Powered By Blogger

Tuesday, May 5, 2015

သေလွယ်ပျက်လွယ်တတ်ပါသော..(သုံးတန်ပေါ်နိစ္စတိုင်ပညာတစ်ကွက်)





သေလွယ်ပျက်လွယ်တတ်ပါသော..(သုံးတန်ပေါ်နိစ္စတိုင်ပညာတစ်ကွက်)
-----------
မကြာခင် ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားတဲ့ ကြာသာပတေးသားတစ်ယောက်ရဲ့ မွေးသက္ကရာဇ်နဲ့  ပြန်တွက်ရိုးလေးပါ..ဗေဒင် သဘော အကြောင်းတစ်ခုခုရှိလားလို့  ဗေဒင်ပညာဖက်က ထောက်လှမ်းရေးဆင်းကြည့် တဲ့ သဘောပါ..။

သူဟာ ၈လပိုင်း ၈၀ဖွား ၅ကြွင်းကြာသာပတေးသားဖြစ်ပြီး အခုဆို အသက် ၃၅ ဖြစ်လို့  သက်ရောက်က သောကြာ ခရီးသွားနှစ် လူမှု့ ရေးများတဲ့ နှစ် အကောင်းသဘောတွေလို့  သာမန်ယူလို့ ရပါတယ်..

.ဒါပေမယ့်  သုံးတန်ပေါ်နိစ္စတိုင်ပညာဘက်ကထောက်ထားပြီး ခွင်လွှဲတိုင်ထူပြီး အကဲခတ်ထားရင် သောကြာသက်ရောက်ရဲ့  သုံးတန်ပေါ်နိစ္စတိုင် ၃၄၅ တိုင်ထိပ်က သူ့ မွေးနံ ကြာသာပတေးနံကို(အခုနှစ်မကုန်သေး) ၁၃၇၆ ၄ကြွင်းနှစ်မဟာဘုတ်ရဲ့  မရဏအိမ်က နံ စနေနံက (ဓမ္မာသောက အတွင်းရန်ကိန်း)နဲ့ ကပ်ထားတာမြင်နိုင်ပါတယ်.




ဒီဘက်သက်ရောက် လစိတ်ပညာက က ၈လပိုင်းလဆန်းမွေးတဲ့  ကြာသာပတေးသားကို လစိတ်ချလိုက်ရင် ဧပြီလဟာ အင်္ဂါဂြိုလ် လစိတ် အညံ့  ( ဒုတိယမြောက်အညံ့ လစိတ်အဖြစ်) ထဲဖြတ်သွားတာတွေ့ နိုင်ပါတယ်...
( ပထမအညံ့ လစိတ်က ဇန်န၀ါရီလနဲ့ ဖေဖေါ်ဝါရီလဆန်းကြား တနင်္ဂနွေမရဏလစိတ်ပါ တတိယမြောက်အညံ့ လစိတ်က ၇လပိုင်းနဲ့ ၈လပိုင်းကြားမွေးလပြန်ဝင်ခါနီးလစိတ်ပါ..)


ကျနော် လုပ်လာသမျှမှာ သုံးတန်ပေါ်နိစ္စပညာဖက်က နေ ထောက်လှန်းရေးဆင်းတိုင်း တစ်ချို့ သက်ရောက်တွေမှာ ကိုယ့် မွေးနံကို အဲ့ ဒီနှစ် ကောဇာ မဟာဘုတ်အိမ်က မရဏနံ ဘေးချင်းတိုက် လာကပ်ထားရင် အက်စီးဒန့် တွေ ကျမ္မာရေးတွေ မိသားစုတွင်းပြဿနာတွေ သိက္ခာကျစရာတွေ အမှု့ အခင်းတွေ စသဖြင့်  လူတွေ မလိုချင် မနှစ်သက်တဲ့  လူ့ ဘ၀ရဲ့  မကောင်းမှု့ တွေ အနဲနဲ့ အများကြုံတွေ့ ရလေ့ ရှိခဲ့ တာ အတွေ့ အကြုံတွေ များခဲ့ ပါပြီ...ကိုယ်တိုင်လည်း ကြိုသိလို့ ကြိုကာထားတာတောင် ဆေးရုံကိုရောက် သေတွင်းထဲက ကပ်လွတ်လာတဲ့ အထိ ကြုံခဲ့ ပြီးပါပြီ ...


ဒါကြောင့်  သုံးတန်ပေါ်နိစ္စတိုင်ပညာကနေ ကံချိန်ကြည့် လို့  ကိုယ့် မွေးနံကို ကောဇာမဟာဘုတ်ရဲ့ မရဏနံ ကပ်နေတဲ့ နှစ်နဲ့ ကြုံရင် သက်ရောက်ကောင်းပါစေ လျှော့ မတွက်နဲ့ ဆင်ခြင်သတိထားနေဖို့  အချက်အလက်တစ်ခုအဖြစ်ယူသုံးလေ့ ရှိပါတယ်ဗျာ...ကျနော်ကြုံတုန်းကဆို ကျနော် အင်္ဂါသက်ရောက်ဖြတ်တုန်း  သုံးတန်ပေါ်နိစ္စပညာအရ ၅၆၇ တိုင် မှာ သောကြာနံ ( ပြအိမ်) မှာ ရှိတုန်း အဲ့ ဒီနှစ်က ကောဇာမဟာဘုတ်က သုံးကြွင်းမဟာဘုတ် သောကြာနံ မရဏ ကျနေပါတယ်..

ဒီတော့  သုံးတန်ပေါ်နိစ္စပညာအရ ခွင်လွှဲတိုင်မှာ သောကြာနံ ဟာ( ပြ ပြ ချင်း ဘေးချင်းတိုက် ) လာဖြစ်သွားပါတယ်...ဒီတော့  ကိုယ့် မွေးနံကို ကောဇာမရဏ သောကြာနံက လာ ကပ်နေသလိုဖြစ်သွားပါတယ်..သတိထားတဲ့  ယတြာတွေကာထားတဲ့ ကြားက ဆေးရုံကို ရောက်သွားပါတော့ တယ်ဗျား....ကာထားလို့ သာ လွယ်လွယ်နဲ့  မသေတာလို့ ဆိုရမလိုပါပဲ..


သုံးတန်ပေါ်နိစ္စပညာကနေ အဲ့ ဒီလို ဒဲ့ အသုံးကျတဲ့  အကွက်တွေကိုယူသုံးတာပါဗျား...ပြီးတော့  မွေးသက္ကရာဇ်သိလိုက်ပြီး ထူးခြားဖြစ်စဉ်တစ်ခုခုဆို အကြောင်းတွေလိုက်ရှာရင် ပညာသိသဘောတွေ တိုးလာပြီး တတ်နိုင်သမျှ ဆင်ခြင်နေထိုင်လို့ ရလာတဲ့  အတော်လေးအထောက်အကူပြုလာတဲ့  သဘောတွေ ရလာပါတယ်ပေါ့ ဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..