
ဘုရားကစကား ပြောတယ်လို့ အိပ်မက်မက်သူ.
----------------------
ပြီးခဲ့ ၂ နှစ်လောက်ကကြုံခဲ့ တာပါ......မက်တဲ့ သူက ချဲ ဒိုင်သမားပါ..သူကိုယ်တိုင်ကိုက ဗေဒင်အညာတွေအကြောင်းတော်တော့် ကိုတတ်နေသူမျိုးပါ သုတေသီ ဆရာတစ်ပိုင်းပေါ့  ဒါပေမယ့်  ဘီယာတွေ..ဘာညာတွေ ကင်းပုံလည်းမရပါဘူး၊ အဲဒိနေ့ က ..သူက ဗေဒင်အကြောင်းတွေလာပြောရင်းက ညက သူ အိပ်မက်မက်တဲ့ အထဲမှာ....ဘုရားဟာ ပလ္လင် ပေါ် ကနေ လှမ်းပြီး ပါးစပ်လှုပ် စကားပြောတာကို ဖူးရပါတယ်တဲ့ ....ဒီအပါတ်တော့  သူ ကိုယ်တိုင် ၀င်ကစ်ရင်ထောမယ်နဲ့ တူတယ် ထင်တယ်လို့ ပြောပါတယ်...ကျနော်က...ဘာလို့ ထောမယ်လို့ ထင်ရတာလည်းလို့ ပြန်မေးတော့  အိပ်မက်တိတ္ထုံ ကျမ်းထဲမှာ...အိပ်မက်ထဲ ဘုရားဖူးရရင် ကံကောင်းတတ်တယ်လို့ ပါတယ်လေတဲ့ ......
ဒါပေမယ့် ကျနော်က....အင်း ...အဲသလိုဆိုကောင်းတာပေါ့ ....လို့ ပြန်ပြောတော့  သူက..ဘရိုကရော ဘယ်လို ကောက်မလည်း...တဲ့  ပြန်မေးပြန်ရောဗျ...ကျနော်က .အာ ဆရာသမားပဲ .ကိုယ့် ဟာကိုယ် ကောက်ထားပြီးပြီလေ..ကျနော် ဘာကောက်ဖို့ လိုလည်း ကောက်တတ်ဖူးဗျားး..လို့ ပြန်ပြောရပြန်ပါတယ်...ဒါကိုသူက မပြီးဘဲ...လုပ်စမ်းပါ ကောက်ပေးပါလို့  ထပ်အထွန့် တက်တော့ ...ခင်ဗျားမေးလို့ ကျနော်ကောက်တာနော်လို့ .ပြန်ပြောပြီး...................
ခု ခင်ဗျား ကောက်ခိုင်းတဲ့  အခါတိုင်က ဂုရု ကြာသာပတေးတိုင်ဗျာ.....တိုင်အရ ငွေန၀င်း အရော်အစားဗျာ ခိုက်က ဗုဒ္ဓဟူးဗျာ.ခင်ဗျားကလည်း ဗုဒ္ဓဟူးဗျာ....တိုင်အရ ချဲ ဒိုင်ကိုင်တာလည်း တိုင်မှန်နေ တယ်ဗျာ...ဒီတော့  ဒီ၂ ပါတ်အတွင်း ခင်ဗျားဒုက္ခရောက်မယ်ဗျာစားဖို့ မဖြစ်နိင်ဘူး လျော်ဖို့ဘဲဖြစ်နိင်တယ်ဗျာ....ဒီထက်ပိုဆိုးရင် အမှု့ လာမယ်ဗျာလို့ .....ဖြေလိုက်တော့ ..သူက တဟဲဟဲ လုပ်ရင်းစောင့် ကြည်ံရအောင်လို့ ပြောပြီးသူ့ ကို အကောင်းမကောက်ပေးလို့  အစာမကြေတဲ့ ပုံနဲ့ ပြန်သွားပါတယ်......
လကုန်တဲ့ အခါ.....သူ့ မိန်းမရောက်လာပြီး...သူယောက်ျား ဟိုတစ်ခါလာတဲ့ ချဲရောင်းတဲ့  ဗုဒ္ဓဟူးသား ချဲ အဖမ်းခံရတဲ့ အကြောင်း...ရဲက...ကျော်ဇော်မှု့ နဲ့ ဝင်စစ်ရင်းစာရွက်နဲ့ လယ်ဂျာတွေတွေ့ လို့ ဆွဲသွားတဲ့ အကြောင်းလာပြောရင်း..အမှု့ သက်သာဖို့  အောက်ခြေစခန်းမှာ တွင်ညှိ လို့ ရအောင်လို့ လိုက်နေရတယ်လို့ ဆိုပါတယ်
ဒီဇာတ်လမ်းမှာ....သူဟာ တနင်္လာသားဖြစ်ပြီး ကောင်းရောင်း ကောင်းဝယ်သမား..ကာရိုက်တာသန့် ရင် ဘုရားမက်တာဟာ အမှန်တကယ် ထောမယ့် နမိတ်ပါ လူက ဗုဒ္ဓဟူးသား ဖြစ်နေလို့ ဂုရုတိုင်မှာ ခိုက် ဖြစ်နေတဲ့ အပြင် ကာရိုက်တာကလည်း ခပ်ကဲကဲထဲက ဆိုတော့ ဘုရားမက်တာဟာ သူကံဆိုး တော့ မယ့် အကြောင်းမက်တာလို့ အဆိုးကောက်လိုက်တာပါပဲ နောက်တစ်ချက်က ဘုရားက တစ်ခုခု မကောင်းတာဖြစ်တော့ မယ်လို့  သတိပေးနေတာများလားလို့ တွေးမိတာလည်းပါပါတယ်
အိပ်မက်ထင်ရှားတစ်ခု ကို နမိတ်ဖတ်ရင် လူနဲ့ ပါတ်ဝန်းကျင်အလုပ် ကာရိုက်တာတွေ ညှိနှိုင်းဆုံးဖြတ်ရင် အဖြေထုတ်ရတာ ပိုနီးစပ်တိုက်ဆိုင်သွားတတ်တယ်....ပုံသေ ပြောထားရတာခက်တယ်လို့ ပါဘဲဗျာ........
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..