နေ့ တိုင် ဂုရုတိုင်မှာလည်း အင်္ဂါ သားသမီးဟာ စုတ် (သို့ ) ဆပွတ်နေရာမှာ ရှိနေလို့ တိုင်အပေါ်မှာပဲဖြစ်နေတာပါ.
.ဒီတော့  နေ့ တိုင် ဂုရုတိုင်အရရော အခါတိုင်သောကြာတိုင်အရပါ အင်္ဂါနံ အထိုင်က တိုင်အပေါ်မှာချည်းဖြစ်လို့ အင်္ဂါသားသမီးကို န၀င်းယတြာကစားပေးတဲ့ အခါ မူလ အင်္ဂါနေ့  မနက်၉နာရီကနေ ၁၀နာရီခွဲကြား အချိန်ထက် ကြာသာပတေးနေ့  ၁၀နာရီခွဲကနေ ၁၂နာရီကြားအခါက ''' အခါပိုသန့် တယ်'' ဒီတော့  ပိုပြီး စွမ်းရည်ရှိတယ်ပေါ့ လေ .
ဒီ အခါတိုင်+ အဌလက်ခွင် ပညာသဘောမှာ အဟောတွေတင်မကဘူး အထွေထွေ ကစားကွက်တွေ အစီအရင်တွေ က တော်တော်ကျယ်ကျယ်ပြန့် ပြန့် သုံးနိုင်ပါတယ် ....
ဥပမာ '' လျင်မြန်လိုမှု့  စရေပြု '' သဘောမှာ စရေဓါတ်ပေါ်ချိန်ဆိုတာ သောကြာအခါတိုင်သဘောပါပဲ တစ်ခုခုဓါတ်ရိုက်တာ ပညာကစားတာလုပ်ရင် ခပ်မြန်မြန် အာနိသင်ပြတယ်ပေါ့ လေ...။ ဒီပညာသဘောအရဆိုရင် အဲ့ သောကြာတိုင်တွေ နေ့ စဉ်ရှိနေတဲ့ အထဲက သောကြာနေ့  မနက် ၆နာရီကနေ ၇နာရီခွဲကြား နေတက်လာတဲ့  သောကြာတိုင်က အာနိသင်ပြန်ပြတဲ့ နေရာမှာ လျင်မြန်မှု့ အမြန်ဆုံးသဘောလို့  မြင်နိုင်ပါတယ်..
အကောင်းသဘောပြောသလို အဆိုးသဘောကိုလည်း အဲ့ အခါတိုင်နဲ့ အဌလက်ခွင်နဲ့ ပေါင်းပြီး အခါရွေးဖဲ့ တာ အကောင်းဟောအဆိုးဟောမှာ ပြင်းအားချိန်တာလုပ်လို့ ရတယ်ပေါ့ ဗျာ....
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..