Powered By Blogger

Tuesday, May 5, 2015

အင်းဆွဲခြင်း အဆောင်အပ်ပွဲ အခါတိုင်...နဲ့  တိုင်ပျောက်..




အင်းဆွဲခြင်း အဆောင်အပ်ပွဲ အခါတိုင်...နဲ့  တိုင်ပျောက်..
-----------
..နေ့ သားတစ်ယောက်ယောက်အတွက် ရည်စူးရင် အဲ့ နေ့ သား တိုင် အပေါ်သုံးနေရာ ရောက်ချိန်မှာ တစ်နာရီခွဲအတွင်းအပြီးဆွဲပါတယ်...အပေါ်သုံးနေရာဟာ ရည်ရွယ်ချက်မတူပါဘူး.. န၀င်းချိန်မှာ(ဥပမာ တနင်္ဂနွေသားဆို ဗုဒ္ဓတိုင်မှာ ) ထိုင်ဆွဲပေးတာဟာ အလုံးစုံသုံးသဘောအတွက်ဆွဲတာပါ သဘောက တိကျတဲ့ ပစ်မှတ်မထားဘူးပေါ့  ဆောင်ထားမယ်ပေါ့ ။

စီပွားအတွက်ဆို တနင်္ဂနွေနံ စီးပွားညွန့် နေရာရောက်နေချိန် ( ဥပမာ တနင်္ဂနွေသားဆို စနေတိုင်မှာ) ။ လူချစ်လူခင်ပေါ်ချင်လို့ ဆိုရင် ဥပမာတနင်္ဂနွေသားဆို ဘောမတိုင်မှာထိုင်ဆွဲပေးထားလိုက်ပါတယ်...။
ဒီလိုဆွဲပြီးလို့  အင်းကို အသက်သွင်းတာ သန့် တာ ဘာညာကလီကမာတွေ လုပ်ပေးပြီးတဲ့ အခါ အင်းဆောင်မယ့် တနင်္ဂနွေသားကို စောစောက အခါတိုင်တွေမှာပဲ သူ့  အခါတိုင်နဲ့  သူ လက်ရောက် အပ်ပေးပါတယ်..

နောက် အင်းဆွဲတဲ့ အခါတိုင်တစ်ခုကတော့  ကိုယ့် အတွက်ကိုယ်ဖြစ်စေ ဘယ်နေ့ သားအတွက်မဆိုဖြစ်စေ တနင်္ဂနွေနံ အင်း န၀င်းရောက်နေချိန် ဗုဒ္ဓတိုင်မှာ တစ်ထိုင်ထဲအပြီးဆွဲပြီး သူများလက်ထဲကို
ပေးချင်ရင်လည်း အဲ့ ဒီ့  ဗုဒ္ဓတိုင်မှာပဲ လက်ရောက်အပ်ပေးလိုက်တာပါပဲ အင်္ဂါ့ ဝိဇ္ဇာမှာသုံးတဲ့  အင်းတွေကလည်း အခါတိုင်တွေကပဲ ထွက်လာတာပါပဲ...ဒါတွေကတော့  စာအုပ်တွေမှာ ရှိပါတယ်...



ဒါဟာ အကောင်းသဘောပါ ဒါကို ဥာဏ်ကစားလိုက်ရင် ဖျက်ဆီးရေးအတွက်အင်းတွေ ဖြစ်လာပြီး အင်းဆွဲချိန်မှာ အောက်ချိန်တွေ ဖြစ်သွားပါလိမ့် မယ်...ဖျက်အင်းကို အဖျက်ခံရမယ့် သူက တောင်းဆိုတာမျိုးမရှိပဲ ဖျက်မဲ့ လူကတောင်းဆိုတာဖြစ်ပေမယ့်  ဖျက်အင်းကို အပ်တဲ့ အအခါ အဖျက်ခံရမယ့်  နေ့ သားရဲ့ အောက်ချိန်နွေမှာ အပ်လိုက်ရတာပါပဲ..

သုံးစွဲပုံနမူနာ ဥပမာ တစ်ခုက မီးထွန်းပြီးသုံးတဲ့ အင်းတစ်ချပ်ကို အကောင်းအဖြစ်မီးထွန်းရင် ဖယောင်းတိုင်ကို မူလ အတိုင်းထွန်းတယ် အမြင့် တင်ထွန်းတယ်ပေါ့ ...ဖျက်ဆီးဖို့ ထွန်းတာကြတော့  ဖယောင်းတိုင်ကို မူလမီးဇာကို တုံးပစ်ပြီး ပြောင်းပြန်လှန် မီးဇာပြန်ထုတ် ထွန်းတယ် အနိမ့် တွေမှာထွန်းစေတာမျိုးပါ...

ဓါတ်ရိုက်သလိုထွန်းစေတဲ့ အခါ ဓါတ်ခံဓါတ်အုပ် သဘောပါတာက ပထမဦးစားပေးဖြစ်လို့  အင်းပိုင်သူရဲ့  အ၀တ်စလို ဓါတ်ပုံလိုတစ်ခုခု အင်းချပ်အောက်ခံထွန်းစေတာဟာ ဓါတ်ခံသဘောလို့ ဆိုနိုင်ပါတယ်...အင်းချပ်က ဓါတ်အုပ်ပေါ့ ။ သဘောက အရွက်ပညာမှာ အပေါ်ရိုက်က ဓါတ်အုပ် ဖင်ခုထိုင်တာက ဓါတ်ခံ သဘောပါပဲ

အင်းအပြင် ပိတုန်းတွေ ဇီးကွက်တွေ စသဖြင့်  ဘာအဆောင်ညာအဆောင်တွေကိုတော့  ပေးချင်တဲ့ သူရဲ့  နေ့ နံ ဟာ တိုင်အပေါ်ရောက်နေချိန်မှ လက်ရောက်ပေးအပ်လိုက်တာပါပဲ...သဘောကတော့  အကောင်းသဘောတွေကို အခါတိုင်ရဲ့  အပေါ်တွေမှာချည်းလှုပ်ရှားနေတဲ့ သဘောကိုဆိုလိုတာပါပဲဗျာ.
စီရင်တာ ပေးတာတွေဟာ တိုင်ပျောက်တွေ လှုပ်ရှားပြီဆိုတဲ့ အခါ စီရင်သူ ဆရာရဲ့ သီလသမာဓိပညာကြောင့် ဖြစ်လာတဲ့  စိတ်ပါဝါပေါ်မှာ အလုံးစုံစကားပြောသွားပါတော့ တယ်ဗျား

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..