Powered By Blogger

Wednesday, May 6, 2015

မေးလေ့မရှိတတ်သော မေးခွန်း..




မေးလေ့မရှိတတ်သော မေးခွန်းတစ်ခု ..

.၁၀တန်းအောင်စာရင်းတွေ  ထွက်လာပြီးရင် ဗေဒင်ဟောစားတဲ့ သူတွေဆီ ရောက်ရောက် လာတတ်တာက  သားကို စစ်ဆေးတို့  ဗိုလ်သင်တန်းတို့ ကို တက်ခိုင်းမယ့်  မအေတွေ ဖအေတွေပေါ့ .

..သူတို့ လာရင်းကိစ္စက ၀င်ခွင့်  စစ်ဆေးရေးမှာ အောင်မြင်သွားပြီး  သင်တန်းတက်ခွင့် ရသွားဖို ရည်ရွယ်ချက်သာ ပါလေ့ရှိတယ်. ၀င်ခွင့် အောင်မအောင်ပေါ့  ၀င်ခွင့် အောင်ချင်တယ်ပေါ့  ..နောက်တစ်ချို့ က  အကပ်နဲ့ လိုက်တဲ့ ကိစ္စ အလုပ်ဖြစ်ချင်လို့ ပေါ့  ဒီလောက်ပါပဲ....

 အဲ့ ကိစ္စမှာ သူတို့ တွေ မမေးဘူးသလောက်ဖြစ်တဲ့  မေးရကောင်းမှန်းတောင် သိပုံမရတဲ့  မေးခွန်းက ကိုယ့် ဟာကိုယ်သာပြန်ပြန်မေးကြည့် တတ်တယ် ''

'''ကျနော့် သား ရှေ့ တန်းမှာ ကျသွားနိုင်သလား ?  ဥပစ္စေဒကကံ ပါသလား ?  '''ဆိုတာ ကိုယ့် ဟာကိုယ် မေးခွန်းတွေပြန်ထုတ်မိနေတတ်တယ်..ဒီမေးခွန်းမျိုးကို သားကို ဗိုလ်သင်တန်းတက်စေချင်တဲ့  မိဘတွေ အများစု မေးလေ့မေးထ မရှိကြတာများတယ် ...

ဒါတင်မကဘူး တကယ်လို့  ဥပစ္စေဒကကံပါနေတယ်လို့ ဗေဒင်ဆရာက ဟောရင် အကယ်၍သာ ငါသာ အိမ်ထောင်ကျ ငါ့ မှာ သားရှိခဲ့ လို့  ငါ့ သားကို ဗိုလ်သင်တန်းတက်ခိုင်း ဖြစ်ပါ့ မလားလို့ ကိုယ့် ဟာကိုယ်တော့   ပြန်မေးကြည့် တယ်.  အဖြေမရှိ မဖြေတတ် မဖြေနိုင်

ဒီလို မေးခွန်းမျိုးကိုရော ဗိုလ်သင်တန်းတက်စေချင်တဲ့  မိဘက (သို့ ) ဗိုလ်သင်တန်းတက်မဲ့ သူက မေးသင့် သလား မမေးသင့် ဘူးလား တွေးစရာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..