Powered By Blogger

Tuesday, May 5, 2015

တစ်သက်စာ မှတ်ကရောပါပဲပေါ့ လေ...။




တစ်သက်စာ မှတ်ကရောပါပဲပေါ့ လေ...။
-----------
ဒီဖြစ်ရပ်ဟာ ကြေးစားဘ၀ ၀င်ပြီး မကြာခင်မှာ ဖြစ်ခဲ့ တာဖြစ်ပြီး တစ်သက်စာ မှတ်မှတ်ရရ ကျန်ခဲ့ တဲ့ အဖြစ်ပါပဲ...
တစ်နေ့ မှာ..အဲ့ တစ်နေ့ ဟာ ကြာသာပတေးနေ့  နေ့  ညနေ ၅ နာရီလောက်မှာပါ ..ရုံးသမားအမျိုးသမီး တစ်ယောက်ဟာ ဗေဒင်လာမေးပါတယ်.. .လာမေးပုံနဲ့ လေသံတွေ ဒီဇိုင်းတွေဟာ ပြာကလပ်စိန်ပုံစံဖြစ်နေပြီး ပေါ့ ရွှတ်ရွှတ်ပေါ့ ...ညနေစောင်းဖြစ်နေလို့  ဗေဒင်မဟောတော့ ဘူး ဂျလေဘီရိုက်တော့ မယ်လုပ်နေတုန်း ၀င်လာတာမျိုးဖြစ်နေပေမယ့်  ခါတိုင်းလို နောက်နေ့ မှ လို့  မပြောဖြစ်တော့ ပဲ တွက်ပေးမိလိုက်တာမျိုးပါ ( လန်းတာလဲပါတာပေါ့ လေ...ဟီဟိ)...

ဒါပေမယ့် တွက်နေရင်းက စိတ်ထဲမှာ ဖီလင်မလာတော့ သလိုဖြစ်လာပါတယ်. ..အသက်ပိုင်းကို မမှတ်ထားမိတော့ ပေမယ် ၄၀ ၀န်းကျင်ဆိုတာရယ် ဗုဒ္ဒဟူးသမီးဖြစ်တာရယ်ကိုတော့ အသေမှတ်မိနေခဲ့ ပါတယ်...အဲ့ ဒီမှာ သူ့ ရဲ့ လေသံဟာ ပေါ့ ရွှတ်နေယုံတင်မကပဲ အထင်စမော်လ်သလိုလိုလေသံတွေပါ
ပါလာနေတယ်လို့ ခံစားမိလာပါတယ်....အဲ့ မှာ ကျနော် ဟောချခဲ့ တာ ဒီနေ့ ကနေ ၂ ပတ်အတွင်း မတော်တဆမှု့ တစ်ခုခုကြုံနိုင်တယ် သတိထားပါလို့  ပါသွားပါတယ်...အဲ့ ဒါလည်း သူက ပြုံးစစ နဲ့ ဟေးလားဝါးလားပါပဲ.....ဒါနဲ့ အဲ့ နေ့ က ပြီးရောဆိုပါတော့ ကျနော်လည်း ငုတ်ပြီး ကျန်ခဲ့ ပါတော့ တယ်...

မေ့ တေ့တေ့ ဖြစ်သွားပြီး နောက် ၂ လလောက်အကြာမှာ အဲ့ အမျိုးသမီး ပြန်ရောက်လာပါတော့ တယ်....ဒီတစ်ခါလာတာက ဗေဒင်မေးဖို့ မဟုတ်တော့ ပဲ သူ ပြန်သွားပြီး နောက် ၂ ရက်လောက်မှာ ရုံးအဆင်း ကားဖယ်ရီပေါ်ကနေ ပြုတ်ကျတာ ခြေကျင်းဝတ်အရိုးအက်သွားခဲ့ တာ ရုံးမတက်နိုင်တာ တစ်လခွဲကျော်လောက်ကြာသွားတယ်ဆြာ တဲ့ ..ကျမကို စိတ်မဆိုးပါနဲ့  ပြောမိမှားရင် ခွင့် လွှတ်ပါ ပြန်ဖြေပေးပါတဲ့ ...ဗျာ......

ရုတ်တရက် ဘာပြန်ပြောရမှန်းမသိတော့ သလို ဘယ်ကစလို့  ဘယ်လိုရှင်းပြရမှန်းကို မသိတော့ ပါဘူး ဒါမျိုးဖြစ်လိမ့် မယ် ဒီလောက်တောင်ဖြစ်သွားလိမ့် မယ် လို့ လည်း မတွေးမိတဲ့ အပြင် အမှန်ဆိုရင် သူ့ ကို ဘာဟောမိလိုက်မှန်းတောင်ရုတ်တရက် စဉ်းစားမရပါဘူး..

.ဒါကြောင့်  ကျနော့် ကို အထင်မှားနေပြီထင်တယ် ကျနော်ဘာများဟောမိခဲ့ လို့ လည်း မမှတ်မိတော့ ဘူး အစ်မ ကျနော်က ရိုးရိုးပဲဗေဒင်တွက်တာပါ ဘာညာတွေလည်းမလုပ်တတ်ပါဘူး..လို့  ပြန်ပြောလိုက်တော့  သူက မယုံသေးသလိုလိုနဲ့  ကျနော်ဟောခဲ့  တာကို ပြန်ပြောပြပါတယ်..

.အဲ့ တော့ မှ ပြန်စဉ်းစားမိတာဟာ...ကျနော်တို့ ပညာမှာ အခါတိုင်တွေကို အဌလက်ခွင်ထဲထည့် ပြီး ကံချိန်တာ ရှိပါတယ်...ကြာသာပတေးနေ့  ညနေ ၅နာရီလောက်ဆိုတာ အခါတိုင်အရ ဂုရုတိုင် လူပျက်အကျင့် ပျက်တိုင် အလျော်အစားတိုင် လူခိုက် ဟူးနံ ခိုက်တိုင်ဖြစ်ပါတယ်...အဲ့ အခါတိုင်ကြီးဟာ အဌလက်ခွင်မှာ စနေဂြိုလ် အဌလက်ခွင်ထဲမှာ ရောက်နေတာပါ...သဘောက ကြာသာပတေးနေ့  ညနေ ၄နာရီခွဲကနေ ညနေ ၆နာရီကြားမှာ မကောင်းတဲ့ အဖြစ်တစ်ခုခု ကြုံရင် (သို့ ) နမိတ်အဖြစ်မြင်ရင် (သို့ ) အညံ့ အဟောထွက်နေရင် သာမန် ဂုရုတိုင် အညံ့ ဖြစ်နိုင်တဲ့  သဘောထက် ပြင်းအားပိုပါတယ် စနေအဌလက်ခွင်ရဲ့ သတ္တိပါ..ဒီသဘောရယ် အခါတိုင်တွေရဲ့ အဟောဟာ မြန်ဆန်တဲ့ သဘောရှိပြီး သက်ရောက်ပါမကောင်းရင် အဖြစ်ဆိုးတွေက ပိုမြန်မြန်ဆိုက်ရောက်လာတတ်ပါတယ်.ဒီသဘောကြောင့်  သူဟာ ၂ ပတ်မကြာပဲ ၂ရက်မြောက်တင် ခြေထောက်ပြဿနာတက်သွားရတာမျိုးပါပဲ..

ဒါပေမယ့်  ကျနော့် ကို အောက်လမ်းဆရာလိုလိုဘာလိုလို စွပ်စွဲခံလိုက်ရတာမို့  ရှက်သွားပြီး နောင်တစိတ်လည်း အကြီးအကျယ်ဝင်လာပါတော့ တယ် တော်ပြီဟနောက်ကို  သေလုအောင်ဆိုးတော့ မှတွေ့ လည်း မပြောရဲတော့ ပါဘုးဟ သူ့ ကံနဲ့ သူဖြစ်တာ ငါ့ ပယောဂလို့ ထင်ခံရမှာ မမိုက်ပါဘူးတွေဘာတွေ တွေးမိသွားပါတော့ .တယ် ...

အဲ့ နေ့ ကတော့ ဖေါလျှောလေးနေပေးလိုက်ပြီး ဘာမှမဖြစ်ပါဘူး စိတ်မဆိုးပါဘူး ရပါတယ်အစ်မတွေဘာတွေနဲ့  သူယူလာပေးတဲ့ ငွေနဲ့ မုန့် ပုံးလေးကို အောင့် သီးအောင့် သက်နဲ့  လက္ခံထားလိုက်ရပါတော့ တယ် လူလည်း ငုတ်နေတာ တစ်ပတ်လောက်ကြာပါတယ် လူတွေကို ဗေဒင်ဟောရမှာ အတော်လေးလည်းစတွန့် သွားတော့ တာပါပဲဗျာ.....မှန်ချင်အုန်းလေ မှတ်ပလား တော်သေးတယ် အိမ်ရှေ့ က လာကလော်မတုတ်လို့ ပေါ့ တွေဘာတွေနဲ့  တွေးပြီး....တစ်သက်စာ မှတ်ကရောပါပဲပေါ့ လေ...။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..