Powered By Blogger
Tuesday, May 5, 2015
အခြေအနေပေးမှု့ တဲတဲလေးပေါ်ကလူ..
အခြေအနေပေးမှု့ တဲတဲလေးပေါ်ကလူ..
------------
ကိုယ်စားလှယ်က သူများအတွက် လာမေးပေးတာ...ဒီဇင်္ဘာ ၅၆ တနင်္ဂနွေသမီးအတွက်ပါတဲ့ ...စန္ဒရော (တနင်္လာတိုင်)မှာ...၅၆ဖွားမို့  ၂ ကြွင်း တနင်္ဂနွေအထွန်းဖွားပေါ့  အခု အင်္ဂါသက်ရောက် အသက် ၅၉ ပေါ့ ...လစိတ်က အင်္ဂါလစိတ်ကနေ ဗုဒ္ဓဟူးလစိတ်ကို ဦးတည်နေပြီ...ဒါဆို ကျမ္မာရေးဖြစ်ဖို့ များပြီလို့ တွေးလို့ ရပြီ စန္ဒရောတိုင်နဲ့ ဖြစ်နေလို့ ကိန်းခန်းက အိမ်ကတော့ အထွက်ပြနေပြီ...အဲ့ တော့  ကျမ္မာရေးလား အိမ်ကတော့ အထွက်ပြနေပြီ လို့ မေးလိုက်တော့  ..ကိုယ်စားလှယ်က
ဟုတ်တယ်...ခုလောလောဆယ်တော့  အိမ်ကိုတော့ ပြန်ဆင်းလာပြီ ဦးနှောက်ထဲက သွေးကြောတွေ ယောင်နေလို့  ခွဲရမလိုလိုဖြစ်နေလို့  အဲ့ ဒါ..ခွဲရင်ကောင်းမကောင်း...တဲ့ ...ဒါဆို ဒီခေါင်းပိုင်း ကျမ္မာရေးပြဿနာတက်ပြီဆိုရင် ဒါ သူ့ အတိတ်ကံကပါလာတဲ့ ရောဂါပဲဗျ
( မရဏရောဂါလို့ မပြောဘူး)..လွယ်ဘူး ငွေနဲ့ စက်ကုရမယ့် သဘောရှိတယ် အခုကိန်းက ၆ပတ်အတွင်းကို စိုးရိမ်ရေမှတ်မှာရှိတယ်..ဒိထက်ပိုရင် ၆လအတွင်း အန္တရာယ်ရှိတယ်ပေါ့ ဗျာ..(ဒါက စန္ဒရောတိုင်ထိပ်က ၆ ဂဏန်းနဲ့  လစိတ်ကို ညှိလိုက်တာ...ခွဲခွဲ မခွဲခွဲ အန္တရာယ်ကိုရှိနေပြီ...ကျနော့် သဘောကတော့  ပါရဂူညွှန်ကြားတဲ့ အတိုင်း လုပ်တာကောင်းမယ်လို့ သူဖြစ်နေတာ ၃ လပိုင်းလောက်ကတည်းကပဲ.လို့  ..ပြောလိုက်တယ်..( ၃လပိုင်းဆိုတာက သူက ဒီဇဘာင်္မွေး တနင်္ဂနွေသမီးမို့  အဲ့ ၃လပိုင်းမှာ အင်္ဂါလစိတ် စ၀င်လာတာ)
အဲ့ တော့  ဟုတ်တယ် ၃လပိုင်းမှာ စဖြစ်ခဲ့ တာ ခွဲရင် ထိုင်းမှာကောင်းလား ဒီမှာကောင်းလားတဲ့ ...ဒီဇာတာ ပြည်ပထွက်ကုတာပိုကောင်းတာပေါ့ (၂ကြွင်းမို့ ) ပြည်ပမထွက်ဖြစ်ရင်တောင် ပြည်ပသားတွေလာဖွင့် တဲ့  ရှယ်ယာပါတဲ့  ပန်းလှိုင်လိုဆေးရုံမျိုးဆို ပိုကောင်းတယ်...တကယ်လို့  ခွဲမယ်ဆိုရင် န၀င်းယတြာလုပ်သင့် တယ် ခွဲခန်းထဲမှာ အမှားအယွင်း မဖြစ်အောင်လို့ ပေါ့ ....လို့ ဆိုလိုက်တော့ ...ဟုတ် ကျမမှာ အင်းကျီနဲ့ ဓါတ်ပုံပါလာတယ်ဆရာ လိုရင်လုပ်ဖို့ ...တဲ့  ကဲ ...န၀င်းပွဲလုပ်ပေးရတဲ့ ဘ၀ရောက်သွားရော....
ပထမ ယတြာပြောပေးနေတာ က သစ္စာပန်းအရွက်တွေနဲ့ လုပ်တဲ့ ယတြာမျိုးစုံတွေချည်း ညွှန်ပေးနေတာကနေ ပြောရင်းဆိုရင်းကနေ န၀င်းပွဲယတြာပါကူရတဲ့ ဘ၀ရောက်သွားတာ...
သဘောက သက်ရောက်ညံ့ လို့ ရောဂါထူတတ်တာ မဆန်းဘူး ချိန်ကြည့် ရတာက ကိုယ့် မဟာဘုတ်က မရဏအိမ်က ဂဏန်းပရိယာယ်နဲ့ ပတ်သက်တဲ့ ရောဂါဖြစ်မဖြစ်ကို ချက်ကင်ဝင်ရတာ.မရဏအိမ်က ဂဏန်းနဲ့ ငြိနေပြီဆိုရင် ပါးပါးလေးသဘောထားလို့ မရတော့ ဘူး..
.ဒါမှ ရောဂါရဲ့ အတိမ်အနက်နဲ့  ယတြာကူရင် သေးသေးနဲ့ လုံလောက်လား အကြီး ယတြာတွေ တက်ကိုင်သင့် လာချိန်ရတာ...ပြီးတော့  ဒီနှစ် ကောဇာမဟာဘုတ်က တနင်္ဂနွေနံ မရဏအိမ်မှာဆိုတော့  တနင်္ဂနွေသားသမီးတွေရောဂါထူရင် သိပ်လျှော့ တွက်လို့ မရဘူး နဲနဲမျက်လုံးပြူးကြည့် ရတာ.ကောဇာအထိုင် အညံ့ အားကပါ ၀င်ဓါတ်ဆီလောင်းတတ်တာ ၊ ..
အကယ်၍ အဲ့  ၅၆ခုဖွားတနင်္ဂနွေသမီးက ခေါင်းထဲမှာရောဂါမဖြစ်ပဲ အစာအိမ်လေး ဆီးချိုလေး သွေးတက်တာလေးလောက်ဆို န၀င်းယတြာမျိုးတောင် ချပြောနေစရာမလိုလောက်သေးပဲ ၂ပဲခြောက်ပြားလောက်သာပိုက်ဆံကုန်မယ့် သစ္စာပန်းအရွက်လောက်နဲ့ တင်ပြီးတယ်ပေါ့ ...။
ကျနော်တွက်ပုံနဲ့  တွက်ရင်းစဉ်းစားသွားတဲ့ ပုံက ဒါပဲ အပိုတွေမပါဘူး..လာတဲ့ အခါတိုင်နဲ့ သက်ရောက်နဲ့ နေ့သားနဲ့ မဟာဘုတ်နဲ့  လိုတိုရှင်းပွိုင့် တွေကြည့် ပြောသွားတာ အကြောင်းသိတွေနဲ့ ဆို တစ်ခါတစ်လေဒီလိုပဲ စကားတွေ အများကြီးမပြောရဘူး..
----------------------------------------
နမိတ်ကြောင့်  န၀င်းပွဲလုပ်တာတောင် အောင်မြင်မလား မအောင်မြင်ဘူးလားကို ယတိပြတ် အာမမခံနိုင်တော့ 
------------
ပြီးခဲ့ တဲ့ အပတ်က .ဒီဇင်္ဘာ ၅၆ ၂ ကြွင်းတနင်္ဂနွေ သမီး အထွန်းဖွား အသက် ၅၉ အင်္ဂါသက်ရောက်ရဲ့  ၂ ကြွင်းမရဏရောဂါ ဖြစ်တဲ့  ဦးခေါင်းထဲမှာ ရောဂါဖြစ်နေတဲ့ အကြောင်း ရေးခဲ့ ပါတယ်နော်...ခွဲရမလိုလို က နေ ရန်ကုန်မှာခွဲမလား ဘန်ကောက်မှာ ခွဲမလားတွေ တိုင်ပင်သွားတာလဲပါပါတယ်...သူ့ ရဲ့ လစိတ်ကလည်း အင်္ဂါလစိတ်အကုန် ဟူး လစိတ်ဘက် ကူးစလို့ ပါ ရေးပြခဲ့ ပါတယ်နော်...
ဒီနေ့ မနက်ကတော့ သူ့ မိသားစုက ဖုံးဆက်လာတာက ဘန်ကောက် မသွားဖြစ်တော့ ဘူး..ဒီမှာတင် ခွဲမယ် ဒီတော့  ယတြာလုပ်ဖို့  ဘာယူခဲ့ ရမလဲ ဘယ်အချိန်လာရမလဲ လို့ လှမ်းမေးပါတယ် ဒီတော့  ကျနော်က လာချင်တဲ့ အချိန် လာပေးထား မခွဲခင်တစ်ရက်ကြို လုပ်မှာလို့ ပြန်ပြောလိုက်ပြီး ဘယ်နေ့ ခွဲမှာလဲလို့ မေးလိုက်တော့  ၉ ရက်နေ့ လို့ ဆိုပါတယ်...
ဒါနဲ့  နေ့ ခင်းပိုင်းမှာ ကားနဲ့  ရောက်လာပါတယ်...သူတို့ ဟာ ကားပေါ်ကဆင်းလာပြီး တက္ကစီခရှင်း အိမ်ထဲကိုလှမ်းဝင်ထိုင်လိုက်တုန်း ဟယ်..ကားပေါ် အိပ်ပါသွားပြီ  လို့  အလန့် တကြား အသံထွက်လာပြီး အိမ်ရှေ့ ကို ပြန်ထွက်တော့  ကားက မရှိတော့ ပါဘူး...ဒါနဲ့  သူတို့ တွေ အိမ်ရှေ့ မှာ ဖုံးတွေဆက်ဘာညာ လုပ်နေတုန်း စောစောက တက္ကစီကားက လမ်းထဲကို ပြန်ကွေ့ ဝင်လာပြီး စောစောက ကားပေါ်ပါလာတဲ့ အိပ်ကို သူတို့ ကိုပြန်ပေးလိုက်ပါတယ်...
နောက်တော့ ကျနော်နဲ့ ဆုံပါတယ်...သူတို့ ဟာ အဲ့ ဒီ အိပ်ကလေးကို ထုပ်ပြီး ၉ရက်နေ့ ခွဲမယ့်  တနင်္ဂနွေ သမီးရဲ့ အင်းကျီနဲ့ ဓါတ်ပုံ တစ်ပုံ န၀င်းပွဲငွေကို ကျနော့် ကို ပေးပါတယ်...အဲ့ ဒီ့ အချိန်မှာ အခါတိုင်ကို လှမ်းကြည့် လိုက်တော့  သောရီတိုင် ဖြစ်နေပါတယ်...အင်္ဂါနေ့  နေ့ ၂ နာရီလောက်ဆိုတော့ လေ....အဲ့ ဒီမှာ ဖြတ်ကနဲသဘောပေါက်လိုက်ပါတယ်...
စောစောက ကားပေါ်ပါသွားတဲ့ အိပ် ဆိုတာ တနင်္ဂနွေနံ ဖြစ်နေတယ် အခု ယတြာကစားပေးရမှာကလည်း တနင်္ဂနွေသမီး ဖြစ်နေတယ် ဒီတော့  ဒါဟာ တနင်္ဂနွေသမီး  လူမမာအတွက် နံတူ နမိတ် ဖြစ်ခဲ့ ပြီ...
အခါတိုင်ကလည်း ဒုက္ခ အပေါင်းတို့ စုဝေးရာ စနေတိုင် (သို့ ) သောရီတိုင်...သက်ရောက်ကလည်း အင်္ဂါသက်ရောက် လစိတ်ကလည်း ဟူး လစိတ်အ၀င် ခေါင်းထဲက သွေးကြောသေးသေးလေးမှာတည်နေတဲ့ အကြိတ်လေးကလည်း ၂ကြွင်းဘွားတွေရဲ့  မရဏရောဂါဖြစ်နေတော့  ဒီ ကေစ်ဟာ မလွယ်ဘူး အတော်လေးကို ခက်ခဲမယ့်  ကေစ်ဖြစ်တယ်လို့  သုံးသပ်လိုက်ပြီး......
သူတို့ ကို ပွင့် ပွင့် လင်းလင်းပဲ ပြောလိုက်ပါတယ်...သူတို့ ဟာ တစ်ခြားကိစ္စတွေနဲ့ ဗေဒင်မေး မကြာခဏ လာမေးဘူးသူတွေဖြစ်ပေမယ့် အဲ့ ဒီ့ လို ကိုယ်ပစ္စည်း ကားပေါ်မေ့ ပြီးပါသွားတာမျိုး ဒီမှာ တစ်ခါမှ မဖြစ်ခဲ့ ဘူးဘူး...အခု ဒီနေ့ ဖြစ်ပုံမှာ အိပ် နဲ့ လူဟာ တနင်္ဂနွေ နံ တူသဘောဖြစ်နေလို့ ဒါဟာ
၉ ရက်နေ့ ခွဲမယ် တနင်္ဂနွေသမီးအတွက်  နမိတ်သဘောဆိုတာ သေခြာတယ်...ဒီတော့  ဒီနေ့ ဖြစ်ပုံအရ ဆိုရင် အဲ့ ဒီတနင်္ဂနွေသမီး ကိစ္စဟာ ၅၀ ၅၀ သဘောသာရှိတယ် လို့  ရှင်းပြလိုက်တော့  သူတို့ လည်း သူတို့  လူနာရဲ့  အနေအထားကို ကောင်းကောင်း ရိပ်မိသွားပါတော့ တယ်....လူမမာရဲ့  ကံ အခြေအနေကို သဘောပေါက်သွားတယ်ပေါ့ လေ..အားပေးလိုက်တာကတော့  အိပ်ကို ပြန်လာပေးတဲ့ အတွက်တော့  လက်မတင်လေး ဆယ်လို့ ရမယ်နဲ့ တူပါရဲ့ လို့ တော့ ပြောပေးလိုက်ရပါတယ်ဗျာ....
(သဘောက အခု န၀င်းပွဲ တက်လုပ်ပေးတဲ့ ယတြာကတောင်  အသက်ရှည်ဖို့ ကို အာမ မခံနိုင်တော့ ဘူးသဘောကို သွယ်ဝိုက် အသိပေးလိုက်တာပါပဲ..ခွဲခန်းထဲ အောင်မြင်ရင်တော့  အဲ့ တနင်္ဂနွေသမီးရဲ့  ရှေ့ မှာ ဖြတ်သန်းရဦးမယ့်  လစိတ်ပိုင်းတွေဟာ အညံ့ လစိတ်တွေချည်း တန်းစီစောင့် နေတာ ရော သက်ရောက်ကလည်း အညံ့ သက်ရောက်တွေချည်း တန်းစီစောင့် နေတာမို့ လို့ ပါပဲဗျာ)
ခေါင်းထဲက သွေးကြောငယ်မှာ အကြိတ်လေးဖြစ်နေတယ်ဆိုတာ ဆေးပညာအရ တစ်ချို့ ဆို မွေးရာပါပါ...အလွယ်တကူ ဒုက္ခမပေးတတ်သေးပဲ သေးသေးမွှားမွှားလေးသာ အသားပိုလေးအဖြစ် ခေါင်းထဲက သွေးကြောတွေမှာရှိနေတတ်ပြီး အချိန်မရွေး အသက်အရွယ် ကြီးငယ်မရွေး ရုတ်တရက် သွေးကြောကို ထပိတ်လိုက်ပြီး သေသွားနိုင်တယ်လို့ ဆိုပါတယ် ကင်ဆာကြိတ်လည်း မဟုတ်ပါဘူး...သဘောက အချိန်တစ်ခုခုရောက်ရင် အသက်ကို ဖြတ်ပစ်ဖို့  အတိတ်ကံက နဂိုကတည်းက ပါလာတာမျိုးလို့ ဆိုပါတယ် ဒါမျိုးသဘောတွေဟာ မျိုးရိုးလည်းလိုက်ပြီး ပါလာတတ်သလို ၂ ကြွင်းတွေမှာတော့ အတွေ့ ရ အများဆုံးပါဗျား...ဆိုလိုတာက ဒါဟာ ကံ ပဲ လူရဲ့ အစားအသောက် အနေအထိုင်နဲ့ မဆိုင်ပါပေါ့ လေ
ချုပ်လိုက်ရင် ကာယကံရှင်တွေရဲ့  ကံသတ္တိသဘောတွေကို ကျနော်တို့  ဘယ်တော့ မှ ကျော်လုပ်လို့ မရပါဘူး ဘာလောကီ ပညာတွေဖြစ်ဖြစ် သံသရာကပါလာတဲ့ မမြင်ရတဲ့  ကံ သတ္တိတစ်ခုရဲ့  ရဲ့ အောက်မှာရှိနေတယ် ဆိုတာပါပဲ..ဒါပေမယ့်  ကျော်လို့ မရတာက မရတာ ကျနော်တို့ ဟာ ရှင်သန်နေဆဲ လူတွေဖြစ်နေလို့  ဘာဘဲဖြစ်ဖြစ် ဘာလုပ်လို့ ရနိုင်သေးလဲကို တွေးပြီး လုပ်လို့ ရတာတော့  လုပ်နိုင်သမျှ လုပ်ကြည့် ရမယ် ဆိုတာကတော့ ကျနော့်မူဝါဒသဘောပါပဲဗျားးးး...
------------------------------
ကြောက်စရာကောင်းလိုက်တာနော် ရောဂါတွေဆန်းကျယ်တာ ငွေမရှိရင်သေရမှာပဲနေိာ တခုခုဆို
Na Win Thi Ha ဟုတ်တယ်ဗျား..ကျယ်ပြန့် ပါတယ်..ဆိုပါတော့ ၃ ကြွင်း တွေဟာ သွေးနီဥနဲနေလေ့ ရှိတာ...ပရက်ရှာပြုတ်ပြုတ်ကျတတ်တာ သွေးစောင့် တိုးတာ ဂေါက်နာထထလာတတ်တာဟာ သွေး အခြေခံဖြစ်ပြီး ဒါဟာမရဏရောဂါဖြစ်တယ် ဒီအကျိုးဆက်ဟာ ၁၀နှစ် ၁၅ နဂိုက နှလုံးရောဂါ စစ်စစ်မရှိပေမယ့်  နှလုံးက ခဏခဏ ရုတ်တရက် ထထ အလုပ်လုပ်ရလို့ ကြာတော့ နှလုံးကြွက်သား ဒဏ်ဖြစ်လာရာကနေ နှလုံးဖေါက်ပြီး ဒုက္ခရောက်တတ်တယ်ဆိုတာ အတွေ့ အကြုံနဲ့ အတွေးအခေါ်ကိုပေါင်းစပ်ပြောတာမျိုးပါ..ချက်ချင်း မဖြစ်လို့  အများအားဖြင့် ပေါ့ နေတတ်ပြီး တကယ်ဖြစ်တော့ ...ငယ်ငယ်ရွယ်ရွယ်နဲ့  ငိငိတွေဖြစ်ကုန်ပါရောဗျား...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..