Powered By Blogger

Tuesday, May 5, 2015

လောင်းကစားနဲ့ ပတ်သက်လို့ ....



လောင်းကစားနဲ့ ပတ်သက်လို့ ....
------------
ဒီစာပါအကြောင်းက  တစ်ချို့ ဘော်ဒါတွေ သိပြီးသားပါ အခု တိုင်ပညာအကြောင်းကို တကယ့် အတွေ့ အကြုံကို အသစ်ပြန်ရေးပြလိုက်တာပါ...မဖတ်မိခဲ့ ရင်တော့ အသစ်ပေါ့ လေ တိုင်ပညာရဲ့  သဘောတရားကို ရိပ်မိအောင်ပါ...

အဲ့ ဒီနေ့ က တပည့် တွေနဲ့ ဆရာနဲ့ ရွှေတိဂုံ က ဗေဒင်ဆိုင်ခန်းမှာ ထိုင်ပြီး တိုင်ပညာနဲ့ နမိတ်တွေအကြောင်းပြောနေကြပါတယ်...ဆိုင်ခန်းရဲ့ ကျောမှာ ခပ်ဝေးဝေး
မှာ ဘုရားကြီးရဲ့ မြင့် မားလှတဲ့ တံတိုင်းကြီးရှိပါတယ် လေဟာနယ်လို လှမ်းမြင်နေရပါတယ်...ဒီအချိန်မှာ ဂုရုတိုင် ဆိုတဲ့ ကြာသာပတေးတိုင်အကြောင်းကို စကားလမ်းကြောင်းရောက်နေပါပြီ...

ဒီတိုင်ရဲ့  ဘေ့ စစ် သီအိုရီတစ်ခုက အလျော်အစားတိုင်ပါ...ဟိုနေ့ က ကျနော်ရေးခဲ့ တဲ့ တိုင်ပညာမှာ န၀င်းယူသွားရင် ကိုယ့် မှာခိုက်ကျန်ခဲ့ တယ် ခိုက်ယူသွားရင် န၀င်းကျန်ခဲ့ တဲ့ ဆိုတဲ့ သဘောတရားအကြောင်းရောက်နေပါပြီ...ဒါနဲ့  ကျနော်တို့ က ဒီဂုရုတိုင်မှာ ချဲ နမိတ်တစ်ခုခုဖမ်းရင် ရမလားလို့ မေးတဲ့ အခါ ဆရာက လိုချင်လို့ ဖမ်းရင်နမိတ်ပေါ်ပေးတတ်တဲ့ သဘောလည်း ရှိကြောင်းပြောနေရင်းက ခပ်လှမ်းလှမ်းက ဘုရားစောင်းတန်း အတက်လှေခါးထိပ်မှာ ကြီးဒေါ်ကြီး တစ်ယောက်ခလုပ်တိုက်ပြီး လဲတာ ပတ်ဝန်းကျင်တစ်ခုလုံး အာမေဋိတ်သံတွေထွက်လာပြီး မြင်လိုက်ရပါတယ်...



ဒါကို ကျနော်တို့ အကုန်လုံးမြင်လိုက်တဲ့ အခါ... ဟာဆရာ ဟိုကြီးဒေါ်ကြီး ခိုက်ဝင်သွားပြီး ဒါဆို ကျနော်တို့ အတွက် န၀င်းက တနင်္လာနံ ရဖို့ ကျန်ခဲ့ ပြီပေါ့  လို့  အားရ၀မ်းသာ ထအော်လိုက်တော့  ဆရာက ရယ်ကျဲကျဲနဲ့ လှမ်းမန်လိုက်ပါတယ်...ပြီးမှ အေး အဲ့ လိုယူရင်ရပြီ ဆိုပြီး ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်ချိန်မှာ ခပ်လှမ်းလှမ်းက ဘုရားတံတိုင်းပေါ်မှာ လူ၂ ယောက်နဲ့  ခွေးတစ်ကောင် တက်ရပ်လာတာ မြင်လိုက်ရပါတယ် တံတိုင်းပေါ်ဟိုလျှောက်ဒီလျှောက် လုပ်ပြပြီ တစ်အောင့် ကြာတော့  ဟိုဖက်ချမ်းကိုပြန်ဆင်းပျောက်ကွယ်သွားပါတယ်...

ဆရာက ဒါ မင်းတို့ လိုချင်နေတဲ့  ချဲနမိတ်ပဲ ကောက်လို့ ရပြီဆိုတော့  အားရ၀မ်းသာ ၀ိုင်းကောက်နေကြပါတော့ တယ်..အဲ့ လိုကောက်နေတုန်း ဆရာ့ ဧည့် တစ်
ချို့  ရောက်လာပြီးငွေတစ်ချို့ နဲ့ စားစရာတွေလာကန်တော့ လက်ဆောင်ပေးသွားတာလည်း ဖြစ်ခဲ့ ပါသေးတယ်..။...နမိတ်ဝိုင်းကောက်လိုက်တာ နောက်ဆုံးအတည်
ပြုလိုက်တာက ခွေး၊ လူ။ တံတိုင်း နံသုံးနံ ပါနေလို့  သုံးလုံးချဲအတွက် ကောက်လို့ ရပြီ...ဒီတော့  ၂၄၇ နဲ့ ၂၄၀ နှစ်ကွက် ပတ်လည်ရိုက်လို ရပြီဆိုပြီး ကျေနပ်နေကြပြီး အဲ့ နေ့က လမ်းခွဲခဲ့ ပါတယ်...

နောက်ရက်မကြာခင်မှာ ထွက်လာတဲ့ ဂဏန်းက ၂၄၇ ပါပဲ..ကွက်တိလိုပါပဲ..ဒါပေမယ့်  အဲ့ နေ့ ဆိုင်မှာ လူစုမိကြတော့  တစ်ယောက်နဲ့ တစ်ယောက် မေးငေါ့ မေးကြတာက ပေါက်ကြသလားဟေ့ ပေါ့ . ..တစ်ယောက်ဆို တစ်ယောက်မှ မထိုးဖြစ်ခဲ့ ကြပါဘူး...အကြောင်းက အသီးသီးဟာ ပညာကလွဲလို့ လောင်းကစားကို ၀ါသနာမပါကြတာရယ် အသီးသီးသွားတူနေတာက စောင့် ကြည့် မယ်ဆိုတာပါပဲဗျာ...

ဒါဟာ ကြာသာပတေးတိုင်မှာ န၀င်းက ၂ ဂဏန်း တနလာင်္နံ ငွေ သဘောနဲ့  ခိုက်က ဟူးနံ လူခိုက် သဘော ၂ ခုကို ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ပြင်ပနမိတ်ကို ခွင်ရိုက်ဆက်စပ်ပြီး အဖြေထုတ်သွားတာမျိုး ပါပဲဗျာ...သဘောက လောင်းကစားသဘော (သို့ ) ငွေကံသဘော (သို့ ) ချမ်းသာကြွယ်ဝခြင်းသဘောကို  ရထိုက်တဲ့ ကံ ရထိုက်တဲ့ အချိန်မကျပဲ ကံမပါပဲ ဥာဏ်များလို့ မရဘူး ဆိုတာအဖြေပေါ်လာပါတယ်...အဲ့ နေ့က လက်ငင်းငွေတစ်ချို့ ကတော့  ဆရာကိုယ်တိုင်တော့ ရသွားတာ သတိထားမိလိုက်တယ်ပေါ့ ဗျာ...

(အကယ်၍သာ ကြာသာပတေးတိုင်မှာ သူများက ငါတော့  ထောသွားပြီးဟေ့  ဆိုတဲ့ အသံကြားရင်ရော. ကိုယ်မှာ ဘာဖြစ်မှာလဲ..ဆိုတဲ့ မေးခွန်းမျိုးကတော့  ဒဿနိကပညာက တက္ကိကဆန်တဲ့ မေးခွန်းလိုပဲ သေခြာတဲ့ အဖြေမပေးနိုင်ပါဘူး တွေးဆချက်တွေသာဖြစ်မှာပါ ကိုယ်တိုင်ကြုံမှ ဘာဖြစ်မလဲကို သိနိုင်ပါလိမ့် မယ်..

အကြောင်းက လူဆိုတာ ပစ္စုတ်ပန်ကံတင်မကပဲ သံသရာအဆက်ဆက်ကပါလာတဲ့ အတိတ်ကံပါရောပြီး ဖွဲ့ စည်းဖြစ်တည်နေတဲ့  ကံသတ္တိအကျိုးပေးပါ ပါနေလို့ ပါပဲ...)

အဲ့ လောင်းကစားနဲ့ ပတ်သက်ပြီး စမ်းသတ်ချက်တွေ ဆရာနဲ့ အများကြီးလုပ်ခဲ့ တဲ့ အခါ  အချုပ်ကတော့  အတိတ်ကံမပါပဲ ပစ္စုတ်ပန် ဥာဏ်ချည်းကွန့် နေလို့ မရဘူးဆိုတဲ့ အဖြေရလာပါတယ်ဗျား)

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..