ပထမဘာသာစကား
---
ချစ်ပုံချစ်နည်းသာကွဲကောင်းကွဲမယ်..ကိုယ်ငယ်စဉ်ဘ၀ကနေ အရွယ်တစ်ခုရတဲ့ အထိ နေခဲ့ ကြီးခဲ့ တဲ့ နေရာ..အထူးသဖြင့်  ပထမဘာသာစကားဆိုတဲ့  ကိုယ် ကလေးဘ၀က စပြီး မပီကလာပီကလာနဲ့  စပြီးသင်ယူပြောဆိုခဲ့ တဲ့ ဘာသာစကားကို စွဲလမ်းသွားတတ်တာကြောင့်  ကမ္ဘာတစ်ဝှမ်းဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ အသက်မွေးပါစေ အဲ့ ဒီ ပထမဘာသာစကားကို တစ်စုံတစ်ယောက်က ပြောဆိုသံကြားလိုက်တာနဲ့  သွေးတွေ ဆူတက်လာတယ် သွေးတွေ ပူတက်လာတယ် အဲ့ ဒီ့ ပထမဘာသာစကားဟာ ကိုယ့် ဘ၀ရဲ့ ပထမအချစ် ငယ်ချစ်ဦး ရီးစားဦး သဘောမျိုးလိုတောင်ဖြစ်နေသလို့  အဲ့ ပထမ ဘာသာစကားကို အဲ့ ပထမဘာသာ စကာပြောသူတွေနဲ့ အတူတူ စိတ်ထဲရှိသမျှ စိတ်လွတ်လက်လွတ် အားရပါးရ ပြောပစ်လိုက်ချင်စိတ်တွေ ၀င်လာတော့ တယ်...
ဒီသဘောကို ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလ စပိုင်ဖမ်းပွဲတွေရဲ့ အဖြစ်တစ်ခုမှာ စပိုင်တွေကိုဖမ်းမိတဲ့ အခါမှာ စပိုင်တစ်ယောက်ဖြစ်ကြောင်းဖေါ်ထုတ်တဲ့ အခါမှာ အောင်မြင်မှု့ ရခဲ့ တယ်လို့ ဆိုတယ်...တစ်ခါမှာ လေ့ကျင့် ထားရည်ပြည့် ဝလွန်းနေလို့  သိပ်ကို ခေါင်းမာနေတဲ့ မင်္သကာစရာစပိုင်တစ်ယောက်ကို နည်းလမ်းစုံနဲ့ စစ်တာ မပေါ်ဘူးဖြစ်နေတုန်း စိတ်ပညာရှင် တစ်ယောက်က သူစစ်ကြည့် မယ်ဆိုပြီး တာဝန်ယူလိုက်တယ်လို့ ဆိုတယ်။
အဲ့ စိတ်ပညာရှင် လုပ်လိုက်ပုံက အဲ့ စပိုင်ကို အသာလွှတ်ပေးထားရာကနေ ရုတ်တရက် ထိတ်လန့် သွားအောင် ခြောက်လှန်လိုက်တဲ့ အခါ လန့် သွားတဲ့ စပိုင်ရဲ့  နှုတ်က မတိုးမကျယ်လေး လွတ်ကနဲ ယောင်မိလိုက်တာက သူ့ ပင်ရင်းမိခင်နိုင်ငံက ဘာသာစကားနဲ့ ယောင်မိလိုက်ရာကနေ ရိပ်မိသွားပြီး ဒီစပိုင်ဟာသူတို့ ထင်နေတဲ့  နိုင်ငံက စပိုင်ဆိုတာကိုဖေါ်ထုတ်ရလိုက်ခဲ့ တယ်လို့ ဆိုတယ်၊ နောက်တော့ စပိုင်လောကမှာ ဒီအဖြစ်အပျက်ကနေ သင်္ခန်းစာယူသွား
တာက သူတို့ ထောက်လှမ်းလိုတဲ့ ဒေသဆိုရင် အဲ့ ဒေသမွေး ဒေသကြီးတဲ့  လူတွေကို စပိုင်အဖြစ် ပြောင်းလဲ မွေးမြူတဲ့ စတိုင်ကိုကျင့် သုံးလာတော့ တယ်လို့ ဆိုတယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..