ကိုယ့် မွေးနံနဲ့  န၀င်းချိန်
----------------------
န၀င်းဆိုတဲ့ တိုင်ထိပ်မှာ ကိုယ့် မွေးနံရောက်ချိန်ဟာ အကျင့် တွေ ကျင့် ဖို့  အကောင်းဆုံးအချိန်ဖြစ်တယ်ဗျ...အကြောင်းက န၀င်းချိန်ဆိုတာ အသန့် ဆုံးအချိန်ဖြစ်ပြီး ရည်ရွယ်ချက်တွေ အောင်မြင်လွယ်တယ်ပေါ့ ....ဒါကြောင့်  အဲ့ အချိန်တစ်နာရီခွဲအတွင်း ဂါထာရွတ်တာ ပုတီးတစ်ထိုင်စိတ်တာတွေလုပ်ခဲ့ တယ်
ပစ်မှတ်အတိအကျတော့ မရှိခဲ့ ဘူး သူများကိုကူညီတဲ့ အခါ တော်ယုံကိစ္စဆို ပါးစပ်ပြောနဲ့ တင်ပြီးအောင်ပေါ့  ပြီးတာလဲများတယ်..
အဲ့ မှာ သတိထားရတာက ကိုယ့် မွေးနံ န၀င်းရောက်ချိန်ဟာ အောင်မြင်ရေးအချိန်ဆိုပေမယ့်  အခါက သန့် ရှင်းနေလို့  ကောင်းမှု့ သဘောကို ကြိုက်တယ် စိတ်ထားညစ်ပတ်ပြီးပြုမူဆောင်ရွက်တာကို မကောင်းတာလုပ်တာကို မကြိုက်ဘူး မကောင်းမှု့ ကို န၀င်းချိန်မှာ သွားလုပ်ရင် ယာယီ အောင်မြင်တတ်ပေမယ့်  ဆိုက်အဖက်ဆိုးကျိုးပြန်လာတာက ပွဲကြမ်းလေ့ ရှိတယ်...ဒါကြောင့် ကိုယ့် မွေးနံန၀င်းရောက်ချိန်မှာ မတရားမှု့ မကောင်းမှု တွေမပြုမိအောင်ဆင်ခြင်နေထိုင်လိုက်တယ်...။
န၀င်းချိန်မှာ မကောင်းမှု့ ပြုမိလို့  ပြန်လဲာ့  ဆိုက်အဖက်ဆိုးကျိုးဆိုတာ န၀င်းနေရာကနေ ခိုက်ထဲရောက်သွားတဲ့ သဘောပဲ..သဘောက သောကြာသား ဟာ သူ့ မွေးနံ န၀င်းရောက်ချိန် တနင်္လာအခါတိုင်မှာ မကောင်းမှု့ တွေ စိတ်ပုပ်တွေ လောဘဇောတွေ နဲ့ သူများနစ်နာအောင်သွားလုပ်ရင် ယာယီအောင်မြင်သွားတတ်ပေမယ့် အဲ့ တနင်္လာတိုင်ရဲ့ ခိုက် တနင်္ဂနွေနံ ရဲ့ ဆိုးကျိုး ပြန်ခံစားရတယ်ဆိုတဲ့ သဘော အိမ်ပူလာမယ် အိမ်သားတွေနဲ့ ငြိမယ် အိမ်ထောင်သည်ဆိုကွိုင်တက်မယ် အလုပ်ယာယီဂျမ်းဖြစ်တာ ရပ်သွားတာမျိုးတွေ အစာအိမ်ယောင်ချင်တာမျိုးတွေ စသဖြင့်  ၆ရက်ကနေ ၆ပတ်အတွင်း ၁၀ရက်ကနေ၁၀ပတ်အတွင်း ဆိုးကျိုးပြန်လာမယ်ဆိုတဲ့ သဘော
-----------------------------------------
ဥပမာ သူများတော့ မလုပ်ဘူး
ကိုယ့်မွေးနေ့ နဝင်းချိန်ဖြစ်ဖြစ်
အခါတိုင် တနလာင်္နံ နဝင်းဖြစ်နေရင်ဖြစ်စေ အဲ့အချိန်မျိုးမှာ casino မှာ ဖဲသွားရိုက်ရင်ကော
Na Win Thi Ha အဲ့ လို တွက်ချက်ပြီး ရိုက်တိုင်းနိုင်နေရင် ချမ်းသာတာကြာပြီ...ကံတစ်ကွက်ချန်ဆိုတာ နေရာတကာနီးနီးရှိတယ်လေ...ဒါက ပုံမှန်ဘ၀နေနည်းသဘောတွေ အခုရေးတာ ကိုယ့် မွေးနံတိုင်ထိပ်ရောက်ချိန်မှာ ကောင်းတာမလုပ်တောင် သူများကို မကောင်းမှု့ တွေ ဖြစ်အောင် လုပ်တာမျိုး အပြစ်မလုပ်ဖူးဆိုတဲ့ သဘော
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..