Powered By Blogger

Tuesday, May 5, 2015

ပြန်ညှိတဲ့ အခါ..


ပြန်ညှိတဲ့ အခါ..
-----------
သုံးတန်ပေါ်က အ၀င်ကိန်းတွေကို လောကဓံပညာက သဘောတွေနဲ့ ပြန်ညှိတဲ့ အခါ ပစ္စည်းတစ်ခု ၀င်တဲ့ အခါ ပါလာတဲ့ အကျိုးသက်ရောက်မှု့ ကို မှန်းဆကြည့် လို့ ရတယ်...

ဆိုပါတော့  အင်္ဂါနဲ့ ဟူးသက်ရောက်မှာ ရော သောကြာသက်ရောက်မှာပါ ကြာသာပတေးနံ ဆိုတဲ့  မြေ ၀င်ကိန်းရှိပါတယ်...ဘယ်သက်ရောက်က ကြာသာပတေးနံ မြေ၀င်တာဟာ ခိုင်ပါသလဲ စိတ်အေးချမ်းသာဖြစ်စေပါသလဲ ဆိုတာ လက်တွေ့ တွေ မြင်နိုင်သလို

 မဟာဘုတ်အရ အကုန်လုံး ငွေရှိရင် မြေ၀ယ်နိုင်တယ်...ဒါပေမယ့်  ကြာသာပတေးနံ မရဏအိမ်မှာ ရှိနေတဲ့  ၂ ကြွင်းအတွက် ဘယ်သက်ရောက်မှာ မြေ ၀င်ပါစေ ဖြောင့် ဖြောင့် တန်းတန်း လွတ်လွတ်ကင်းကင်း ရှိနိုင်သလားကို စီစစ်ရင်...


ကြာသာပတေးသက်ရောက်မှာရော စနေ သက်ရောက်မှာပါ တနင်္ဂနွေနံ အ၀င်ကိန်း အပေါ်တန်းမှာချည်း ရှိပါတယ်....ဘယ်သက်ရောက်မှာ အိမ်ထောင်ကျတာ အဆင်ပိုချောမွေ့ ပြီး ပိုကောင်းပါသလဲ ဘယ်သက်ရောက်မှာ အိမ်ဝယ်တာ ပိုခိုင်ပါသလဲ ဘယ်သက်ရောက်က အလုပ်ပိုခိုင်းပါသလဲ ဆိုတာ လက်တွေ့ တွေ ကြည့် ရင်သိနိုင်တယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..